အိန္ဒိယတောင်ပိုင်းမှာ အဆောက်အအုံတစ်လုံး ပြိုကျမှုဖြစ်ပြီး လူရှစ်ဦး သေဆုံး

အိန္ဒိယတောင်ပိုင်းမှာ အဆောက်အအုံတစ်လုံး ပြိုကျမှုဖြစ်ပြီး လူရှစ်ဦး သေဆုံး

 

အောက်တိုဘာ ၂၀ ။              ။ အိန္ဒိယနိုင်ငံတောင်ပိုင်းမှာ အောက်တိုဘာလ ၂၀ ရက်က အဆောက်အအုံတစ်လုံး ပြိုကျမှု ဖြစ်ပွားခဲ့ပြီး လူ ရှစ်ဦး သေဆုံးသွားကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။

သေဆုံးသွားသူတွေကတော့ နိုင်ငံပိုင် သယ်ယူပို့ဆောင်ရေးကုမ္ပဏီတစ်ခုက ဝန်ထမ်းတွေ ဖြစ်ကြပြီး ၎င်းတို့ဟာ နှစ်သက်တမ်း ၆၀ ရှိ နှစ်ထပ်အဆောက်အအုံရှိ ရုံးခန်းအတွင်း အိပ်ပျော်နေစဉ် ယခုလို အဆောက်အအုံပြိုကျမှုဖြစ်ပြီး ပိတ်မိသေဆုံးသွားတယ်လို့ သိရပါတယ်။

" အဲဒါက ရှေ့ဟောင်း အဆောက်အဦး တစ်ခုဖြစ်ပါတယ်၊ ဝန်ထမ်းတွေ အိပ်ပျော်နေတုန်း ရုတ်တရက် ပြိုကျလာတော့ မလွတ်နိုင်တော့ဘူးပေါ့" ဆိုပြီး တမီလ်နာဒူးပြည်နယ် အစိုးရအရာရှိတစ်ဦးဖြစ်တဲ့ စီ ဆူရက် ခူမာ က ပြောပါတယ်။

ယင်း အဆောက်အအုံ ပြိုကျမှုဖြစ်ပြီးပြီးချင်း အပျက်အစီးတွေအောက် ပိမိနေသူတွေကို ကယ်ဆယ်ရေးသမားတွေက သွားရောက်ကယ်တင်ခဲ့ရပြီးနောက် ယခုလို လူ ရှစ်ဦး သေဆုံးသွားခဲ့တာဖြစ်ပါတယ်။

ယခုအခါ ယင်းဖြစ်စဉ်မှာ သေဆုံးသွားသူတွေရဲ့ မိသားစုဝင်တွေကို နစ်နာကြေး ဒေါ်လာ ၂,၃၀၀ ပေးသွားမယ်ဆိုပြီး ပြည်နယ်အစိုးရက ကမ်းလှမ်းပေးထားခဲ့တယ်လို့လည်း သိရပါတယ်။

အိန္ဒိယနိုင်ငံမှာကတော့ ယခုလို အဆောက်အအုံ ပြိုကျမှု ဖြစ်စဉ်တွေဟာ မကြာခဏဆိုသလို ဖြစ်နေခဲ့ပြီး ယင်းနိုင်ငံတစ်ချို့ဟာဆိုရင် အိမ်ခြံမြေဈေးခေါင်ခိုင်နေမှုကြောင့် ယိုယွင်းနေတဲ့ အဆောက်အအုံတွေမှာ ကြပ်ကြပ်တည်းတည်း နေထိုင်နေကြရတယ်လို့ သိရပါတယ်။
 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly