အိမ်မွေးခွေးက ပြန်ကိုက်ခဲ့သည့် အိမ်ရှင်ကို မီးသတ်တပ်ဖွဲ့ဝင်များ ကယ်တင်

အိမ်မွေးခွေးက ပြန်ကိုက်ခဲ့သည့် အိမ်ရှင်ကို မီးသတ်တပ်ဖွဲ့ဝင်များ ကယ်တင်
Photo-Myanmar Fire Services Department

ရန်ကုန် ၊ အောက်တိုဘာ ၂၂ ။          ။ အင်းစိန်မြို့နယ်တွင်  အိမ်မွေးခွေးတစ်ကောင် စိတ်ရိုင်းဝင်ပြီး ပြန်ကိုက်ခြင်းကြောင့် မိသားစုဝင်များအားမီးသတ်တပ်ဖွဲ့ဝင် များက ကယ်တင်ခဲ့ရကြောင်း သိရသည်။

ယမန်နေ့ ည ၉ နာရီခန့်က အင်းစိန်မြို့နယ်၌ မြို့သစ်(က+ခ) ရပ်ကွက်၊ အိမ်အမှတ်(၂၃၆/က) အိမ်တွင် မွေးမြူထားသည့် ခွေးတစ်ကောင်ကသခင်များကို ပြန်ကိုက်ခဲ့ခြင်း ဖြစ်သည်။

မီးသတ်တပ်ဖွဲ့ကို အကူအညီတောင်းခဲ့ပြီးနောက်  မိသားစုဝင် ၃ ဦးကို မြောက်ပိုင်းခရိုင်မီးသတ်ဦးစီးဌာနမှ မီးသတ်တပ်ဖွဲ့ဝင်များက ကယ်တင်ခဲ့ရခြင်းဖြစ်သည်။

မီးသတ်တပ်ဖွဲ့ဝင်များက အဆိုပါ ခွေးကို ဝိုင်းဝန်းဖမ်းဆီးခဲ့ပြီး လှောင်အိမ်အတွင်းသို့ ထည့်သွင်းပေးခဲ့ကြောင်း၊ခွေးကိုက်ခံရသူအား အင်းစိန်ပြည်သူ့ ဆေးရုံကြီးသို့ ပို့ဆောင်ဆေးကုသစေပြီး   နေအိမ်သို့ ပြန်လည်ပို့ဆောင်ခဲ့ကြောင်း မီးသတ်ဦးစီးဌာန၏ ထုတ်ပြန်ထားချက်အရသိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly