ငယ်ရွယ်နုပျိုအောင် ဘယ်လို နေမလဲ အပိုင်း(၄)

ငယ်ရွယ်နုပျိုအောင် ဘယ်လို နေမလဲ အပိုင်း(၄)

မင်္ဂလာပါခင်ဗျာ။ မဇ္ဈိမရဲ့ ကျန်းမာရေးရာအဖြေရှာအစီအစဉ်ကနေ ပြန်လည်ကြိုဆိုပါတယ်။ ကျွန်တော်တို့ရဲ့ ဒီအစဉ်ဟာကျန်းမာရေးနဲ့ ဆိုင်ရာဗဟုသုတသိလိုသမျှတွေကို ဖေ့ဘုတ်ကနေတစ်ဆင့် တိုက်ရိုက်ဖြေကြားပေးတဲ့ အစီအစဉ် ဖြစ်ပါတယ်။ ဒီနေ့တော့ ငယ်ရွယ်နုပျိုအောင်ဘယ်လိုနေထိုင်ကြမလဲဆိုတဲ့ မေးခွန်းတွေကိုမေးဖို့အတွက် အလှပရေးရာနဲ့ အရေပြားအထူးကုဆရာဝန် ဒေါက်တာစုဖြိုးအောင်ကို ကျွန်တော်တို့ မဇ္ဈိမစတူဒီယိုထဲကိုဖိတ်ခေါ်ထားပါတယ် ခင်ဗျ။

မေးလာတဲ့ မေးခွန်းပိုင်ရှင်က Myat Danny Ko  ပါ သူက ဘာမေးလဲဆိုတော့ ပေါင် ၂၆၀ ရှိတယ်ခင်ဗျ။ ဘယ်လို ဝိတ်ချရမလဲ။

ဖြေ - ၂၆၀ ဆိုတာ တော်တော်များတယ်လို့တော့ ပြောလို့ ရတယ်။ ကျွန်မဆီ လာနေတဲ့ သူတွေ ကျွန်မ ချပေးတာတော့ မဟုတ်ပါဘူး။ ပွင့်ပွင့်လင်းလင်း ပြောရရင် သူတို့ဟာ သူတို့ ချပြီးတော့ တကယ်ကြီး ကျသွားတဲ့ သူတွေ ရှိတယ်ပေါ့။ တစ်ယောက်ဆိုရင် အဲဒီလို ပေါင် ၂၆၀ လောက် ရှိခဲ့ဘူးတယ်။ ဒါပေမယ့် သူလည်း အဲဒီလိုပဲ။ လေ့ကျင့်ခန်း အရမ်းလုပ်တယ်။ ဂျင်မ် သွားတယ်။ တစ်နှစ် နှစ်နှစ်လောက် ကစားတယ်။ အစားသောက်လည်း သေချာလုပ်တယ်ပေါ့။ သူဆိုလို့ရှိရင် ၂ နှစ်လောက်အတွင်းမှာ မော်ဒယ်လ် လိုပဲ အရမ်းပိန်သွားတယ်။ နောက်တစ်ယောက်ဆိုရင်လည်း ၂၆၀ တော့ မရှိဘူး။ သူလည်း ၂၄၀ လောက်တော့ ရှိခဲ့ဘူးတယ်ပေါ့။ သူလည်း အဲဒီလို စနစ်တကျ လုပ်တယ်ဆိုရင် ၂ နှစ်လောက်အတွင်း ပိန်သွားတယ်ပေါ့။ တစ်ချို့ကျတော့ အဲဒီလို ပြောတယ်ပေ့ါ။ ကျွန်တော် အစားသောက် လျော့မယ်။ အဲဒီလို အစားသောက်ကြီးပဲ လျော့လိုက်လို့ ရှိရင် တကယ်လို့ ပိန်သွားလို့ ရှိရင် မလှဘူး။ ပုံပျက်ပန်းပျက်ကြီး အဆီကြီးတွေ တွဲကျလို့ ပြန်ဝလိုက်တာမှ ပိုကောင်းတယ်ဆိုပြီး ပြောတဲ့ သူတွေလည်း ရှိတယ်။ ဘာဖြစ်လို့လဲဆိုတော့ လူတော့ ပိန်သွားတယ်။ အသားက အဖတ်လိုက်ကြီး ကျန်ခဲ့တယ်။ တကယ်တော့ အဲဒါလေးက လေ့ကျင့်ခန်းနဲ့ တွဲပြီးတော့ ချပေါ့။ လေ့ကျင်ခန်းနဲ့ ချတဲ့ နေရာမှာလည်း သူက ချက်ချင်းကြီး တစ်လကို ပေါင် ၂၀ လောက် ချမယ်။ ပေါင် ၃၀ လောက်ချမယ်။ အဲဒီလောက်ထိတော့ မလုပ်သင့်ဘူး။ သူက အဲဒီလောက်ကြီး လုပ်လို့ ရှိရင် ကိုယ်ခန္ဓာက ပြန်ပြီးတော့ တင်းတင်းရင်းရင် မဖြစ်နိုင်တော့ဘူး။ အဲဒီအခါကျတော့ အချိန်ယူပြီးတော့ ဖြေးဖြေးလေးနဲ့ မှန်မှန် တစ်လဆိုလည်း ၁၀ ပေါင် ဆိုလည်း ၁၀ ပေါင်လောက် ၊ အဲဒီလို ဖြည်းဖြည်းချင်း ချသွားတဲ့ ပုံစံမျိုးနဲ့ပဲ သွားသင့်ပါတယ်ရှင့်။

မပန်းခက်ခက်ဆိုတဲ့ တစ်ယောက်က ဘာမေးလာလဲဆိုတော့ အိပ်မပျော်လို့ မျက်လုံးအောက်မှာ အစင်းလေးတွေ ပေါ်နေလို့ပါ။ ဒါကို ဘယ်လို သက်သာအောင် ပျောက်ကင်းအောင် လုပ်ဆောင်ရမလဲဆိုတာ အကြံပေးပေးခင်ဗျာ။

ဖြေ - မျက်လုံးအောက်က အဆင်းလေးတွေ ပေါ်တာဆိုတာက မျက်လုံးအောက်မှာ အရေးကြောင်းလေးတွေ ပေါ်တာပေါ့နော်။ အိပ်မပျော်တာနဲ့လည်း အတိုင်းတာ တစ်ခုထိတော့ ဆိုင်တာပေါ့။ ပြီးတော့ ဘာတွေနဲ့ ဆိုင်လဲဆိုတော့ မျက်လုံးအောက်မှာ အစိုဓာတ်နည်းလို့လဲ ဖြစ်နိုင်တယ်။ နောက်တစ်မျိုးက တစ်ချို့ မျက်စိ အရမ်းပွတ်တတ်တဲ့ သူတွေ ရှိတယ်။ သူတို့ဆိုရင်လည်း အဲဒီ အရေပြားလေးတွေက ပျက်စီးသွားတာပေါ့။ တကယ်တော့ ဒီ မျက်လုံး အရေပြားဆိုတာ ခန္ဓာကိုယ်ထက်တောင် ပိုပြီးတော့ နုညံ့တယ်ပေါ့။ အဲဒီလို အကြမ်းကြီး မလုပ်သင့်ဘူး။ အရမ်းပွတ်လို့လဲ ဖြစ်နိုင်တယ်။ ဒါမှ မဟုတ်လို့ ရှိရင် အစိုဓာတ် လုံးဝ မရှိလို့လဲ ဖြစ်နိုင်တယ်။ အစိုဓာတ် လုံးဝ မရှိလို့ ဆိုရင်တော့ ၊ အိုက် ခရမ်(မ်) လေးတွေ သူက လိမ်းပေးသင့်တယ်။ နောက်တစ်ခုက ရေဓာတ်ခမ်းခြောက်လို့လဲ ဖြစ်နိုင်တယ်။ အဲဒီအခါကျတော့ ရေများများ သောက်ပေးပါ။ အိပ်ရေးဝအောင် အိပ်ပေးမယ်ဆိုရင်တော့ သူက အတိုင်းတာ တစ်ခုထိ တိုးတက်နိုင်ပါတယ်ရှင့်။

မေးလာတဲ့ သူကတော့ Prizee Latt ပါ။ ဆံပင်ဖြူကို နှုတ်ပစ်ရင် ပိုပြီး ဖြူတယ်ဆိုတာ ဟုတ်ပါသလား။ နှုတ်ပစ်တာနဲ့ ပိုပွားလာတယ်ဆိုတာ ဆိုင်ပါသလား ဆရာမ ဖြေကြားပေးစေလိုပါတယ်။

ဖြေ - ဆံပင်ဖြူကို တစ်ပင်နှုတ်ရင် ဆယ်ပင်ထွက်တာတို့ဆိုတာ ကျွန်မတို့ ငယ်ငယ်ကတည်းက ကြားလာတဲ့ စကားပေါ့နော်။ မဟုတ်ဘူးလိုပဲ ငြင်းဖို့တောင် တော်တော်လေး ခဲယဉ်းတယ်ပေါ့နော်။ ယုံကြည်တဲ့ သူတွေက အရမ်းများလို့လေ။ တကယ်တော့ ဆံပင်ဖြူကို တစ်ပင်နှုတ်ရင် ဆယ်ပင်ထွက်တယ်။ ငါးပင်ထွက်တယ်ဆိုတာ တကယ်တော့ မဆိုင်ပါဘူး။

ကိုသန်းထွန်းဦးဆိုတဲ့ တစ်ယောက်ကတော့ မေးလာတာက မင်္ဂလာပါဆရာ အသားကို သံနဲ့ထိမိတာနဲ့ ယားပါတယ်။ နာရီတို့လိုမျိုးပေါ့။ ဘာကြောင့်များလဲ။

ဖြေ - တစ်ချို့လူတွေက allergic ရှိတဲ့ သူများ ရှိတယ်ရှင့်။ တစ်ချို့လူတွေက နီကလ် ပေါ့နော်။ ကျွန်မအထင် သူ့မှာ သံဆိုတာထက် နီလ်နှင့် allergic ဖြစ်တာမျိုး ဖြစ်လိမ့်မယ်ရှင့်။ နီကလ်တွေက ဘယ်မှာ ရှိတတ်လည်း ဆိုတော့ ၊ များသောအားဖြင့် စက်ဘီး လက်ကိုင်တွေမှာ ရှိတတ်တယ်။ နာရီတွေမှာ ရှိတယ်။ ပြီးတော့ ဖန်စီပစ္စည်းတွေမှာ ရှိတယ်။ ကိုသန်းထွန်းဦးက နီကလ်ပါတဲ့ ပစ္စည်းမျိုးနဲ့ allergic ဖြစ်နေတဲ့ သူပေါ့နော်။ ဘာလို့ ဖြစ်တာလဲဆိုတော့ သူက ဒါကို Sansistive ဖြစ်နေလို့ပါ။ ကိုယ်နဲ့ မတည့်ရင် ဒီနီကလ်ပါတဲ့ ပစ္စည်းတွေကို မဝတ်ပါနဲ့။ တကယ်လို့ ဖြစ်လာပြီဆိုရင် allergic ဖြစ်နေပြီဆိုရင် ဒီ ယားနာပျောက်ဆေး လေးတွေ ရှိတယ်ပေါ့နော်။ အဲဒါလေးတွေ လိမ်းသင့်တယ်ပေါ့။

ကိုအောင်ဇေယျာလင်းဆိုတဲ့ တစ်ယောက် မေးလာတာက မျက်နှာကို ရှားစောင်းလက်ပတ် သုံးရက်လောက် လိမ်းလိုက်တာ မျက်နှာမှာ တင်းတိပ်လို အမဲကွက်တွေ ထွက်လာလို့ပါ။ ဘယ်လို ဆေးဝါးမျိုး သို့မဟုတ် ခရင်(မ်) မျိုး လိမ်းပေးရမလဲ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါ။

ဖြေ - ကိုအောင်ဇေယျာလင်းရဲ့ မျက်နှာက တကယ် တင်းတိပ်ထွက်နေတာလား။ ဒါမှ မဟုတ်ရင် ရှားစောင်လက်ပတ် လိမ်းလို့ တစ်ညလုံး ထားလိုက်လို့ အစေး ပေါက်ပြီး လောင်သွားလို့ ဒဏ်ရာဖြစ် တာလားပေါ့နော်။ အဲဒါတော့ ကျွန်မ မသိဘူးပေါ့နော်။ တစ်ချို့ကျတော့လည်း တကယ့်တင်းတိပ် ထွက်တာ ရှားစောင်းလက်ပတ်နဲ့တော့ ဘာမှ မဆိုင်ဘူး။ တိုက်ဆိုင်သွားတဲ့ အခါမျိုးမှာ ဒီတင်းတိပ် ထွက်လာတဲ့ အခါကျတော့ အော် ငါ ရှားစောင်းလက်ပတ် လိမ်းလို့ ထွက်တယ်လို့ ထင်သွားတာမျိုးလည်း ဖြစ်နိုင်တယ်။ တစ်ချို့က ရှားစောင်းလက်ပတ်ကို ကိုယ့်အသားလေး စိုစိုလေး ဖြစ်ချင်လို့ လိမ်းတာပဲ။ တစ်ချို့ကျတော့ အရမ်းအလှလွန်ချင်သွားတယ် ပြောမလား။ ပိုကောင်းစေချင်တယ်လို့ ပြောမလားနော်။ လိမ်းပြီးတော့ တစ်ညလုံး ထားမိတတ်ကြတယ်။ ထားမိလိုက်တဲ့ အခါမျိုးမှာ တစ်ချို့ဟာလေးတွေက လုံးဝ မသန့်စင်ထားလိုက်တဲ့ အခါကျတော့ အစေး တွေပေါက်တဲ့ အခါမျိုးမှာ ဒဏ်ရာလေး ဖြစ်သွားတယ်ပေါ့။ ဒဏ်ရာဖြစ်လို့ ခဏ မည်းသွားတာလေးတွေ ရှိတတ်ပါတယ်။ တကယ်လို့ ဒဏ်ရာဖြစ်လို့ ခဏ မည်းသွား တယ်ဆိုရင်တော့ သူ့ဟာနဲ့ သူ ပြန်ကောင်းနိုင်ပါတယ်။ အစိုဓာတ်လေး ထည့်မယ် နေရောင်ခံဆေးလေး လိမ်းမယ်ဆိုရင် သူ့ဟာနဲ့သူ အချိန် အတိုင်းတာ တစ်ခု၊ သုံးလလောက် နေရင် ပြန်ကောင်းတယ်ပေါ့။ တကယ်လို့သာ တင်းတိပ်ဖြစ်တယ်ဆိုရင် ကျွမ်းကျင်တဲ့ သူနဲ့ ကုသသင့်တယ်။

မခင်ဥသြဆိုတဲ့ တစ်ယောက်က ဘာမေးလာလဲဆိုတော့ ဝက်ခြံနဲ့ အမဲစက်တွေ ပျောက်အောင် သံပုရာသီးနဲ့ ကြက်သွန်နီ သွေးပြီး လိမ်းရင် ပျောက်တယ်ဆိုတာ ဟုတ်နိုင်လားဆရာမ။

ဖြေ - ဝက်ခြံနဲ့ အမဲစက်တွေ ပျောက်အောင် သံပုရာသီးနဲ့ တော့ ကုသလို့ ရတယ်။ ကြက်သွန်နဲ့တော့ လောင်မလားမသိ။ ကြက်သွန်နီကိုတော့ မထောက်ခံပေးပါဘူး။ သံပုရာသီးမှာကျတော့ သူက အဆီတွေကို သန့်ရှင်းပေးနိုင်တဲ့ အစွမ်းရှိတယ်။ ဆဲလ်အသေလေးတွေကို ကွာနိုင်တဲ့ အစွမ်းရှိတဲ့ အခါကျတော့ ဝက်ခြံကို လည်း သက်သာနိုင်တယ်။ အမဲစက်လေးတွေလည်း လျော့နိုင်တယ်။ ဒါပေမယ့် တရားလွန်တော့ မလုပ်ရ ဘူးပေါ့။ နေ့တိုင်းလုပ်မယ်ဆိုရင် ဒဏ်တွေ ဖြစ်ကုန်မှာပေါ့နော်။ တစ်ပတ် တစ်ခါလောက်ဆိုရင်တော့ အရမ်းကြီး ဆိုးဆိုးဝါးဝါး မဟုတ်တဲ့ ဝက်ခြံလေးတွေ ၊ အရမ်းကြီး ဆိုးဆိုးဝါးဝါး မဟုတ်တဲ့ အမဲစက်လေးတွေဆို သက်သာ နိုင်ပါတယ်ရှင့်။

မအေးမာဦးရဲ့ မေးခွန်းကို ဖတ်ပြရမယ်ဆိုရင် ဆံပင်ကျွတ်ခြင်းကို သဘာဝနည်းနဲ့ ဘယ်လို ကာကွယ်ရမလဲ။ ဖြေကြားပေးပါ ဆရာမ။

ဖြေ - ဆံပင်ကျွတ်တယ်ဆိုတာလဲ သူက အကြောင်းအမျိုးမျိုးကြောင့် ရှိတယ်ပေါ့နော်။ တစ်ချို့ကျတော့လည်း စိတ်ဖိစီးမှု အရမ်းများလို့ ကျွတ်တာလား။ တစ်ချို့ကျတာ့ ယောက်ျားလေးတွေ ဆံပင်ကျွတ်တယ်ဆိုတာ သူ့ရဲ့ ဟော်မုန်းကြောင့် ကျွတ်တာလားပေါ့နော်။ သူက သဘာဝနည်းနဲ့ ဘယ်လိုဟာတွေ လိမ်းရင်သက်သာတယ် ဆိုတာ မရှိဘူးပေါ့။ ဒါပေမယ့် ဆံပင်အတွက် အားဖြည့်တဲ့ အစားစာလေးတွေပေါ့နော်။ ဇင့်(zinc)ပါတဲ့ အစား စာလေးတွေ ၊ သံဓာတ်အားဆေး ပါတဲ့ အစားစာလေးတွေ စားမယ်ဆိုရင် ဆံပင်ကျွတ်တာကို သက်သာ နိုင်တယ်။ အတက်လေးတွေ များများ ထွက်နိုင်တယ်ပေါ့။

မသင်းသင်းဆိုတဲ့ တစ်ယောက်က မေးလာတာကတော့ ငယ်ရွယ်နုပျိုအောင် ဘယ်လိုလုပ်သင့်ပါသလဲ။

ဖြေ - ဟုတ်ကဲ့ပါရှင့်။ ငယ်ရွယ်နုပျိုအောင် ဘယ်လို လုပ်မလဲဆိုတာ ကျွန်မ အစပိုင်းမှာ ပြောသွားခဲ့သလို ဘယ်ဟာတွေက  အရွယ်မတိုင်ခင်မှာ အိုမင်းရင့်ရော်စေသလဲပေါ့နော်။ အဲဒီအခါကျတော့ အဲဒီဟာတွေရဲ့ ဆန့်ကျင်ဘက်တွေကို လုပ်မယ်ပေါ့။ အချိန်မတိုင်ခင် အိုမင်းရင့်ရော်စေတာကို ရှောင်မယ်ဆိုရင် ငယ်ရွယ် နုပျိုမယ်ပေါ့။ ဥပမာဆိုရင် ပထမဦးဆုံး အချက်က နေရောင်ခြည်ပေါ့။ နေရောင်ခြည်ကို ကာကွယ်မယ်။ နေရောင်ခံဆေး လိမ်းမယ်။ နောက်တစ်ခုက ပေါ်လူးရှင်း( pollution ) ပေါ့ ၊ သူတို့နဲ့ ဝေးရာမှာ နေနိုင်ရင်တော့ အကောင်း ဆုံးပါပဲ။ မနေနိုင်ရင်တော့ ၊ တစ်လ တစ်ခါလောက် ခရီးထွက်ပေးတာမျိုးပေါ့။ သဘာဝ လေလေး တွေ ရှုရှိုက်ပေးတာမျိုး လုပ်သင့်ပါတယ်။ နောက်တစ်ခုက ဆေးလိပ်ဖြတ်မယ်။ နောက်တစ်ခုက မျက်နှာ အမူယာတွေ အရမ်းကြီး မလုပ်သင့်ဘူး။ မျက်နှာအမူယာက တစ်ချို့ကျတော့ ပြုံးရင် အရမ်းပြုံးတဲ့သူ ရှိတယ်။ အားနေရင် မျက်မှောင်ကျုံ့တဲ့ သူ ရှိတယ်။ အဲဒါမျိုးလေးတွေလည်း အရမ်းကြီး မလုပ်သင့်ဘူးပေါ့။ အရမ်းလုပ်ရင် ဘာဖြစ်သလဲဆိုတော့ ၊ အဲဒီ ကြွက်သားတွေဟာ သန်မာလာပြီးတော့ အရွယ်မတိုင်ခင်မှာ မျက်လုံးဘေးမှာ အရေးကြောင်းတွေ ပေါ်လာတာမျိုး ၊ သရုပ်ဆောင်တွေဆို ငိုရတယ်။ စိတ်ညစ်ရတယ် ဆိုတော့ မျက်ခုံးနှစ်ခုကြားမှာ အရေးကြောင်းတွေ ထွက်တာ မျိုးတွေပေါ့နော်။ အဲဒါလေးတွေ ရှောင်မယ်ပေါ့။ ပြီးတဲ့ အခါကျတော့ အစားသောက်နဲ့လည်းအများကြီး ဆိုင်တယ်။ အစားသောက်ဆိုရင်လည်း ကျန်းမာရေးနဲ့ ညီညွှတ်တဲ့ အစားစာတွေ ၊ အစိမ်းရောင်အရွက်တွေ ၊ အရည်ရွှမ်းတဲ့ အသီးတွေ ၊ ငါးလိုမျိုး ဟာတွေ စားမယ်။ သကြားလျော့စားမယ် ၊ အဆီဓာတ်တွေ လျော့မစားမယ်။ နောက်တစ်ခုက အိပ်ရေးဝဝ အိပ်မယ် ၊  နောက် စိတ်ဖိစီးမှုကို တတ်နိုင်သလောက် လျော့မယ်။ ဥပမာ ဆိုရင် တရားထိုင်တာမျိုး၊ ယောဂ လုပ်တာမျိုး လေ့ကျင့် ခန်း လုပ်တာမျိုး ၊ ဒါလေးတွေကတော့ သဘာဝနည်းနဲ့ ငယ်ရွယ်နုပျိုအောင် လုပ်တဲ့ ဟာတွေပေါ့။ နောက်တစ်ခုက သဘာဝနည်းနဲ့ နည်းနည်း အံတုပြီး လုပ်တဲ့ ကုသမှုမျိုးတွေလည်း ကျွန်မတို့ ဆရာဝန်တွေက လုပ်ပေးတယ်ပေါ့။  ဥပမာဆိုရင် အရေးအကြောင်းတွေကို ပျောက်အောင်ဆိုရင် ဗိုတက်စ် တို့ ဖလာ တို့ထိုးကြ တယ်။ အခုဆို အရမ်းနာမည်ကြီးနေတဲ့ ကျိုး ထိုးတာမျိုးတွေရှိတယ်။ နောက်တစ်ခုက ဆဲလ်အသစ်တွေကို မြန်မြန် ပွားအောင်လုပ်တဲ့ ဒီ chemical trademark တွေ လုပ်တယ်။ အဲဒီလိုမျိုး ကျွန်မတို့က သဘာဝကို အံတုပြီး ကုသတဲ့ ကုသမျိုးတွေ လုပ်ပါတယ်။   ။

ငယ်ရွယ်နုပျိုအောင် ဘယ်လိုနေမလဲ -အပိုင်း(၁)

ငယ်ရွယ်နုပျိုအောင် ဘယ်လိုနေမလဲ -အပိုင်း(၂)

ငယ်ရွယ်နုပျိုအောင် ဘယ်လိုနေမလဲ  အပိုင်း(၃)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly