အာဆင်နယ်ကွင်းလယ်လူအိုဇေးလ် မန်ယူအသင်းသို့ ပြောင်းရွှေ့လို

အာဆင်နယ်ကွင်းလယ်လူအိုဇေးလ် မန်ယူအသင်းသို့ ပြောင်းရွှေ့လို

အောက်တိုဘာ ၂၀၊ အင်္ဂလန် ။         ။ အာဆင်နယ်ကွင်းလယ်ကစားသမားအိုဇေးလ်သည် အာဆင်နယ်နှင့်စာချုပ်သက်တမ်းကုန်ဆုံးပါက မန်ယူအသင်းသို့ ပြောင်းရွှေ့လိုလျက်ရှိနေသည်။

အိုဇေးလ်မှာ မန်ယူသို့ ပြောင်းရွှေ့လိုနေကြောင်း သူငယ်ချင်းဖြစ်သူက ပြောဆိုခဲ့သည်ဟု ဒေးလီးမေးလ်သတင်းစာက ဆိုသည်။ အိုဇေးလ်သည် အာဆင်နယ်နှင့်စာချုပ်သစ်မချုပ်ဆိုခဲ့ပါက ရာသီအကုန်တွင် အလွတ်ပြောင်းရွှေ့ကြေးဖြင့် မန်ယူသို့ ပြောင်းရွှေ့နိုင်မည် ဖြစ်သည်။

အာဆင်နယ်အသင်းဘက်ကမူ မန်ယူအသင်းဆီသို့ အိုဇေးလ်မရောက်ရှိသွားစေရန် လာမည့်ဇန်နဝါရီအပြောင်းအရွှေ့၌ အခြားအသင်းများသို့ ရောင်းချဖွယ်ရှိနေသည်။ အိုဇေးလ်၏မြင့်မားသောလစာငွေကြောင့် လက်ရှိတွင် စိတ်ဝင်စားသည့်အသင်း တစ်သင်းမှမရှိသော်လည်း အာဆင်နယ်အသင်းက ၎င်းကိုဝယ်ယူမည့်အသင်းအားရှာဖွေနိုင်မည်ဟု ယုံကြည်နေသည်။

အာဆင်နယ်နည်းပြအာစင်ဝင်းဂါးကလည်း သူ၏မဟာပြိုင်ဘက် မော်ရင်ဟိုထံသို့ အိုဇေးလ်ကို ရောင်းချလိုခြင်းမရှိပေ။

အိုဇေးလ်ကမူ မန်ယူအသင်းက ၎င်းကိုခေါ်ယူမည်ဟု ယုံကြည်နေပြီး ဇန်နဝါရီတွင် မည်သည့်အပြောင်းအရွှေ့မှ ဖြစ်မြောက်မလာရန် လုပ်နိုင်လိမ့်မည်ဟု ယုံကြည်နေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly