ရုပ်ရှင်ဂီတသုခုမ အနုပညာရှင်များ ရန်ပုံငွေဖျော်ဖြေ ပွဲပြုလုပ်မည်

ရုပ်ရှင်ဂီတသုခုမ အနုပညာရှင်များ ရန်ပုံငွေဖျော်ဖြေ ပွဲပြုလုပ်မည်

ရန်ကုန် ၊ သြဂုတ် ၁၇ ။         ။ “လက်တွဲကူပေး သဘာဝဘေး ရုပ်ရှင် ဂီတ သုခုမ အနုပညာရှင်များ ရန်ပုံငွေ ဖျော်ဖြေပွဲ”ကို သြဂုတ် ၁၈ရက်တွင် ရန်ကုန်မြို့ သာကေတ မြို့နယ်ရှိ Capital Hypermart ၌ ကျင်းပ ပြုလုပ်မည် ဖြစ်သည်။

ထို ရန်ပုံငွေ ဖျော်ဖြေပွဲကို အနုပညာသစ် ပြတိုက် နှင့် Style Plus H သင်တန်းကျောင်းတို့မှ ပူးပေါင်း တင်ဆက် ခြင်း ဖြစ်ပြီး ရေဘေးသင့် ပြည်သူများကို လှူဒါန်းနိုင်ရန် ကျင်းပ ပြုလုပ်ခြင်း ဖြစ်သည်။

ဖျော်ဖြေပွဲတွင် Style Plus H သင်တန်းကျောင်းမှ Mister & Miss များနှင့် Style Plus H သင်တန်းကျောင်းမှ ရွေးချယ် ထားသည့် Miss Tourism Myanmar 2015 ပြိုင်ပွဲ ဝင်များ ၊ Black Diamond Dancer Group ၊ Black Magic မျက်လှည့် အဖွဲ့တို့က ဖျော်ဖြေ တင်ဆက် ကြမည် ဖြစ်သည်။

Style Plus H သင်တန်းကျောင်းမှ မလှနုထွန်းက  "အနုပညာသစ်ပြတိုက် က ကိုမင်းကို နဲ့ ပူးပေါင်းပြီး Charity ပွဲလေး လုပ်ဖြစ် တာပါ။ ဒီပွဲမှာ လှုနု ရဲ့ ကလေး တွေက ရှိုးလျှောက်မယ်။ Miss Tourism Myanmar 2015 ပြိုင်ပွဲဝင် တွေကလည်း ရှိုးလျှောက် ကြမှာပါ" ဟု ပြောသည်။

ရုပ်ရှင် ဂီတ သုခုမ အနုပညာရှင်များ ရန်ပုံငွေ ဖျော်ဖြေပွဲကို နေ့လည် ၁၂နာရီ မှ ည ၇နာရီ အထိ ကျင်းပ ပြု လုပ်မည် ဖြစ်ပြီး ရေဘေးသင့် ပြည်သူများ အတွက် အလှူငွေများ ၊ အသုံးဆောင် ပစ္စည်းများ လည်း လှူဒါန်း နိုင်မည် ဖြစ်သည်။

ဖျော်ဖြေပွဲမှ ရရှိသည့် အလှူငွေများ ၊ အသုံးဆောင် ပစ္စည်းများကို ရေဘေးသင့် ပြည်သူများ ပြန်လည် ထူ ထောင်ရေး အတွက် လှူဒါန်း သွားမည် ဖြစ်သည်။

အနုပညာသစ်ပြတိုက် နှင့် Style Plus H သင်တန်းကျောင်း မှ မောင်မယ် များ ပူးပေါင်း ပြီး စာရေးဆရာမ ဒေါ်သန်းမြင့်အောင် တည်ထောင် ထားသည့် သုခရိပ်မြုံ လူငယ် ဖွံဖြိုးရေး ပရဟိတ ဂေဟာမှ ရင်သွေးငယ် များအတွက် ရန်ပုံငွေဖျော်ဖြေပွဲ ကို ဇူလိုင် ၁၄ရက် နှင့် ၁၅ရက် တို့တွင် Capital Hypermart promotion area၌ ကျင်းပ ပြုလုပ် ခဲ့သေးသည်။

အဆိုပါပွဲတွင် Style Plus H သင်တန်းကျောင်း မှ အလှမောင်မယ် များ၏ Talent showများ ၊ တေးသီချင်း ဖျော်ဖြေမှု များနှင့်  ဖက်ရှင်ရှိုးပွဲများဖြင့် ကျင်းပ ပြုလုပ်ခဲ့ပြီး ရရှိသည့် အလှူငွေ နှင့် ပစ္စည်း များကို ရန်ပုံငွေ ဖျော်ဖြေပွဲ ပြီးစီးပါက သုခရိပ်မြုံ လူငယ် ဖွံဖြိုးရေး ပရဟိတ ဂေဟာမှ ရင်သွေးငယ် များထံ လှူဒါန်း ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly