မုံရွာ၊ အောက်တိုဘာ ၂၀။ ။ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း ဟုမ္မလင်းမြို့နယ်တွင် အောက်တိုဘာလ ၁၈ ရက်နေ့က ကျပ် ၉၆ သိန်း တန်ဖိုးရှိ ဘိန်းဖြူများအား ဖမ်းဆီးရမိခဲ့ကြောင်း တိုင်းဒေသကြီးရဲတပ်ဖွဲ့မှ သိရသည်။
ဟုမ္မလင်းမြို့နယ်၊ ခိုဝဲရပ်ကွက်နေ ကို. . .(၄၀)နှစ် ဆိုသူအား သတင်းရရှိ၍ သွားရောက်စစ်ဆေးခဲ့ရာ ဘုရားစင်အခင်းအောက်ရှိ အံဝှက်အတွင်း၌ အိပ်အနက်ဖြင့်ထည့်လျှက် တွေ့ရှိခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။
ဘိန်းဖြူဟုယူဆရသော ဖြူဝါရောင်အမှုန့် (၁၂)ဂရမ်ပါ ဆပ်ပြာခွက် (၈)ခွက်၊ စုစုပေါင်း (၉၆)ဂရမ်အား သိမ်းဆည်းရမိခဲ့ခြင်းဖြစ်ပြီး ကာလတန်ဖိုးအားဖြင့် ကျပ် ၉၆ သိန်း တန်ဖိုးရှိကြောင်း သိရသည်။
ကို. . .(၄၀)နှစ်အား စစ်ဆေးခဲ့ရာ ၎င်းထံမှ သုံးစွဲရန်ဝယ်ယူသွားသော ကွင်းဆက်တရားခံ (၃)ဦးအား ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း ဟုမ္မလင်းမြို့မရဲစခန်းမှ ရဲအုပ်မြင့်ဇော်က ပြောသည်။
ယင်းကြောင့် ဘိန်းဖြူများလက်ဝယ်တွေ့ရှိနေသူ (၄)ဦးအား မယ(ပ)၉၆/၉၇/၉၈/၂၀၁၇၊ မူး/စိတ် ၁၅/၁၉(က) တို့ဖြင့် အမှုဖွင့် အရေးယူထားကြောင်း ဟုမ္မလင်းမြို့မရဲစခန်းမှ သိရသည်။