လေ့ကျင့်ခန်းအစီအစဉ်များ ပြင်းထန်သည်ဆိုသော သတင်းများကို ကွန်တီပယ်ချ

လေ့ကျင့်ခန်းအစီအစဉ်များ ပြင်းထန်သည်ဆိုသော သတင်းများကို ကွန်တီပယ်ချ

 

အောက်တိုဘာ ၂၁၊ လန်ဒန်။               ။ ချယ်လ်ဆီးအသင်းတွင် လေ့ကျင့်ခန်းအစီအစဉ်များ ပြင်းထန်လွန်းသည်ဆိုသော သတင်းများကို နည်းပြကွန်တီက ပယ်ချလိုက်သည်။

ကွန်တီ၏ လေ့ကျင့်ခန်းအစီအစဉ်များကြောင့် ကစားသမားများ ပင်ပန်းနွမ်းနယ်နေကြကြောင်း သတင်းများထွက်ပေါ်နေခြင်း ဖြစ်သည်။

သို့သော်လည်း အီတလီလူမျိုးနည်းပြက ယမန်နှစ်ပရီးမီးယားလိဂ်ဖလားဆွတ်ခူးနိုင်ခဲ့စဉ်ကထက် ၇၀ ရာခိုင်နှုန်းပင်လျော့နည်း နေသေးသည်ဟု ပြောသည်။

သတင်းများကဖော်ပြနေခြင်းအပေါ်မေးမြန်းမှုကို ကွန်တီက “အဲဒီအကြောင်းကို မသိပါဘူး”ဟု ဆိုသည်။ ဗုဒ္ဓဟူးနေ့က ချန်ပီယံလိဂ်တွင်ရိုးမားနှင့် သုံးဂိုးစီသရေကျထားသည့် ချယ်လ်ဆီးအသင်းသည် ပရီးမီးယားလိဂ်တွင်လည်း မန်စီးတီးနှင့် ခရစ္စတယ်ပဲလေ့စ်တို့ကို ရှုံးထားရာ သုံးပွဲဆက် နိုင်ပွဲပျောက်နေသည်။

ယနေ့တွင် ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် ဝက်ဖို့ဒ်ကို အိမ်ကွင်း၌ကစားရမည်ဖြစ်သည်။ ယင်းမှာ တစ်ပတ်အတွင်း သုံးပွဲမြောက်အဖြစ် ကစားရခြင်းဖြစ်ပြီး ပွဲစိပ်နေပြီးပြင်ဆင်ချိန်နည်းပါးခြင်းမှာ ရလဒ်ဆိုးနေခြင်း၏အကြောင်းရင်းတစ်ခု ဖြစ်သည်ဟု ကွန်တီကပြောသည်။

“သုံးရက်ကိုတစ်ပွဲကစားရတဲ့အခါ နည်းစနစ်ပိုင်းရော ကြံ့ခိုင်မှုပိုင်းပါ လုပ်ဖို့မဖြစ်နိုင်ပါဘူး။ ကျွန်တော်တို့အနေနဲ့ အသေးစိတ် အာရုံမစိုက်နိုင်တော့ပါဘူး”ဟု ကွန်တီက ဆိုသည်။

Ref; BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly