လက်ရှိပုံစံကို ဆက်ထိန်းထားရန် မဖြစ်နိုင်ဟု မန်စီးတီးနည်းပြဂွာဒီယိုလာပြော

လက်ရှိပုံစံကို ဆက်ထိန်းထားရန် မဖြစ်နိုင်ဟု မန်စီးတီးနည်းပြဂွာဒီယိုလာပြော

 

အောက်တိုဘာ ၂၁၊ မန်ချက်စတာ။           ။ မန်စီးတီးအသင်းအနေဖြင့် လက်ရှိပုံစံကောင်းကို တစ်ရာသီလုံး ဆက်ထိန်းထားရန် မဖြစ်နိုင်ဘဲ ပရီးမီးယားလိဂ်ဖလားရရန်မှာ ရလဒ်မကောင်းသည့်အချိန် ကစားသမားများ၏ တုန့်ပြန်မှုအပေါ်မူတည်သည်ဟု နည်းပြဂွာဒီယိုလာကပြောသည်။

ပရီးမီးယားလိဂ်ကိုဦးဆောင်နေသည့် မန်စီးတီးအသင်းသည် ၁၀ ပွဲဆက်အနိုင်ရထားပြီး ချန်ပီယံလိဂ်တွင်လည်း အမှတ်ပြည့်ရ ထားသည်။

ယမန်နှစ်ကလည်း အောက်တိုဘာမတိုင်မီ ရာသီအဖွင့် ၁၀ ပွဲအနိုင်ရပြီး အောက်တိုဘာတွင်ဆိုးရွားသောရလဒ်များကြုံခဲ့ရသည့် စပိန်လူမျိုးနည်းပြက အချို့အခြေအနေဆိုးများကြုံရနိုင်သည်ဟု ဝန်ခံပြောဆိုသည်။

“ဒါတွေက ဖြစ်နေတာပါပဲ။ ကျွန်တော်တို့ အောက်တိုဘာထဲရောက်နေပြီ။ ပွဲတိုင်းအနိုင်ရခဲ့တဲ့ ပြီးခဲ့တဲ့လကလို တစ်ရာသီလုံးဖြစ်ဖို့ မျှော်လင့်ထားလို့မရပါဘူး။ ဖြစ်လည်းမဖြစ်နိုင်ပါဘူး။

ဒါပေမဲ့ အဲဒါကို ကျွန်တော်မြင်ချင်ပါတယ်။ ကျွန်တော်တို့အမှတ်တွေ ဆုံးရှုံးချိန်မှာ ဘယ်လိုတုန့်ပြန်မလဲဆိုတာကို မြင်တွေ့ချင်ပါ တယ်။ ကျွန်တော်တို့ ဘယ်လောက်ကြံ့ခိုင်လဲဆိုတာကို ကြည့်ရမှာပါ။

တောင့်တင်းတဲ့အသင်းတစ်သင်းဖြစ်ချင်ရင် အခြေအနေဆိုးကို ချက်ချင်းတုန့်ပြန်နိုင်ရပါမယ်။ သုံး၊ လေးပွဲလောက်နိုင်တဲ့အခါ အားလုံးကောင်းနေလိမ့်မယ်။ အိုကေ အဲဒါကလည်း အရေးကြီးပါတယ်။ ဒါပေမဲ့များများမျှော်လင့်ထားလို့တော့မရဘူး။

ရလဒ်ဆိုးချိန်မှာ ဘာလုပ်မလဲဆိုတာက အရေးကြီးတယ်။ အဲဒီအချိန်ကိုကျွန်တော်စောင့်နေတယ်။ အသင်းက ဘယ်လိုတုန့်ပြန် မလဲဆိုတာပေါ့”ဟု ဂွာဒီယိုလာက ပြောသည်။

Ref; Daily Mail

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly