ဆီးရီးယားတွင် စျေးတစ်စျေးကို အစိုးရလေကြောင်းတိုက်ခိုက်ရာ လူပေါင်း ၈၀ အနည်းဆုံးသေဆုံး

ဆီးရီးယားတွင် စျေးတစ်စျေးကို အစိုးရလေကြောင်းတိုက်ခိုက်ရာ လူပေါင်း ၈၀ အနည်းဆုံးသေဆုံး

ဆီးရီးယားနိုင်ငံ ဒမတ်စကတ်မြို့အနီး သူပုန်ထိန်းချုပ်ရာ ဒူမာမြို့ရှိ ဈေးတစ်ဈေးတွင် အစိုးရလေကြောင်းထိုးစစ်တိုက်ခိုက်ရာ သေဆုံးသူ အနည်းဆုံး ၈၀ ရှိကြောင်း တက်ကြွလှုပ်ရှားသူများက ပြောသည်။

အဆိုပါတိုက်ခိုက်မှုအတွင်း ဒဏ်ရာရသူပေါင်းမှာ ၂၀၀ ကျော်ထက်မနည်း ရှိခဲ့သည်။

သူပုန်လက်အောက်ရောက် ဒူမာကို အစိုးရတပ်များက ပုံမှန်တိုက်ခိုက်မှုများ ဆောင်ရွက်လျက်ရှိပြီး လေကြောင်းတိုက်ခိုက်မှုများ၊ ရဟတ်ယာဉ်များဖြင့် ဗုံးကြဲတိုက်ခိုက်မှုများ လုပ်ဆောင်လျက်ရှိသည်။

နှစ်ဖက်တိုက်ခိုက်ရေးသမားကြား တိုက်ပွဲများအတွင်း အရပ်သား ရာနှင့်ချီကာ သေဆုံးသည်။

လေကြောင်းတိုက်ခိုက်မှုကြောင့် အဆောက်အအုံများပြိုကျကာ ကားများ မီးလောင်ကျွမ်းပြီး သေဆုံးသူများအတွင်း ကလေးငယ်များလည်း ပါဝင်သည်။

အစိုးရက ယင်းသို့လေကြောင်းတိုက်ခိုက်ရခြင်းသည် ဒူမာမှ ခြေကုပ်ယူကာ ခုနစ်မိုင်သာဝေးသည့် ဒမတ်စကတ်သို့ အစ္စလာမ်မစ် Jaysh al-Islam အဖွဲ့အပါအဝင် သူပုန်အုပ်စုများက ဒုံးကျည်များဖြင့် ပစ်ခတ်နေခြင်းအား ရပ်တန့်သွားစေရန်ဖြစ်သည်။

သြဂုတ် ၁၂ ရက်ကလည်း လေကြောင်းတိုက်ခိုက်မှုတစ်ရပ် ဒူမာမြို့အတွင်း ဆင်နွဲခဲ့ရာတွင် ကလေးငယ် လေးဦးအပါအဝင် သေဆုံးသူပြည်သူပေါင်း ၃၇ ဦးရှိခဲ့သည်။

Ref: BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly