အသက် ၃၇ နှစ်ရှိ အမျိုးသမီးနိုင်ငံရေးသမားတစ်ဦး နယူးဇီလန်ဝန်ကြီးချုပ်သစ် ဖြစ်လာမည်

အသက် ၃၇ နှစ်ရှိ အမျိုးသမီးနိုင်ငံရေးသမားတစ်ဦး နယူးဇီလန်ဝန်ကြီးချုပ်သစ် ဖြစ်လာမည်

 

အောက်တိုဘာ ၁၉ ။                ။ ပြီးခဲ့တဲ့ စက်တင်ဘာက ရွေးကောက်ပွဲတွေ ကျင်းပထားခဲ့တဲ့  နယူးဇီလန်နိုင်ငံမှာတော့ ယခုအခါ ညွန့်ပေါင်းအစိုးရတစ်ရပ် ဖွဲ့စည်းသွားဖို့ ရှိနေပြီး အလုပ်သမားပါတီခေါင်းဆောင် အမျိုးသမီးနိုင်ငံရေးသမား ဂျက်ဆင်ဒါ အာဒန်က နိုင်ငံရဲ့ ဝန်ကြီးချုပ်သစ် ဖြစ်လာတော့မှာ ဖြစ်ပါတယ်။

လွန်ခဲ့တဲ့ သုံးလကြာတုန်းကတော့ အတိုက်အခံခေါင်းဆောင်တစ်ဦး ဖြစ်ခဲ့တဲ့ မစ္စ အာဒန်ဟာဆိုရင် ယခုမှ အသက် ၃၇ နှစ်သာ ရှိသေးသူဖြစ်ပြီး ၁၈၆၅ ခုနှစ်နောက် နိုင်ငံရဲ့ အသက်အငယ်ဆုံးသော ဝန်ကြီးချုပ် ဖြစ်လာတော့မှာလည်း ဖြစ်ပါတယ်။

ဒ့ါအပြင် လူဦးရေ ၄ ဒသမ ၆ သန်းရှိ နိုင်ငံရဲ့ တတိယမြောက် အမျိုးသမီးဝန်ကြီးချုပ် ဖြစ်လာဖို့ ရှိနေပြီဖြစ်ပါတယ်။

သူမရဲ့ လေဘာပါတီကတော့ စက်တင်ဘာရွေးကောက်ပွဲတုန်းက ဒုတိယမဲအများဆုံး ရရှိထားခဲ့ပါတယ်။

အဆိုပါ ရွေးကောက်ပွဲတုန်းကတော့ အပြတ်အသက် အနိုင်ရရှိခဲ့တဲ့ ပါတီထွက်ပေါ်ထားခဲ့ခြင်း မရှိခဲ့အတွက်ကြောင့် အစိုးရဖွဲ့နိုင်ရေးအတွက် အကြိတ်အနယ်ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ရပါတယ်။

ယခုအခါမှာတော့ ရွေးကောက်ပွဲမှာ ဒုတိယမဲအများဆုံး ရခဲ့တဲ့ အာဒန်ရဲ့ လေဘာပါတီနဲ့ နောက်ထပ်ပါတီတစ်ခုဖြစ်တဲ့ နယူးဇီလန် ပထမဦးစားပေး ပါတီ တို့ ပူးပေါင်းပြီး ညွန့်ပေါင်းအစိုးရဖွဲ့ဖို့ အတွက် သဘောတူညီမှုရခဲ့ပြီ ဖြစ်ပါတယ်။ ယင်းပါတီနှစ်ခု ညွန့်ပေါင်းဖွဲ့မှုမှာ အခြားပါတီတစ်ခုဖြစ်တဲ့ အစိမ်းရောင်ပါတီကလည်း ပါဝင်ပူးပေါင်းသွားမယ်လို့ သိရပါတယ်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly