ရခိုင်လွတ်မြောက်ရေးပါတီ ဗဟိုအလုပ်အမှုဆောင်၏ ခင်ပွန်း ဘင်္ဂလားဒေ့ရှ်တွင်အဖမ်းခံရ

ရခိုင်လွတ်မြောက်ရေးပါတီ ဗဟိုအလုပ်အမှုဆောင်၏ ခင်ပွန်း ဘင်္ဂလားဒေ့ရှ်တွင်အဖမ်းခံရ
ဓါတ်ပုံ- ဒေါ်စောမြရာဇာလင်း FB

 

ရန်ကုန်၊ အောက်တိုဘာ ၂၁ ။                  ။ တစ်နိုင်ငံလုံးအပစ်ရပ်စာချုပ် (NCA) လက်မှတ်ရေးထိုးထားသည့် ရခိုင်လွတ်မြောက်ရေးပါတီ (ALP) ဗဟိုအလုပ်အမှုဆောင် ဒေါ်စောမြရာဇာလင်း၏ ခင်ပွန်းဖြစ်သူ ဦး ဦးချစ်မောင်သည် ဘင်္ဂလားဒေ့ရှ် ဒါကာလေဆိပ်တွင် ယမန်နေ့က အဖမ်းခံခဲ့ရကြောင်း သိရသည်။

“ အဖမ်းခံရတာတော့ဟုတ်ပါတယ် “ ဟု ဒေါ်စောမြရာဇာလင်း၏ ကိုယ်ရေးအရာရှိဖြစ်သူက မဇ္ဈိမသို့ အတည်ပြုပြောသည်။

ယင်းကိစ္စနှင့် ပက်သက်ပြီး ဒေါ်စောမြရာဇာလင်းအားဆက်သွယ်ရာ မည်သည့်ကိစ္စနှင့် ပက်သက်၍ဖမ်းဆီးခဲ့ခြင်းမှန်း မသိသေးကြောင်း ပြန်လည်ဖြေဆိုခဲ့ပြီး အသေးစိတ်ကို   နောက်တစ်နေ့တွင်   ပြန်လည်ဖြေဆိုပေးမည်ဟု ပြောဆိုခဲ့သည်။

ယခု ဖမ်းဆီးခံခဲ့ရသည့် ဦး ဦးချစ်မောင်သည် ရခိုင်လွတ်မြောက်ရေးပါတီ (ALP) ပါတီဝင်မဟုတ်ဘဲ သာမန်အရပ်သားတစ်ဦးဖြစ်ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ အလုပ်ကိစ္စဖြင့် ရောက်ရှိနေခြင်းဖြစ်ကြောင်း သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required