အဲရစ်ဘရုခ်၏ မန်စီးတီးအသင်း သမိုင်းတစ်လျှောက် ဂိုးသွင်းအများဆုံးစံချိန်ကို အဂူရို လိုက်မီ

အဲရစ်ဘရုခ်၏ မန်စီးတီးအသင်း သမိုင်းတစ်လျှောက် ဂိုးသွင်းအများဆုံးစံချိန်ကို အဂူရို လိုက်မီ

အောက်တိုဘာ ၂၂၊ အင်္ဂလန် ။            ။ မန်စီးတီးအသင်းက ဘန်လေအသင်းကို ၃-၀ ဂိုးဖြင့် အနိုင်ရခဲ့သည့်ပွဲတွင် အနိုင်ဂိုးတစ်ဂိုးသွင်းယူပေးခဲ့သောကြောင့် အဂူရိုသည် အဲရစ်ဘရုခ်၏မန်စီးတီးအသင်းသမိုင်းတစ်လျှောက် ဂိုးသွင်းအများဆုံးစံချိန်ကို လိုက်မီခဲ့သည်။

ထိုဂိုးမှာ အဂူရို၏ မန်စီးတီးကစားသမားဘ၀ ၁၇၇ ဂိုးမြောက် သွင်းဂိုးလည်း ဖြစ်သည်။ အဂူရိုသွင်းယူခဲ့သောဂိုးမှာ ပင်နယ်တီသွင်းဂိုးဖြစ်ပြီး ဘာနာဒိုဆေးလ်ဗား၏ဒိုင်ဗင်ထိုးမှုဖြင့် အငြင်းပွားဖွယ်ရရှိခဲ့သော ပင်နယ်တီဖြစ်သည်။

ယခင်က မန်စီးတီးအသင်း၏ ဂိုးသွင်းအများဆုံးကစားသမားဖြစ်သည့် အဲရစ်ဘရုခ်မှာ ၁၉၂၈ ခုနှစ်မှ ၁၉၄၀ ခုနှစ်အထိ ပွဲပေါင်း ၄၅၃ ပွဲကစားပြီး ၁၇၇ ဂိုးသွင်းခဲ့ခြင်းဖြစ်သည်။

အသက် ၂၉ နှစ်အရွယ်ရှိ အဂူရိုမှာမူ ပွဲပေါင်း ၂၆၁ ပွဲဖြင့် ဂိုးပေါင်း ၁၇၇ ဂိုးသွင်းနိုင်ခဲ့ခြင်းဖြစ်သည်။ အဂူရိုမှာ မန်စီးတီးအသင်းတွင် ကစားခဲ့သည့် ခြောက်ရာသီအတွင်း လေးရာသီမှာ ဂိုး ၂၀ နှင့်အထက်သွင်းယူနိုင်ခဲ့သည်။

မန်စီးတီးနည်းပြဂွါဒီယိုလာက အဂူရိုအနေဖြင့် ၎င်းတို့ကို ညစာကျွေးလိမ့်မည်ဟု မျှော်လင့်ကြောင်း အရွှန်းဖောက်ပြောဆိုခဲ့သည်။

ရည်ညွှန်း အီးအက်စ်ပီအန်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly