မန်စီးတီးနှင့်မန်ယူတို့သာ ပရီးမီးယားလိဂ်ချန်ပီယံဆုအတွက် ယှဉ်ပြိုင်ရမည်ဟု ဒီဘရိုင်းပြော

မန်စီးတီးနှင့်မန်ယူတို့သာ ပရီးမီးယားလိဂ်ချန်ပီယံဆုအတွက် ယှဉ်ပြိုင်ရမည်ဟု ဒီဘရိုင်းပြော

အောက်တိုဘာ ၂၀၊ အင်္ဂလန် ။             ။ မန်စီးတီးကွင်းလယ်ကစားသမား ကီဗင်ဒီဘရိုင်းက ယခုနှစ်ပရီးမီးယားလိဂ်ချန်ပီယံဆုအတွက် မန်ယူနှင့်မန်စီးတီးတို့သာ ယှဉ်ပြိုင်ရလိမ့်မည်ဟု ယုံကြည်ကြောင်း ပြောဆိုခဲ့သည်။ သို့သော်ဒီဘရိုင်းက အခြေအနေများမှာ အလျှင်အမြန် ပြောင်းလဲသွားနိုင်ကြောင်းလည်း ဝန်ခံသည်။

ပရီးမီးယားလိဂ်ပွဲစဉ်ရှစ်ပွဲပြီးဆုံးချိန်တွင် မန်စီးတီးအသင်းက ၇ ပွဲနိုင် ၁ ပွဲသရေ ရမှတ် ၂၂ မှတ်ဖြင့် အမှတ်ပေးဇယားကို ဦးဆောင်လျက်ရှိပြီး မန်ယူက ရမှတ် ၂၀ ဖြင့် ဒုတိယနေရာတွင် ရပ်တည်နေသည်။

“လက်ရှိအခြေအနေအရတော့ မန်စီးတီးနဲ့မန်ယူတို့ပဲ ချန်ပီယံဆုအတွက် ယှဉ်ပြိုင်ရမယ်လို့ ကျွန်တော်ထင်ပါတယ်။ လူတိုင်းလည်း ဒီလိုပဲ ထင်ကြမှာပါ။

ဒါပေမယ့် အပြောင်းအလဲတွေလည်း မြန်မြန်ဆန်ဆန်ဖြစ်သွားနိုင်ပါတယ်။ အရမ်းလွယ်ပါတယ်။ ၂ ပွဲ ၃ ပွဲလောက် ရှုံးလိုက်တာနဲ့ အဆင့်က ချက်ချင်းကျဆင်းသွားမှာပါ။ ကျွန်တော်တို့အသင်း နံပါတ် ၁ နေရာမှာ ဆက်လက်ရပ်တည်နေနိုင်မယ်လို့ ယုံကြည်ပါတယ်” ဟု ဒီဘရိုင်းက ဆိုသည်။

လက်ရှိမန်စီးတီးအသင်းမှာ နည်းပြ ဂွါဒီယိုလာ လိုချင်သည့်ပုံစံကို ပုံဖော်နိုင်ပြီဟု ယုံကြည်ကြောင်းလည်း ဒီဘရိုင်းက ပြောဆိုသွားခဲ့သည်။

ရည်ညွှန်း ဆော်ကာဝေး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly