ဆေးရွက်ကြီး သောက်သုံးမှုရဲ့ စွဲလမ်းစေတဲ့ပုံစံများ

ဆေးရွက်ကြီး သောက်သုံးမှုရဲ့ စွဲလမ်းစေတဲ့ပုံစံများ

ရေးသားသူ Yun Sandi Nan Mon
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. K Zin Thwe

ဆေးလိပ်စွဲမှုက အခုခေတ်ခါမှာတော်တော် လေးခေတ်စားလာပါတယ်။ လူငယ်တွေအကြား မှာပိုခေတ်စားလာပါတယ်။ အခုခေတ်မှာ တီထွင်လိုက်တဲ့ဆေးလိပ် အစားထိုးနည်းလမ်းတွေက စီးကရက်ထက်ပိုပြီးသဘာဝဆန်ပြီး ဘေးကင်းတယ်လို့ ယူဆနေကြပေမယ့် တကယ်တော့မဟုတ်ပါဘူး။

Waterpipes smoking (ဆေးရွက်ကြီးကို အပူပေးအငွေ့ရှူသော နည်းလမ်း)

Hookahs၊ narghiles၊ shishas ဒါမှမဟုတ် gozas လို့သိကြတဲ့ Waterpipes ဟာ တရုတ်၊ အိန္ဒိယ၊ ပါကစ္စတန်နဲ့အရှေ့အလယ်ပိုင်းနိုင်ငံတွေမှာ တွေ့ရများပါတယ်။ ကမ္ဘာတလွှားက လူငယ်တွေအကြားမှာ ပိုပြီးလူသိများပါတယ်။ Waterpipes ကိုဆေးရွက်ကြီးသုံးစွဲမှုဆိုင်ရာ ပုံစံအသစ်တစ်ရပ်အနေနဲ့ သတ်မှတ်ယူဆနေကြတာဖြစ်ပါတယ်။ Waterpipes မှာအသုံးပြုထားတဲ့ ဆေးရွက်ကြီးကို ပျားရည်လိုမျိုး ချိုတဲ့အရာတွေနဲ့ ရောစပ်ထားပါတယ်။ ဆေးရွက်ကြီးကို Waterpipes ရဲ့ခွက်ထဲကိုထည့်ပြီးအပူပေးတာက နေထွက်လာတဲ့အငွေ့ကို ရှုရှိုက်သွင်းတာဖြစ်ပါတယ်။

Waterpipe အငွေ့ရှူရှိူက်နည်း က လူမှုအလေ့အထ တစ်ရပ်လိုတောင်ဖြစ်နေပါတယ်။ ကော်ဖီဆိုင် တွေ၊ဘားတွေမှာ သူငယ်ချင်းတွေစုပြီး Waterpipe smoking လုပ်လေ့ရှိကြပါတယ်။ ဒီနည်းလမ်းကိုဘေးကင်းတဲ့ ဆေးရွက်ကြီး သုံးစွဲနည်းလို့မှတ်ယူထားကြ ပေမယ့် မဟုတ်ပါဘူး။ Waterpipe smoking လုပ်တာက ပုံမှန်ဆေးလိပ်သောက်တာထက်အချိန်ပိုကြာ ပါတယ်။ သဘောတော့ ခန္ဓာကိုယ်တွင်ကို ဆေးလိပ်ငွေ့ရောက်ရှိမှုကပုံမှန်ဆေးလိပ်သောက် တာကြောင့်ခန္ဓာကိုယ်ထဲက ဆေးလိပ်ငွေ့ ဝင်ရောက်မှုထက်ပိုပြီးဝင်ရောက်နိုင်တယ်ဆိုတာပဲ ဖြစ်ပါတယ်။ Waterpipe smoking ကဆေးလိပ် ငွေ့ ကိုပိုပြီးရှိုက်ရှုမိစေတာကြောင့် အဆုတ်ရောဂါ ပိုမိုခံစားရစေနိုင်ပါတယ်။ဆေးလိပ်သောက်သုံးမှု ကြောင့်ဖြစ်ပေါ်ခံစားရနိုင်တဲ့ ဝေဒနာတွေ ဖြစ်နိုင်ခြေကိုတိုးစေပါတယ်။ Waterpipe smoking ကစီးကရက်ထက် ကာဗွန်မိုနောက်ဆိုဒ် နဲ့ထိတွေ့မှုပိုများစေပါတယ်။ Waterpipe ထဲမှာအသုံးပြုထားတဲ့ ဆေးရွက်ကြီးမှာ cadmium လိုမျိုး အန္တရာယ်ရှိတဲ့ ဓာတ်ပစ္စည်း တွေ အများအပြားပါဝင်နေပါတယ်။ Waterpipe smoking လုပ်တဲ့အခါ ဆေးတံကိုအတူမျှသုံးတာကြောင့် ကူးစက်ရောဂါဖြစ်နိုင်ခြေ ပိုများစေပါတယ်။

လေးညှင်းစီးကရက်

လေးညှင်း စီးကရက်လို့သိကြတဲ့ Kreteks ကို အင်ဒိုနီးရှားနိုင်ငံကနေ အများဆုံးတင်သွင်း တာဖြစ်ပါတယ်။ လေးညှင်းစီးကရက်တွေမှာ များသောအားဖြင့် လေးညှင်း ၃၀ ရာခိုင်နှုန်းကနေ ၄၀ ရာခိုင်နှုန်း နဲ့ဆေးရွက်ကြီးက ၆၀ ရာခိုင်နှုန်းကနေ ၇၀ ရာခိုင်နှုန်းအထိပါဝင်ပါတယ်။ ဒီဆေးတံ တွေမှာ လေးညှင်းဆီနဲ့အခြားစွဲလမ်းစေတတ်တဲ့ အရာတွေပါဝင်နေပါတယ်။ လေးညှင်းစီးကရက် တွေမှာ စီးကရက်ထက် နီကိုတင်း၊ ကတ္တရာစေးနဲ့ကာဗွန် မိုနောက်ဆိုဒ်တွေ ပိုမိုပါဝင်နေပါတယ်။ လေးညှင်းစီးကရက် သောက်သုံးမှုက အဆုတ်ကင်ဆာနဲ့ အခြားအဆုတ်ရောဂါတွေကို ဖြစ်ပေါ်ခံစားရနိုင် စေပါတယ်။

ဆေးပေါ့လိပ်

ဆေးပေါ့လိပ်ဆိုတာက အရှေ့တောင် အာရှမျိုးရင်းပင် တစ်မျိုးဖြစ်တဲ့ temburini အရွက်ထဲမှာ အရသာထည့်သွင်းထားတဲ့ ဆေးရွက်ကြီး ဒါမှမဟုတ် အရသာ မထည့် ထားတဲ့ ဆေးရွက်ကြီးကို ထည့်ပြီး လက်နဲ့ လိပ်ထားတဲ့ ရှည်ရှည်သွယ်သွယ် စီးကရက်တစ်မျိုးပဲဖြစ်ပါတယ်။ ထိပ်နှစ်ဖက်ကို ကြိုးနှင့် ချည်ထားပါတယ်။ သူတို့မှာ သရက်သီး၊ ဗနီလာနဲ့ စတော် ဘယ်ရီလိုမျိုး အရသာအမျိုးမျိုးထည့်သွင်း ပြုလုပ် ထားပါတယ်။ လူငယ်ဆေးလိပ်သောက်သုံးသူ တွေဟာ သည်စီးကရက်ကို အခြားစီးကရက် ထက် ဈေးသက်သာတာကြောင့် အပျော်သဘော နဲ့သောက်သုံးကြပါတယ်။
ဆေးပေါ့လိပ် သောက်သုံးမှုကနေရလာတဲ့ ဆိုးကျိုး ကတော့ရယ်စရာမဟုတ်ပါဘူး။ ဒီ စီးကရက်လေး တွေကပုံမှန်စီးကရက်တွေထက် အရွယ်အစား သေးပေမယ့် ဆေးလိပ်ငွေ့ကိုရှိုက်တဲ့အခါ ပုံမှန်ဆေးလိပ်ထက် ၃ ဆလောက်ပိုများ နေပါတယ်။ အဆုတ်ထဲကိုဆေးလိပ်ငွေ့ရောက်ရှိ တဲ့ပမာဏပိုများပါတယ်။ သည်ဆေးလိပ်မှာ ဆေးရွက်ကြီးပါဝင်မှုနည်းတာကြောင့် ကတ္တရာစေး၊ အမိုနီးယားနဲ့ကာဗွန်မိုနောက်ဆိုဒ် ကလိုမျိုး အန္တရာယ်ရှိတဲ့ ဓာတုပစ္စည်းတွေ အများအပြားပါဝင်နေပါတယ်။ ဆေးပေါ့လိပ် သောက်သုံး သူတွေမှာ အခြား စီးကရက်သောက်သူတွေလိုပဲ ရောဂါတွေဖြစ်ပေါ်ခံစားရနိုင်ပါတယ်။

အီးစီးကရက်

အီးစီးကရက် က အရည် နီကိုတင်းကို အငွေ့အနေနဲ့ ပြောင်းလဲ ရှိုက်သွင်းတာဖြစ်ပါတယ်။ လူကြိုက်များ တာကတော့ တအားပါပဲ။ အချို့ဆေးလိပ်သမား တွေက အပြောင်းအလဲအနေနဲ့ အီးစီးကရက် ကိုသောက်သုံးကြပါတယ်။ ဆေးလိပ်ဖြတ်ဖို့အထောက်အကူပြုတဲ့အနေနဲ့ သောက်သုံးကြတာလည်းဖြစ်ပါတယ်။
လေ့လာမှုနှစ်ရပ်အရ ၆လ အတွင်းဆေးလိပ် ဖြတ်တဲ့ ခါ အီးစီးကရက် သုံးတဲ့နှုန်းက နီကိုတင်းမပါသော ဗလာဆေးပြားများကို သုံးသူတွေထက် ပိုများနေတာကိုတွေ့ရှိရပါတယ်။ လေ့လာမှုတစ်ရပ်မှာ အီးစီးကရက် ကို ၆ လကြာသောက်သုံးမှုက ဆေးရွက်ကြီး ဆေးပြား ငုံသလိုမျိုးပဲ ထိခိုက်မှုရှိတာကိုတွေ့ရ ပါတယ်။ အီးစီးကရက် သောက်တာက ဆေးလိပ်ဖြတ်နိုင်အောင် အထောက်အကူပြုနိုင်မှု နှင့် ဘေးအန ္တရာယ်ကင်းမှုကို လုံလောက်သော အထောက်အထားများကို မတွေ့ရှိရပါ။

ဆေးပြင်းလိပ် ပဲဖြစ်ဖြစ်၊ လေးညှင်းစီးကရက်ပဲဖြစ်ဖြစ် မည့်သည့်စီးကရက်ကမှ ဘေးကင်းစိတ်ချရမှု မရှိပါ။ ဆေးလိပ်ငွေ့မထွက်တဲ့ နည်းတွေ တောင်မှ အန ္တရာယ် ရှိနေပါသေးတယ်။ သင်ယခု ဆေးလိပ်သောက်နေတယ်ဆိုရင် ဘေးကင်းအောင်လုပ်လို့ရတဲ့ နည်းလမ်းမရှိပါဘူး။ နီကိုတင်းအစားထိုးတဲ့နည်းလမ်းတွေ ရွေးရွေး၊ မတူကွဲပြားတဲ့ နည်းလမ်းသစ်တွေပဲ ရွေးရွေး တကယ်တမ်းတော့ သင့်အတွက် အကောင်းဆုံးရွေးချယ်မှုက ဆေးလိပ်ဖြတ်ခြင်းပဲဖြစ်ပါတယ်။

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly