ချယ်ရီ အက်ဖ်အမ် အခြေအနေ အကောင်းဆုံးဖြစ်အောင် ကြိုးစားနေဟုဆို

ချယ်ရီ အက်ဖ်အမ် အခြေအနေ အကောင်းဆုံးဖြစ်အောင် ကြိုးစားနေဟုဆို

ရန်ကုန်၊ သြဂုတ် ၁၇ ။        ။ ထုတ်လွှင့်ခွင့် ခေတ္တရပ်နားထားသည့် ချယ်ရီ FM အခြေအနေကို  အကောင်းဆုံးဖြစ်အောင် ကြိုးစားနေသည်ဟု အဆိုပါ FM ၏ အထွေထွေမန်နေဂျာ ဦးသန်းထွေးဇော်က မဇ္ဈိမကို ပြောသည်။

၎င်းက ‘အကောင်းဆုံးဖြစ်အောင် ကြိုးစားနေပါတယ်’ ဟု ဆိုလိုက်ပြီး အခြား တစ်စုံတစ်ရာ မှတ်ချက်ပေးရန် မရှိသေးဟုလည်း မဇ္ဈိမကိုပြောသည်။

သြဂုတ် ၁၇ ရက်တွင် ချယ်ရီ FM ထုတ်လွှင့်မှုနှင့် ပတ်သက်ပြီး နေပြည်တော်တွင် ဆွေးနွေးပြီးနောက် သူရဦးရွေမန်း၏ သား ဦးတိုးနိုင်မန်းက ‘ ကျွန်တော်တို့ အကောင်းဆုံး အဖြေတစ်ခု ရရှိရန်
ဆွေးနွေးပြီးဖြစ်ပါသည် ။ ရွှင်းလန်းချမ်းမြေ့ပါစေဗျာ ။ ချယ်ရီ အတွက် အဆင်ပြေမယ်ဟု ယုံကြည် ပါ သည် ‘ ဟုလည်း သူ၏ဖေ့စ်ဘွတ် စာမျက်နှာ တွင်ရေးသားထားသည်။

နိုင်ငံရေးအခြေအနေအရလည်းကောင်း၊ စာချုပ်နှင့် ကျင့်ဝတ်အရလည်းကောင်း နှစ်ဦးနှစ်ဖက် နစ်နာမှုများ ရှိနိုင်သောကြောင့် Cherry FM ထုတ်လွှင့်မှုကို အချိန်သုံးလကြာရပ်နားရန် နှစ်ဦးနှစ်ဖက် သဘောတူ ထားသည်ဟု ပြန်ကြားရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးတင့်ဆွေက မဇ္ဈိမကို ပြောထားသည်။
 
ချယ်ရီ FMသည် ပြီးခဲ့သည့် ရက်ပိုင်းက အာဏာရပါတီ၏ ဥက္ကဌရာထူးမှ ဖြုတ်ချခံလိုက်ရသည့် သူရဦးရွှေမန်း၏ ချွေးမဖြစ်သူ ဒေါ်ဇေဇင်လတ် ဦးဆောင်လုပ်ကိုင်နေသည့် လုပ်ငန်းတစ်ခုဖြစ်သည်။  

(ထပ်မံရသည့် သတင်းများကို ဖော်ပြသွားပါမည်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly