မဲစစ်တမ်းအကြိုကောက်ယူမှုရလဒ်တွင် ဂျပန်ဝန်ကြီးချုပ် အာဘေး၏ ပါတီ အနိုင်ရနေ

မဲစစ်တမ်းအကြိုကောက်ယူမှုရလဒ်တွင် ဂျပန်ဝန်ကြီးချုပ် အာဘေး၏ ပါတီ အနိုင်ရနေ

 

တိုကျို၊ အောက်တိုဘာ ၂၃ ။             ။ လူထုထောက်ခံမှုကို ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးက ပြန်လည်တစ်ခေတ်ဆန်းခြင်းအဖြစ် အောက်တိုဘာ ၂၂ ရက်က ကျင်းပခဲ့သော အထွေထွေရွေးကောက်ပွဲတွင် မဲပေးသူများအား စစ်တမ်းကောက်ယူမေးမြန်းသည့် မဲရလဒ်တွင် အနိုင်ရနေကြောင်း NHK သတင်းဌာနက ဖော်ပြသည်။

ရှင်ဇိုအာဘေး၏ လစ်ဘရယ်ဒီမိုကရက်တစ်ပါတီက အောက်လွှတ်တော် နေရာ ၄၆၅ နေရာတွင် ၂၅၃-၃၀၀ မဲရလဒ် ရရှိထားကြောင်း ယင်းသတင်းက ဆိုသည်။

အာဘေး၏ လူကြိုက်များမှုကို ဖော်ပြသောသ အထွေထွေရွေးကောက်ပွဲသို့ ဂျပန်မဲပေးသူ ပြည်သူများ လာရောက်မဲပေးကြသော်လည်း ဒေသအား အားကောင်းသည့် တိုင်ဖုန်းမုန်တိုင်း ဦးတည်နေခြင်းအားဖြင့် မဲပေးသူဦးရေ လျော့နည်းခဲ့ရသည်။

ပါလီမန် အောက်လွှတ်တော် ပြန်လည်ရွေးကောက်သည့် ယခုမဲပေးရွေးကောက်ပွဲကို ယင်းနေ့ ဒေသစံတော်ချိန် ခုနစ်နာရီတွင် စတင်ခြင်းဖြစ်ပြီး ပြည်သူ ၁၀၆ သန်းအား မဲလာရောက်ပေးကြရန်   နှိုးဆော်တိုက်တွန်းထားသည်။

လက်ရှိတွင် တိုကျိုမြို့တော် တည်ရှိရာ ဂျပန်ကျွန်းစုသို့ အားပြင်းတိုင်ဖုန်းမုန်တိုင်း Lan က ဦးတည်ချည်းကပ်နေပြီး မိုးသည်းထန်စွာရွာသွန်းနေကာ မြေပြိုမှုဘေးများ စိုးရိမ်ရလျက် အချို့သော ပြည်နယ်ဒေသများတွင် ဘေးလွတ်ရာရွှေ့ပြောင်းမှုများ လုပ်ဆောင်နေကြရသည်။

ယင်းပြင် အချို့သော မဲရုံများ ဖွင့်ရန် နှောင့်နှေးမှုများ ရှိနေရာ တောင်ထူထပ်ရာဒေသက မဲရုံများမှာ အချိန်စောစီး ပိတ်ခဲ့ရခြင်းများလည်း ရှိသည်။

နေ့လယ် ၂ နာရီအထိ မဲပေးခဲ့သူဦးရေသည် ၂၁ ဒဿမ ၈၃ ရာခိုင်နှုန်းရှိရာ ၂၀၁၄ ရွေးကောက်ပွဲကထက် ၀ ဒဿမ ၈၃ ရာခိုင်နှုန်း နည်းပါးခဲ့ခြင်းဖြစ်ပြီး မဲပေးသူအရေအတွက်သည် သမိုင်းတွင်အနည်းဆုံးအဖြစ် ၅၂ ဒဿမ ၆ ရာခိုင်နှုန်းသာ ရှိခဲ့ခြင်းဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly