Myanmar Employer Awards အတွက် Wall Street English နှင့် Luther Law Firm တို့က ပလက်တီနမ်စပွန်ဆာများအဖြစ် ပံ့ပိုးမည်

Myanmar Employer Awards အတွက် Wall Street English နှင့် Luther Law Firm တို့က ပလက်တီနမ်စပွန်ဆာများအဖြစ် ပံ့ပိုးမည်

 

နိုင်ငံတကာစံချိန်နှင့်ညီသော အလုပ်သမားအခွင့်အရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးအတွက်ဟုဆိုကြသည်

၂၀ ရက်၊ အောက်တိုဘာ၊ ၂၀၁၇ ခုနှစ်။ ရန်ကုန်၊ မြန်မာ။      ။မြန်မာနိုင်ငံတွင်အကောင်းဆုံးသောအလုပ်လုပ်ကိုင်ရန်နေရာကောင်းများနှင့် အလုပ်ရှင်များက ၎င်းတို့၏   ခေါင်းဆောင်မှုကောင်းများကိုဖော်ပြနိုင်ရန်အတွက် မြောက်များစွာသောဆုနေရာများကိုယဉ်ပြိုင်ကြမည့် မြန်မာနိုင်ငံ၏ပထမဆုံးသော Myanmar Employer Awards 2017 ပွဲကြီးတွင် Wall Street English နှင့် Luther Law Firm တို့က ပလက်တီနမ်စပွန်ဆာများအဖြစ်တရားဝင် အမည်စာရင်းတင်သွင်းလိုက်ပြီဖြစ်သည်။

“Wall Street English နဲ့ Luther Law Firm တို့ ပလက်တီနမ်စပွန်ဆာများအဖြစ် ခုလိုပါဝင်လာတဲ့အတွက် ဂုဏ်ယူရပြီးအရမ်းစိတ်လှုပ်ရှားရပါတယ်။”ဟု JobNet.com.mm ၏ မန်းနေးဂျင်းဒါရိုက်တာ Matt De Luca ကပြောသည်။

ဆက်လက်၍ ၎င်းက “Wall Street English ဟာဆိုရင် မြန်မာနိုင်ငံမှာသာမက နိုင်ငံတကာမှာပါလေးစားရတဲ့ အင်္ဂလိပ်စာသင်တန်းကျောင်းဖြစ်ပါတယ်။ အင်္ဂလိပ်ဘာသာစကား ကျွမ်းကျင်မှုဟာလည်း အလုပ်အကိုင်အခွင့်အလမ်းတွေကိုပိုမိုဖန်တီးပေးပါတယ်။ နောက်ပြီးတော့ ပြည်တွင်းကုမ္ပဏီတွေကို နိုင်ငံတကာအဆင့်မြင့်တင်ရာမှာလည်းအရေးကြီးပါတယ်။”ဟုပြောကြားခဲ့သည်။

Myanmar Employer Awards သည် ပြည်တွင်းနှင့် ပြည်တွင်းအခြေစိုက်နိုင်ငံတကာကုမ္ပဏီများကို နိုင်ငံတကာစံနှုန်းမှီသောအလုပ်သမားအခွင့်အရေးများ၊ ဝန်ထမ်းများအတွက် အလုပ်အကိုင် အခွင့်နေရာကောင်းများဖန်တီးပေးနိုင်မှု၊ စွမ်းရည်မြှင့်တင်ပေးနိုင်မှု စသောအခြေအနေများကိုဖြစ်ပေါ်စေ၍ မှန်ကန်သောအလုပ်သမားဈေးကွက် စနစ် ပေါ်ပေါက်လာစေရန် ကူညီပေးနိုင်မည်ဟု Luther Law Firm က ယုံကြည်ထားသည်။

Luther Law Firm ၏ ရှေ့နေဖြစ်သူAlexander Bohuschကမူ “Luther အနေနဲ့ မြန်မာနိုင်ငံရဲ့ အလုပ်သမားဈေးကွက်ကို မြှင့်တင်ပေးချင်တယ်၊ ပြီးတော့ အလုပ်သမားဥပဒေအားကောင်းလာပြီးခိုင်မာတဲ့ ပုဂလိကကဏ္ဍဖွ့ံ့ဖြိုးတိုးတက်ရေးသာမက နိုင်ငံတကာနဲ့ တန်းတူဖြစ်စေမယ့် လုပ်ငန်းခွင်လုံခြုံစိတ်ချရမှုအခြေနေတွေ၊ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးရေးတွေကိုထောက်ပံ့လိုတာကြောင့်လည်းဖြစ်ပါတယ်။”ဟုပြောသည်။

Wall Street English  အကြောင်း

Wall Street English သည် ကမ္ဘာပေါ်ရှိတစ်ဦးချင်းဖြစ်စေ၊ အသင်းအဖွဲ့ ဖြစ်စေထူးခြားကောင်းမွန်သောအင်္ဂ လိပ်စာသင်ယူလေ့လာခြင်းကိုလုပ်ဆောင်ပေးနေပါသည်။ ကျွနု်ပ်တို့၏ထူးခြားကောင်းမွန်သော MULTIMETHOD သင်ကြားရေးစနစ် သည် အင်္ဂလိပ်စာသင်ယူလေ့လာလိုသောလူငယ်လူလတ်ပိုင်းများအတွက် အကောင်းဆုံးနှင့် အထိရောက်ဆုံးသင်ကြားမှုနည်းစနစ်များကိုပေါင်းစပ်ထားခြင်းဖြစ်ပါသည်။

ပထမဦးဆုံး Wall Street English သင်တန်းကျောင်းကိုအီတလီနိုင်ငံမင်လန်မြို့ တွင်ဖွင့်လှစ်ခဲ့ပါသည်။ အီတလီရှိပထမဆုံးဖွင့်လှစ်ခဲ့သော Wall Street English သည် အလွန် လျင် မြန်စွာအောင်မြင်မူရရှိခဲ့သောကြောင့် (၂)နှစ် တာကာလအတွင်းအီတလီနိုင်ငံတစ်ဝှမ်းတွင် သင်တန်းကျောင်းပေါင်း (၂၄)ခုကိုဖွင့်လှစ်နိုင်ခဲ့ ပါသည်။ ၁၉ရာစု နှောင်းပိုင်းတွင် Wall Street English သင်တန်းကျောင်းများကိုအရှေ့အလယ်ပိုင်းနှင့် အာရှနိုင်ငံများသို့ တိုးချဲ့ဖွင့်လှစ်နိုင်ခဲ့ပါသည်။

Luther Law Firm အကြောင်း

Luther Law Firm သည် ဂျာမနီနိုင်ငံတွင် ရုံးချုပ်တည်ရှိပြီးရှေ့နေနှင့် အခွန်ဆိုင်ရာအကြံပေပညာရှင် ၃၅၀ ကျော်စုဝေးထားသော စီးပွားရေးနှင့်ဆိုင်သောဥပဒေအကျိုးဆောင်အဖွဲ့တစ်ခုဖြစ်သည်။ Luther Law Firm သည်စီးပွားရေးဆိုင်ရာကိစ္စများတွင် ဥပဒေရေးရာအကြံပေးမှုများကိုဆောင်ရွက်ပေးသည်။ လတ်တလောတွင် Luther Law Firm သည်ဥရောပရှိအထက်ကရနေရာများဖြစ်သောလန်ဒန်၊ ဘရပ်ဆဲလ်၊ လူဇင်ဘတ် နှင့် အာရှဈေးကွက်နေရာများဖြစ်သောရှန်ဟိုင်း၊ စင်ကာပူနှင့် ရန်ကုန်ကဲ့သို့ နေရာများသို့ ဈေးကွက်ချဲ့ထွင်လာနေပြီဖြစ်သည်။

ကုမ္ပဏီများ

Myanmar Employer Awards အတွက် လျောက်လွှာတင်ခဲ့သောကုမ္ပဏီများသည် အစားအသောက်နှင့် အဖျော်ယမကာလုပ်ငန်း၊ခရီးသွားလုပ်ငန်း၊ ဆက်သွယ်ရေးလုပ်ငန်း၊ FMCG ၊ ဖြန့်ချီရေးလုပ်ငန်းများ၊ ငွေကြေး ဝန်ဆောင်မှု လုပ်ငန်းများ၊ ဘဏ်များ၊ ဥပဒေအကျိုးဆောင်လုပ်ငန်းများ၊ ဆေးဝါးလုပ်ငန်းများ၊ ပညာရေးနှင့် သင်တန်းကျောင်းများ၊ နိုင်ငံအသီးသီးမှ ကုန်သည်အသင်းများ၊ လျှပ်စစ်လုပ်ငန်းများ၊ ဆောက်လုပ်ရေးလုပ်ငန်းကုမ္ပဏီများ၊ဆေးကုသမှုဝန်ဆောင်မှုလုပ်ငန်းများစသည့် များပြားလှသောကဏ္ဍများအတွက် လျောက်လွှာဖောင်များတင်ခဲ့ကြသည်။

အကဲဖြတ်လုပ်ငန်းစဉ်

အကဲဖြတ်လုပ်ငန်းစဉ်ကို နိုင်ငံတော်သမ္မတ၏ အကြံပေးဟောင်းလည်းဖြစ်၊ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာကျွမ်းကျင်သူလည်း ဖြစ်သောဆရာကြီးပါမောက္ခဒေါက်တာအောင်ထွန်းသက်ကဦးဆောင် သည်။ ဆရာကြီးသည် အခြားသောအကဲဖြတ်ဒိုင်များကိုဦးဆောင်၍ ပွင့်လင်းမြင်သာပြီးတရားမျှတသောအကဲဖြတ်လုပ်ငန်းစဉ်များကိုလုပ်ဆောင်မည်ဖြစ်သည်။

Myanmar Employer Awards ကိုကူညီပံ့ပိုးကြသူများ

ကျွနု်ပ်တို့၏ ပလက်တီနမ်စပွန်ဆာများဖြစ်ကြသော Luther ဥပဒေအကျိုးဆောင်အဖွဲ့၊ Wall Street English တို့နှင့် ရွှေစပွန်ဆာများအဖြစ် Samsung and Power House Fitness Club တို့ကပံ့ပိုးပေးထားသည်။ ထို့အပြင် အထောက် အကူပြုစပွန်ဆာအဖြစ် မြန်မာနိုင်ငံ ဗြိတိန်ကုန်သည်ကြီးများအသင်းက ပါဝင်ပေးထားသည်။ ပွဲနေရာထိုင်ခင်းစပွန်ဆာအဖြစ် ဆူးလေရှန်ဂရီလာဟိုတယ်မှ ထောက်ပံ့ပေးထားပြီး Verifying ပါတနာအဖြစ် Deloitte ToucheMyanmar ကပါဝင်ကူညီပေးထားသည်။

Myanmar Employer Awards ဆိုသည်မှာ

Myanmar Employer Awards သည် အကောင်းဆုံးသောလုပ်ငန်းရှင်များနှင့် ပင်ကိုယ်စွမ်းရည် စီမံခန့်ခွဲမှုများအပေါ် ၎င်းတို့၏သူမတူစွမ်းရည်များနှင့် ကတိက ဝတ်များ ဖြည့်ဆည်းမှုအတွက် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် နယ်ပယ် အသီးသးီရှိအလုပ်ရှင်များကို ဆုများချီးမြှင့်ခြင်းဖြစ်သည်။

နိုင်ငံတကာနှင့် ပြည်တွင်းကုမ္ပဏီများအနေဖြင့် ၎င်းတို့၏ အလုပ်သမားများကိုအကောင်ဆုံးစောင့်လျောက်နိုင်မှု၊ အလုပ်အကိုင်ပေးနိုင်မှု၊ ဆွဲဆောင်နိုင်မှု၊ စသောအလေ့အကျင့်ကောင်းများအတွက် ၎င်းတို့ကိုယ်တိုင်ကိုယ်ကျ အစီစဉ်များချမှတ်ဆောင်ရွက်ခြင်းအတွက် လွတ်လပ်မျှတစွာဆုံးဖြတ်မည့် ငါးလကြာအစီအစဉ်တစ်ခုဖြစ်သည်။ ဆုရွေးချယ်ရာတွင် နောက်ဆုံးကျန်ရှိသည့် ကုမ္ပဏီများစာရင်းကိုလာမည့် နိုဝင်ဘာလအတွင်း ကြေငြာပေးသွားမည်ဖြစ်ပြီးလာမည့်ဒီဇင်ဘာလ ၉ ရက်နေ့ညတွင် ရန်ကုန်မြို့ ဆူးလေရှန်ဂရီလာဟိုတယ်တွင် ခမ်းနားစွာကျင်းပပေးသွားမည်ဖြစ်သည်။ အဆိုပါ Myanmar Employer Awards ကိုJobNet.com.mm က ဦးဆောင်ကျင်းပခြင်းဖြစ်သည်။

JobNet.com.mmအကြောင်း

JobNet.com.mmဟာမြန်မာ့ဦးဆောင်ရှေ့ပြေးအွန်လိုင်းအလုပ်အကိုင်ဝဘ်ဆိုဒ်ကြီးတစ်ခု ဖြစ်ပြီးလစဉ် ဝင်ရောက် ကြည့်ရှု့သူပေါင်း ၄ သိန်းကျော်ရှိပြီးအလုပ်လျှောက်လွာပေါင်း ၆ သောင်းကျော် ရရှိသောဝဘ်ဆိုဒ်ကြီးဖြစ်ပါတယ်။ မြန်မာနိုင်ငံရှိကြီးမားသောအလုပ်သမားခေါ်ယူသူများအနေနဲ့ လည်းJobNetအားအဓိကထားအားကိုးအသုံးပြုနေ ကြပြီဖြစ်ပါတယ်။ JobNetအနေနဲ့လည်း မြန်နှုန်းမြင့်တိုးတက်မှုဖြင့် မြန်မာ နိုင်ငံဈေးကွက်အတွင်းရှိ အရည်အသွေး မြင့် ကျွမ်းကျင်အဆင့်ရှိ အလုပ်သမားရှာဖွေရာမှာအဆင့်မြင့်ပြီးအကောင်းမွန်ဆုံးဝဘ်ဆိုဒ် အဖြစ်ပိုမိုရှင်းလင်းသိသာလာစေခဲ့ပြီဖြစ်ပါတယ်။

JobNet.com.mmဟာ အိမ်ခြံမြေဝဘ်ဆိုဒ်ဖြစ်တဲ့ ShweProperty.comကဲ့သို့ပင် MM One Online Group ရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်။ နိုင်ငံပေါင်း ၁၅ နိုင်ငံအတွင်း နှစ်ပေါင်း ၂၀ ကျော်အတွေ့အကြုံများ၊ အပြည်ပြည် ဆိုင်ရာအသိအမှတ်ပြုခံရသောအတွေ့အကြုံရင်ကျွမ်းကျင်ပညာရှင်များနှင့် CEO ဖြစ်သူ Justin Sway ရဲ့ဦးဆောင်မှုတို့ကြောင့် မြန်မာ့တိုးတက်မှုအမြန်ဆုံးအင်တာနက်စီးပွားရေးကွန်ရက်များအဖြစ်ရပ်တည်နေပြီဖြစ်ပါတယ်။

Matt De Luca အကြောင်း

Matt De Luca ဟာJobNet.com.mmရဲ့မန်နေးဂျင်းဒါရိုက်တာတစ်ဦးဖြစ်ပါတယ်။ သူဟာPricewaterhouseCoopers (PWC) ရဲ့ Management Consulting Division ပိုင်းမှာအလုပ်စတင် လုပ်ကိုင်ခဲ့ပြီး ၂၀၁၅ ခုနှစ်ကစတင်ပြီးJobNet၏Co-founderအဖြစ်စတင်ခဲ့သည်။

သူ့အနေနဲ့နယ်သာလန်နိုင်ငံမှာ Banking လုပ်ငန်းများအပေါ် Technology အခန်းကဏ္ဍ၏ အကျိုးသက် ရောက်မှုနှင့် ပတ်သက်ပြီးအထူးတာဝန်ယူလုပ်ဆောင်ခဲ့သည်။ Matt သည် JobNetကိုဝင်ရောက် မလုပ်ကိုင်မှီ မြန်မာနိုင်ငံအတွင်းစီးပွားရေးဝင်ရောက် လုပ်ကိုင်မှုအဖြစ် Rocket Internet ရဲ့ အလုပ်အကိုင်ဆိုဒ်တစ်ခုတွင်လုပ်ကိုင်ခဲ့ဖူးသည်။ Matt သည် Erasmus University၊ Rotterdam School of Management မှ Science in Finance ဘာသာရပ်တွင် Master ရရှိထားသူလည်းဖြစ်ပြီးရန်ကုန်တွင်အခြေချနေထိုင်ကာJobNet.com.mmကိုဦးဆောင်လျှက်ရှိသည်။#####

မီဒီယာစုံစမ်းမေးမြန်းမှုများအတွက်

ဆက်သွယ်ရန် - ကိုမှူးအိမ်ဇော်

ဖုန်း - 09425352153

Email – [email protected]

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly