အာရှရဲ့ အကြီးဆုံးသော ငှက်ပျောသီး စျေးကြီး

အာရှရဲ့ အကြီးဆုံးသော ငှက်ပျောသီး စျေးကြီး

 

အောက်တိုဘာ ၂၁ ။                 ။ အိန္ဒိယနိုင်ငံအရှေ့မြောက်ပိုင်းက ဒါရန်းဂီရိ ငှက်ပျောသီး ဈေးကြီးကတော့ အာရှတိုက်ရဲ့ အကြီးဆုံးသော ငှက်ပျောသီး ဈေးကြီး  ဖြစ်ပါတယ်။

အဆိုပါ အာရှအကြီးဆုံး ငှက်ပျောသီးဈေးကြီးကနေတဆင့် အိန္ဒိယနိုင်ငံတွင်းက ဘန်ဂေါနဲ့ ဘီဟာ ပြည်နယ်တို့သာမကဘဲ နီပေါ၊ ဘင်္ဂလားဒေ့ရှ်နဲ့ ဘူလ်တန် နိုင်ငံတု့ိအထိကိုပါ တင်ပို့ရောင်းချနေလျက်ရှိပါတယ်။

အဆိုပါ ဒါရန်းဂီရိ ငှက်ပျောသီးဈေးကြီးကတော့ အိန္ဒိယ အာသံပြည်နယ် ဂိုးလ်ပါရာ ဒေသမှာ တည်ရှိတာဖြစ်ပါတယ်။

ကမ္ဘာပေါ်မှာ ကောက်ပဲသီးနှံ၊ သကြား၊ ကော်ဖီနဲ့ ကိုကာ တို့ပြီးရင် ငှက်ပျောသီးက ပဉ္စမမြောက် အကြီးဆုံး ရောင်းဝယ်ဖောက်ကားရာ စိုက်ပျိုးရေးထုတ်ကုန် ဖြစ်ပါတယ်။ အိန္ဒိယမှာတော့ သရက်သီးပြီးရင် ဒုတိယမြောက် အရေးပါဆုံးသော သီးနှံ ဖြစ်ပါတယ်။

အဆိုပါ အိန္ဒိယ ဈေးကွက်မှာတော့ ငှက်ပျောသီးတွေက တစ်နှစ်ပတ်လုံး ဖြစ်ထွန်းရရှိနေတယ်ဆိုပေမယ့်လည်း ထွက်ရှိမှု အများဆုံးကာလကတော့ စက်တင်ဘာနဲ့ အောက်တိုဘာကြားကာလဖြစ်တယ်လို့ သိရပါတယ်။ ယင်းကာလအတွင်း ဒါရန်းဂီရိ ဈေးကြီးမှာတော့ တစ်နေ့ကို ပျမ်းမျှ ငှက်ပျောသီးတင်ကား စီးရေ ၅၀ နဲ့ ၁၀၀ အကြား ဝင်ထွက်ရောင်းဝယ်ဖောက်ကားနေရတယ်လို့ သိရပါတယ်။

ငှက်ပျောသီးကတော့ တစ်နှစ်ပတ်လုံး လွယ်ကူစွာ ရရှိနိုင်မှု၊ ဈေးနှုန်းသက်သာမှု၊ အမျိုးအစား စုံလင်မှု၊ အရသာရှိမှု၊ အာဟာရဖြစ်မှု၊ ဈေးဘက်ဝင်မှုတို့ကြောင့် စားသုံးသူတွေအကြား လူကြိုက်များတဲ့ သီးနှံတစ်ခုဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly