ကျွဲကောပင် စိုက်ပျိုးရေး အပိုင်း(၁)

21 October 2017
ကျွဲကောပင် စိုက်ပျိုးရေး အပိုင်း(၁)

                      

ကံကောင်းပင်လို့ခေါ်တဲ့ ကျွဲကော်ပင်ဟာ နှစ်ရှည်သီးနှံတစ်မျိုးဖြစ်ပါတယ်။ အနှစ် သုံးဆယ် အထိ စိုက်ပျိုး ဖြစ်ထွန်းနိုင်ပါတယ်။ မြေအနေအထား ကတော့ မြေစီးဆန်တဲ့ နှုန်းမြေကို ကြိုက်နှစ်သက် ပါတယ်။ ပူအိုက်စွတ်စိုတဲ့ ရာသီဥတုဟာ ကျွဲကောပင် စိုက်ပျိုးဖို့ သင့်တော်ပါတယ်။

 အရသာရှိပြီး ဈေးကွက်ဝင်တဲ့ ကျွဲကောသီး ရရှိဖို့အတွက် ပျိုးပင်ရွေး ချယ်တဲ့နေရာမှာ ရောဂါရှင်းတဲ့ မျိုးသန့်တဲ့ အပင်တွေ ရရှိဖို့လို အပ်ပါတယ်။ ကျွဲကောပင်ကို အစေ့ကနေစိုက်ပျိုးလို့ ရသလို မြေထုတ်စည်းပြီး ကိုင်းကူးတဲ့ နည်းနဲ့လည်း စိုက်ပျိုးလို့ရပါတယ်။

အစေ့ကနေ စိုက်ပျိုးမယ်ဆိုရင်တော့ အပင်ဖြစ်ထွန်းဖို့ အချိန်ကြာတဲ့အတွက် စိုက်ပျိုးပြီး ငါးနှစ်ကနေမှ စပြီးအသီးသီးပါတယ်။ ကိုင်းကူးစိုက်ပျိုး မယ်ဆိုရင် တော့ သုံးနှစ်ကနေ အသီးသီးတဲ့အတွက် အချိန်ကုန် သက်သာတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ကိုင်းကူး စိုက်ပျိုးခြင်းဟာ အပင်ကြီးထွားနှုန်းမြန်ပြီး။ အသီးလည်း ပိုဖြစ်ထွန်းပါတယ်။

အပင်တစ်ပင်နှင့် တစ်ပင်ကို အနည်းဆုံးပေ ၂၀ ခန့်ခွာပြီး စိုက်ပျိုးသင့်ပါတယ်။ တစ်ဧကကို ကျွဲကော အပင် ၁၀၀  စိုက်ပျိုးနိုင်ပြီး၊ ခန့်မှန်းကုန်ကျစာရိတ်အနေနဲ့ကတော့ ငွေကျပ်ငါးသိန်းမျှ ရှိတယ်လို့ သိရပါတယ်။

ကျွဲကောစိုက်ပျိုးသင့်တဲ့ အချိန်တွေကတော့ ဇွန်လနှင့် ဇူလိုင်လတွေမှာ စိုက်ပျိုးနိုင်ပါတယ်။ ဒီဇင်ဘာလနှင့် ဇန်နဝါရီလတွေကတော့ အပွင့်ပွင့်ပြီး အသီးသီးတဲ့ ကာလတွေပဲ ဖြစ်ပါတယ်။

နှစ်စဉ် ဇူလိုင်လနှင့် သြဂုတ်လတွေမှာ အသီးကို ခူး ဆွတ်နိုင်ပြီး၊ အသီးခူးကာလဟာ ၂ လလောက်ကြာမြင့် တယ်လို့လဲသိရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly