ဟက်ဒါဖီးလ်ကို မန်ယူရှုံးနိမ့်သင့်သည်ဟု နည်းပြမော်ရင်ဟို ၀န်ခံ

ဟက်ဒါဖီးလ်ကို မန်ယူရှုံးနိမ့်သင့်သည်ဟု နည်းပြမော်ရင်ဟို ၀န်ခံ

အောက်တိုဘာ ၂၂၊ အင်္ဂလန် ။           ။ ဟက်ဒါဖီးလ်အသင်းကို မန်ယူအသင်းရှုံးနိမ့်သင့်သည်ဟု မန်ယူနည်းပြ မော်ရင်ဟိုက ဝန်ခံပြောကြားလိုက်သည်။

ဟက်ဒါဖီးလ်ကွင်းတွင် ကစားခဲ့သည့် ပရီးမီးယားလိဂ်ပွဲစဉ် ၉ တွင် အိမ်ရှင်အသင်းက မန်ယူကို ၂-၁ ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။ ဟက်ဒါဖီးလ်အတွက် အေရွန်မွိုင်းနှင့် ဒီပိုထရီတို့က ဦးဆောင်ဂိုးများသွင်းယူခဲ့ပြီး ရက်ရှ်ဖို့ဒ်က မန်ယူအတွက် ချေပဂိုး သွင်းယူပေးခဲ့သည်။

ယခုရှုံးပွဲမှာ မန်ယူအသင်းအတွက် ယခုနှစ်ရာသီ ပထဆုံးရှုံးပွဲဖြစ်သည်။ ယခုရှုံးပွဲကြောင့် မန်ယူအသင်းမှာ အမှတ်ပေးဇယားထိပ်ဆုံးမှ မန်စီးတီးအသင်းနှင့် ငါးမှတ်ကွာဟသွားပြီဖြစ်သည်။

“ဟက်ဒါဖီးလ်အသင်းက ကျွန်တော်တို့အသင်းထက် အနိုင်ရလိုစိတ်ပိုပြင်းပြီး ပိုမိုစိတ်အားထက်သန်ပါတယ်။ ဒါကို ကျွန်တော်တို့ လက်မခံနိုင်ပါဘူး။

ဟက်ဒါဖီးလ်ကစားသမားတွေရဲ့ကစားပုံကို ကျွန်တော်တကယ်ကြိုက်ပါတယ်။ သူတို့ကစားပုံက အရာအားလုံးပြည့်စုံပါတယ်။ စိတ်အားထက်သန်မှု၊ အနိုင်ရလိုစိတ်၊ လှုံ့ဆော်မှု၊ အစွမ်းကုန်ကြိုးစားမှု အားလုံးပါပဲ။ ကျွန်တော်တို့ကတော့ အဲ့ဒီလို မလုပ်နိုင်ခဲ့ပါဘူး။ ဒါကြောင့်သူတို့ အနိုင်နဲ့ထိုက်တန်ပါတယ်။ အနိုင်ရခဲ့ပါတယ်။ ရှင်းရှင်းလေးပါပဲ” ဟု မော်ရင်ဟိုက ပြောသည်။

ဟက်ဒါဖီးလ်နှင့်ပွဲတွင် မန်ယူအသင်းသားများ၏ စိတ်ဓာတ်ပိုင်းအားနည်းမှုကို မော်ရင်ဟိုက ဝေဖန်သွားခဲ့သည်။

ရည်ညွှန်း ဒေးလီးမေးလ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly