တရုတ်၏ တတိယသုံးလပတ်စီးပွားရေး ကြီးထွား

တရုတ်၏ တတိယသုံးလပတ်စီးပွားရေး ကြီးထွား

 

ပေကျင်း၊ အောက်တိုဘာ ၁၉ ။               ။ တရုတ်နိုင်ငံ၏ ယခုနှစ် တတိယသုံးလပတ် စီးပွားရေးသည် ပြီးခဲ့သည့် ၂၀၁၆ အလားတူကာလကထက် ၆ ဒဿမ ၈ ရာခိုင်နှုန်း ကြီးထွားခဲ့ကြောင်း အမျိုးသား စာရင်းအင်းဗျူရိုအရ သိရသည်။

အဆိုပါ ထုတ်ပြန်ချက်တွင် တရုတ်နိုင်ငံ၏ ဂျီဒီပီက ၂၀၁၇ ပထမကိုးလအတောအတွင်း တစ်နှစ်ကထက် ၆ ဒဿမ ၉ ရာခိုင်နှုန်း ဖွံ့ဖြိုးပြီး ယွမ် ၅၉ ဒဿမ ၃၂ ထရီယံ(အမေရိကန်ဒေါ်လာ ၉ ဒဿမ ၁၂ ထရီယံ) အထိ ရှိခဲ့ကြောင်း ဖော်ပြထားသည်။

တတိယသုံးလပတ်ဖြစ်သည့် ဇူလိုင်မှ စက်တင်ဘာအတွင်း “အားသစ်များ၏ မောင်းနှင်မှုဖြင့် အမျိုးသားစီးပွားရေးသည် အရှိန်အဟုန်ကြီးထွားမှုနှင့်အတူ ဖွံ့ဖြိုးမှု တည်ငြိမ်ကြောင်း” အမျိုးသား စာရင်းအင်းဗျူရိုမှ ပြောရေးဆိုခွင့်ရှိသူ Xing Zhihong က သတင်းစာရှင်းလင်ပွဲတွင် ပြောသည်။

ထိုအချက်အလက်အားဖြင့် “စီးပွားရေးဖွံ့ဖြိုးမှု နှစ်စဉ် ရည်မှန်းချက်ကို အခြေခိုင်ခိုင်ဖြင့် ရရှိခြင်း”ဟုလည်း ၎င်းက ဖြည့်စွက်ဆိုသည်။

တရုတ်အာဏာပိုင်များအနေဖြင့် ၂၀၁၇ အတွက် စီးပွားရေးရည်မှန်းချက်ကို ၆ ဒဿမ ၅ ရာခိုင်နှုန်း ရည်မှန်းထားခြင်း ဖြစ်ပြီး ယင်းရည်မှန်းချက်အတိုင်း ပြည့်မီခြင်းအပြင် ကျော်လွန်လည်း   ရောက်ရှိနိုင်သည်ဟု ယုံကြည်ထားသည်။

ယခုလအစောပိုင်းက နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ IMF က တရုတ်နိုင်ငံအတွက် ၎င်းတို့၏ ခန့်မှန်းချက်ကို ဆယ်ပုံတစ်ပုံ ထပ်တိုးကာ ၆ ဒဿမ ၈ ရာခိုင်နှုန်း ဖွံ့ဖြိုးမှု ရှိမည်ဖြစ်ကြောင်း   ပြောင်းလဲခန့်မှန်းခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly