ရခိုင်ဒေသခံတိုင်းရင်းသားများကို အနီးကပ်လုံခြံုရေးဖြင့် နေရပ်ပြန်ပို့

ရခိုင်ဒေသခံတိုင်းရင်းသားများကို အနီးကပ်လုံခြံုရေးဖြင့် နေရပ်ပြန်ပို့
ဓာတ်ပုံ-တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး
 

ရန်ကုန်၊ အောက်တိုဘာလ ၂ဝ ။           ။ ARSA အစွန်းရောက် အကြမ်းဖက်သမားများတိုက်ခိုက်မှုကြောင့်  မြောက်ဦးမြို့နယ်တွင် လာရောက်တိမ်း ရှောင်နေရသော ဒေသခံတိုင်းရင်းသားများအား ၎င်းတို့ နေရပ်သို့ အနီးကပ်လုံခြုံရေးဖြင့် ပြန်လည်ပို့ဆောင် ပေးခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးမှ ယနေ့ အောက်တိုဘာလ ၂ဝ ရက်နေ့ ရက်စွဲဖြင့် သတင်းထုတ်ပြန်သည်။

အဆိုပါ ဒေသခံတိုင်းရင်းသားများ၏ မှုလနေရပ်များဖြစ်သော မောင်တောမြို့နယ်ရှိ  ကင်းချောင်းကျေးရွာ၊ ဝေသာလီကျေးရွာ၊ ရွာသာယာကျေးရွာ၊ မင်းကြီးကျေးရွာ၊ မင်္ဂလာညွန့်ကျေးရွာ၊ သင်္ဘောလှကျေးရွာ၊ ရေနောက်ငါးသားကျေးရွာနှင့် ဘူးသီးတောင်မြို့နယ်ရှိ အောင်ဇေယျကျေးရွာ၊ ခထီးလှကျေးရွာ၊ ပေါက်တော ကျေးရွာ၊ ဇီးဒုံ ကျေးရွာ၊ တောင်ကြီးရင်းကျေးရွာတွင် နယ်မြေတည်ငြိမ်အေးချမ်း မှုရှိလာသည့်အတွက် ထို့သို့ နေရပ်ပြန်လည်ပို့ဆောင်ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါကျေးရွာများမှ မြောက်ဦးမြို့နယ်၊ လောကမာန်အောင်ဘုရားဓမ္မာရုံနှင့် တိမ်ညိုရွာသစ်ကျေးရွာ ဘုန်း တော်ကြီးကျောင်းတွင် လာရောက်တိမ်ရှောင်နေသော တိုင်းရင်းသား ၁၂၆ ဦးကို လုံခြုံရေးတပ်ဖွဲ့ဝင်များက အနီးကပ်လုံခြုံရေး လိုက်ပါလျက် တပ်မတော်မှ မော်တော်ယာဉ် ၅ စီးဖြင့် အောက်တိုဘာလ ၁၈ ရက်နှင့် ၁၉ ရက်နေ့တွင်  ပြန်လည်ပို့ဆောင်ပေးခဲ့ခြင်းဖြစ်သည်။

မောင်တော၊ ဘူးသီးတောင်မြို့နယ်များရှိ ကျေးရွာများမှ မြောက်ဦး၊ ကျောက်တော်၊ ဘူးသီးတောင်မြို့နယ်များရှိ ဘုန်းတော်ကြီးကျောင်းများတွင် လာရောက်တိမ်းရှောင်နေသော   ဒေသခံတိုင်းရင်းသားများအနက် တပ်မတော်မှ  အောက်တိုဘာလ ၇ ရက်နေ့မှ ၁၉ ရက်နေ့ထိ ၎င်းတို့ မူလနေရပ်သို့ ပြန်လည်ပို့ဆောင်ပေးခဲ့သည်မှာ လူဦးရေ ၉၄၅ ဦးထိ ရှိပြီ ဖြစ်သည်။

ရခိုင်ပြည်နယ် အနောက်ဘက်ပိုင်း မောင်တောဒေသအတွင်း သြဂုတ် ၂၅ ရက်နေ့မှ ၃ဝ ရက်နေ့အထိ ဖြစ်ပွား ခဲ့သော အကြမ်းဖက်တိုက်ခိုက်မှု ဖြစ်စဉ်ကြောင့် ဘူးသီးတောင်မြို့နယ်အတွင်းရှိ   ကျေးရွာပေါင်း ၃၄ ရွာမှ ဒေ သခံ တိုင်းရင်းသား ပြည်သူ ၂,၃၂၆ ဦးနှင့် မောင်တောမြို့နယ်အတွင်းရှိ ကျေးရွာပေါင်း ၄၃ ရွာမှ ဒေသခံတိုင်း ရင်းသား ပြည်သူ ၉,၄ဝ၂ ဦး စုစုပေါင်း ၁၁,၇၂၈ ဦးတို့ တိမ်းရှောင်နေရကြောင်းသိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly