ထိုင်းဘုရင်ကြီး ဘူမိဘော မီးသဂြိုဟ်စျာပနာအခမ်းအနားအတွက် ကြိုတင်ဇာတ်တိုက်လေ့ကျင့်

ထိုင်းဘုရင်ကြီး ဘူမိဘော မီးသဂြိုဟ်စျာပနာအခမ်းအနားအတွက် ကြိုတင်ဇာတ်တိုက်လေ့ကျင့်

နတ်ရွာစံ ထိုင်းဘုရင်ကြီး ဘူမိဘောအား လာမည့် အောက်တိုဘာ ၂၆ ရက်တွင် မီးသဂြိုဟ်ဈာပနာချတော့မည်ဖြစ်ရာ ဘုရင်ကြီး၏ ဈာပနာအခမ်းအနားအတွက် ကြိုတင်ဇာတ်တိုက်လေ့ကျင့်မှုများ လုပ်ဆောင်သည်။

နိုင်ငံတော် ရုံးပိတ်ရက်အဖြစ် ကြေညာထားသော အဆိုပါ နေ့ရက်တွင် နိုင်ငံတကာမှ ဂုဏ်သရေရှိပုဂ္ဂိုလ်တော်ကြီးများလည်း တက်ရောက်ကြမည်ဖြစ်သည်။

ဘုရင်ကြီး၏ လောင်တိုက်တော်ကို ဘန်ကောက်မြို့ဟောင်းရှိ တော်ဝင်နန်းတော်ရာ ရှေ့တွင် တည်ဆောက်ထားသည်။ ဆယ်လကျော်ကြာ အချိန်ယူပြီး အံ့မခန်းထည်ဝါစွာ တည်ဆောက်ထားသော လောင်တိုက်တော်တွင် နတ်သား၊ နတ်သမီးရုပ်တုများအပြင် ဘုရင်ကြီး၏ အချစ်တော် ခွေး ရုပ်တုများကိုလည်း ထားရှိထားသည်။

ဘုရင်ကြီး ဘူမိဘောသည် ၁၉၄၆ ခုနှစ်မှစကာ ထိုင်းနိုင်ငံ ထီးနန်းအား စိုးစံခဲ့ခြင်းဖြစ်သည်။ ထိုင်းနိုင်ငံ၏ နိုင်ငံရေး အကွဲအပြဲများကြားတွင် ငြိမ်းချမ်းရေး ပြယုဂ်အဖြစ် ထိုင်းပြည်သူများက ဘုရင်ကြီး ဘူမိဘောကို ဖခင်သဖွယ် ချစ်မြတ်နိုးကြည်ညိုကြသည်။

ဘုရင်ကြီး ဘူမိဘောသည် ထီးနန်းအား နှစ်ပေါင်း ၇၀ ကျော် စိုးစံခဲ့ပြီးနောက် ၂၀၁၆ အောက်တိုဘာ ၁၃ ရက်တွင် ကံတော်ကုန် နတ်ရွာစံခဲ့ခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags