ကာကွယ်ရေး၊ ရွှေ့ပြောင်းသူများအရေးနှင့် Brexit အရေးတို့ကို ဦးတည်သည့် အီးယူ ထိပ်သီးညီလာခံ စတင်

ကာကွယ်ရေး၊ ရွှေ့ပြောင်းသူများအရေးနှင့် Brexit အရေးတို့ကို ဦးတည်သည့် အီးယူ ထိပ်သီးညီလာခံ စတင်

 

ဘရပ်ဆဲလ်၊ အောက်တိုဘာ ၂၀ ။             ။ အီးယူအဖွဲ့ဝင်နိုင်ငံများမှ ခေါင်းဆောင်များ၏ နှစ်ရက်တာ ထိပ်သီးညီလာခံကို ဘရပ်ဆဲလ်တွင် အောက်တိုဘာ ၁၉ ရက်က စတင်ပြီဖြစ်သည်။

ယင်းထိပ်သီးညီလာခံက ကာကွယ်ရေးပူးပေါင်းဆောင်ရွက်မှု၊ ရွှေ့ပြောင်းသူများ စီးဝင်မှုနှင့် အီးယူမှ ဗြိတိန်ခွဲထွက်သည့် ဆွေးနွေးညှိနှိုင်းမှုများကို အဓိက ဦးတည်သည်။

အောက်တိုဘာ ၁၉ ရက် ဆွေးနွေးမှုအစီအစဉ်တွင် ဘဏ္ဍာရေးနှင့် ရွှေ့ပြောင်းသူများ ဝင်ရောက်မှုအရေး၊ ကာကွယ်ရေးပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေး၊ ပြည်ပရေးရာ မူဝါဒများဖြစ်သည့် အီရန်နျူကလီးယားအစီအစဉ်၊ မြောက်ကိုရီးယားအရေးနှင့် အီးယူနှင့် တူရကီကြား ဆက်ဆံရေးတို့ကို ဦးတည်ထားဆွေးနွေးသည်။

ပြင်သစ်သမ္မတ အမ်မန်နျူရယ် မက်ခရွန်၏ အဖွင့်မိန့်ခွန်းတွင် “ခု ညီလာခံက အီးယူရဲ့ သဘောထားနဲ့ ပတ်သက်ပြီး ပိုမိုဖွံ့ဖြိုးရေးကို ပေးစွမ်းမှာ ဖြစ်ပါတယ်။ ဒီသဘောထားကတော့ အီးယူအဖွဲ့ကြီးရဲ့ ကိုယ်ပိုင်ကာကွယ်ရေးနဲ့ စီမံကိန်းတွေပါပဲ။ ကျွန်တော်အမြင်မှာတော့ ဥရောပရဲ့ လုံခြုံရေးဆိုင်ရာ တစ်ခုဟာ ရွှေ့ပြောင်းဝင်ရောက်သူများ စီးဝင်မှုကို ပိုမိုကောင်းမွန်စွာ ကာကွယ်နိုင်ရေး၊ ပြီးတော့ ကျွန်တော်တို့တွေ စိတ်ဆန္ဒရှိနေတဲ့ ကာကွယ်ရေးအပိုင်းမှာ ရန်ပုံငွေပိုပြီး ထည့်ဝင်သွားရေး စတာတွေပဲဖြစ်ပါတယ်။”ဟု ပြောခဲ့သည်။

ဥရောပအနေဖြင့် ၎င်း၏ အလုပ်သမားများနှင့် စားသုံးသူများကို ကာကွယ်လုံခြုံမှုပေးနိုင်ရေးအတွက်လည်း ကောင်းမွန်သောကုန်သွယ်ရေးကို ရှာဖွေရမည်ဖြစ်ကြောင်းလည်း ၎င်းက ဆိုသည်။

ဂျာမနီဝန်ကြီးချုပ် အိန်ဂျလာမာကဲလ်က တူရကီ၏ ဂျာနယ်လစ်များ ပိုမိုဖမ်းဆီးထောင်တန်းချခံနေရခြင်းနှင့် ဥပဒေစိုးမိုးရေးကို အလေးမထားသည့် မှားယွင်းသော လမ်းကို ဦးတည်နေမှုတို့အပေါ် ဝေဖန်ပြစ်တင်ခဲ့သော်လည်း တူရကီ၏ ဒုက္ခသည်အကျပ်အတည်းများကို ကူညီပေးရေးအတွက် ယူရိုငွေ သုံးဘီလီယံ ထည့်ဝင်မည် ကတိကဝတ်ပြုထားခြင်းကိုမူ ချီးမွှမ်းပြောဆိုသည်။ျ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly