လာမည့်ဒီဇင်ဘာလတွင် မိုးလုံလေလုံအားကစားကွင်းထဲ၌ ဖျော်ဖြေပွဲများ ပြုလုပ်သွားမည့် BIGBANG အဖွဲ့

လာမည့်ဒီဇင်ဘာလတွင် မိုးလုံလေလုံအားကစားကွင်းထဲ၌ ဖျော်ဖြေပွဲများ ပြုလုပ်သွားမည့် BIGBANG အဖွဲ့

 

တောင်ကိုရီးယားပေါ့ပ်ဂီတအဖွဲ့ BIGBANG သည် လာမည့်ဒီဇင်ဘာလတွင် နှစ်ကုန်ဖျော်ဖြေပွဲအဖြစ် ဆိုးလ်မြို့ရှိ Gocheok Sky Dome မိုးလုံလေလုံ ဘေ့စ်ဘောအားကစားကွင်းကြီးထဲ၌ ရှိုးပွဲများကျင်းပသွားမည် ဖြစ်ကြောင်း အောက်တိုဘာလ ၁၉ရက်နေ့တွင် YG Entertainment က ကြေညာခဲ့သည်။

BIGBANG သည် လာမည့်ဒီဇင်ဘာလ ၃၀ နှင့် ၃၁ ရက်နေ့တွင် အဆိုပါအားကစားကွင်းကြီးထဲ၌ “BIGBANG 2017 Concert in Seoul” ခေါင်းစဉ်ဖြင့် ရှိုးပွဲကျင်းပသွားမည်ဖြစ်ပြီး စစ်မှုထမ်းတာဝန်ထမ်းဆောင်နေသော အဖွဲ့ဝင် T.O.P မှလွဲ၍ ကျန်အဖွဲ့သားအားလုံး အတူတကွဖျော်ဖြေသွားမည်ဖြစ်သည်။

BIGBANG အဖွဲ့ဝင်များသည် ယခု ၂၀၁၇ ခုနှစ်အတွင်း တစ်ကိုယ်တော်အနုပညာလုပ်ငန်းကိုယ်စီဖြင့် အလုပ်များလျက်ရှိနေသည်။ G-Dragon သည် သူ၏တစ်ကိုယ်တော်အယ်လ်ဘမ် “Kwon Ji Yong” ကို မကြာ ခင်ကမှ ထွက်ရှိထားပြီး “ACT III, M.O.T.T.E” ခေါင်းစဉ်ဖြင့် နယ်လှည့်ဖျော်ဖြေပွဲများ ပြုလုပ်လျက်ရှိသည်။

အဖွဲ့ဝင် Taeyang သည် တစ်ကိုယ်တော်အနုပညာလုပ်ငန်းများကို လုပ်ကိုင်နေသလို “WHITE NIGHT” ခေါင်းစဉ်ဖြင့် နယ်လှည့်ဖျော်ဖြေပွဲ ပြုလုပ်လျက်ရှိပြီး Daesung မှာ ဂျပန်နိုင်ငံ၌ အနုပညာလုပ်ငန်းများ လုပ်ကိုင် လျက်ရှိကာ မီနီအယ်လ်ဘမ်တစ်ချပ် ဖြန့်ချီခဲ့သည်။ အခြားအဖွဲ့ဝင် Seungri သည် သူ၏ကိုယ်ပိုင်အချိန်ကို ကောင်းမွန်စွာ အသုံးချလျက်ရှိသည်။

လောလောဆယ်တွင် BIGBANG အဖွဲ့သည် လာမည့်နိုဝင်ဘာလ ၁၈ရက်နေ့တွင် ဂျပန်နိုင်ငံ၌ ဖျော်ဖြေပွဲများ ပြုလုပ်သွားရန် ပြင်ဆင်နေသည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly