ငယ်ရွယ်နုပျိုအောင် ဘယ်လိုနေမလဲ . . . အပိုင်း(၃)

.

 

ဒေါက်တာခင်ဗျာ နဖူး  ၊ နှာခေါင်း နဲ့ ပါးမှာ ရဲပြီးနီနေပြီးတော့ ယားယံမူတွေ ဖြစ်ပြီး ဆေးသောက် ဆေးထိုးရင် ခဏပျောက်ပါတယ် ၊ ဘယ်လို ကုသရမလဲ။

ဖြေ -  ဟုတ်ကဲ့ရှင့်။ ပုံမမြင်ရဘဲနဲ့ ဘာကြောင့်ဖြစ်တယ်ဆိုတာ ပြောဖို့တော့ ခဲယဉ်းပါတယ်။ များသောအားဖြင့် သူပြောတဲ့ ပုံစံလေးကို မျက်စိထဲ နည်းနည်းပုံဖော်ပြီးတော့ ထင်တာလေ ။ များသောအားဖြင့် မျက်နှာအဆီပြန်လို့ ဖြစ်တဲ့ ရောဂါ တစ်မျိုး ရှိတယ်။ ကိုယ်မျက်နှာမှာ ရှိတဲ့ မှိုလေးတွေနဲ့ ဓာတ်ပြုပြီးတော့ ယားယံမှု ဖြစ်တဲ့ ပုံစံမျိုးပေါ့။ အဲဒီလို လူမျိုးတွေဟာ ဗောက်လည်း ဖြစ်ကြတယ်။ အဲဒီလို လူမျိုးတွေမှာ မျက်ခုံးတွေ ၊ နှာခေါင်းတွေ ၊ ပါးတွေမှာ ရဲမယ်။ ရဲပြီးတော့ အရေခွံ မှုန်မှုန်လေးတွေ ကွာတဲ့ ပုံစံလေးတွေ ဖြစ်မယ်ပေါ့။ ဒါပေမယ့် ကျွန်မ ဒီရောဂါဖြစ်လား မဖြစ်ဘူးလား မပြောရဲဘူးပေါ့။ ကိုယ်မမြင်ရတဲ့ အခါကျတော့ပေါ့နော်။ တကယ်လို့သာ အဲဒီလို ဖြစ်တယ်ဆိုရင်တော့ သူက မှိုဆေးလေးတစ်ချို့ လိမ်းသင့်တယ်။ ဆေးလိမ်းတယ် ဆိုလို့ ရှိရင်လည်း ဆရာဝန်နဲ့ တကယ်တိုင်ပင်ပြီးမှ လိမ်းသင့်ပါတယ်.။ ကိုယ့်ဟာနဲ့ကိုယ်တော့ မလိမ်းသင့်ပါဘူး။ အဲဒီလိုမျိုးလေး လိမ်းသွားမယ်။ တကယ် ဒီရောဂါ ဘာလဲ သေချာတယ်။ ကိုယ့်ရောဂါနဲ့ သင့်တော်မယ့်ဆေးနဲ့ တွေ့မယ်ဆိုရင်တော့ ပျောက်ကင်းနိုင်ပါတယ်ရှင့်။

ဒေါ်ခင်သောင်းဦးဆိုတဲ့ အမျိုးသမီးတစ်ယောက် မေးလာတာကတော့ မျက်နှာနဲ့ လည်ပင်း အသားပိုများ ပျောက်ချင်ပါတယ် ဆရာမ။ အကြံပေးပါ။

ဖြေ - အသားပိုလေးတွေမှာဆိုရင် တစ်ချို့ အသားပိုလေးတွေက ပိန်ပိန်လေး ။ လည်ပင်းတွေမှာ ပေါက်တဲ့ အသားပိုလေး ရှိတယ်ပေါ့။ တစ်ချို့ကျတော့လည်း အချပ်လိုက်ကြီး ကပ်နေတဲ့ အသားပို ပုံစံလေးတွေ ရှိတယ်ပေါ့။ တကယ်လို့ လည်ပင်လိုမျိုးပါတဲ့ အသားပိုမျိုးလေးတွေ ဆိုရင် သူက ဆေးခန်းမလာလဲ ကိုယ့်ဟာနဲ့ကိုယ် လုပ်လို့ ရတယ်။ သူက ဘယ်လိုလဲဆိုတော့ အသားပိုရဲ့ လည်ပင်လေးကို အပ်ချည်ကြိုးလေးနဲ့ အသားလေး ချီထားလိုက်ပေါ့နော်။ နောက် တစ်ရက် နှစ်ရက်လောက်နေရင် သူ့ဟာနဲ့ သူ ကြွေသွားတယ်။ အဲဒီနေရာကို သွေးမရောက်တော့ဘူးပေါ့နော်။ တကယ်လို့ တစ်လုံး နှစ်လုံး ရှိတယ်ဆိုရင် ကိုယ့်ဟာနဲ့ကိုယ် အဲဒီလိုမျိုးလေး လုပ်လို့ ရပါတယ်လို့။

အဲဒါက ဘာကြောင့်ဖြစ်တာလဲ။ အရမ်းများလာရင် ဘယ်လိုမျိုး အန္တရာယ် ဖြစ်နိုင်လဲ။

ဖြေ - သူက ဘယ်လိုမျိုး အန္တရာယ် ဖြစ်နိုင်လဲ ဆိုတော့ အန္တရာယ်တော့ မဖြစ်ဘူး။ အဲဒါက ကိုယ့်ကျန်းမာရေးကို အန္တရာယ် မပေးဘူး.။ ဘာမှ မဖြစ်ဘူး ဒါပေမယ့် အမြင်အရ စိတ်အနှောင့်ယှက် ဖြစ်တယ်ပေါ့။ ရုပ်ပိုင်းဆိုင်ရာ အရ အနှောက်ယှက်ပေးရင် စိတ်ပိုင်းဆိုင်ရာအရပါ အနှောက်ယှက် လာပေးတယ်ပေါ့နော်။ အဲဒီအခါကျတော့ လုပ်ချင်တယ်ပေါ့။ လုပ်လို့ ရတယ်။ ပြီးတော့ သူက ဘာကြောင့်ဖြစ်တာလဲဆိုတော့ ဂျင်းကြောင့်ပါပဲ။ ဂျင်းရှိတိုင်းလည်း ဒီတိုင်း မဖြစ်ဘူး။ ပွတ်တိုက်လို့လဲ ဖြစ်တယ်။ တစ်ချို့ကျတော့ အဲဒီလို အသားပိုတွေ ရှိရင် ကျွတ်သွားအောင်ဆိုပြီး လက်နဲ့ ပွတ်တယ်။ တဘက်တွေနဲ့ အရမ်းပွတ်တာ ရှိတယ်။ တကယ်တော့ အဲဒီလို လုပ်တာဟာ သူ့အတွက် ပိုပြီးတော့ ဆိုးစေတယ်ပေါ့နော်။ ဘာဖြစ်လို့လဲဆိုတော့ အရေအတွက်တွေ ပိုများ လာတဲ့ အခါကျတော့ အဲဒီလို ပွတ်တာမျိုးတွေ မလုပ်သင့်ဘူး။ အစိုဓာတ်လေး နည်းနည်းထပ်ပြီးတော့ မော်ချူရိုက်ဇာ လိမ်းလို့ ရှိရင် နည်းနည်း သက်သာတယ်ပေါ့ ။

အရင်မေးထားတဲ့ တစ်ယောက်က သူရဲ့ မေးခွန်းကို ပြန်ဖြေလာပါတယ်။ Illusion Shiva ကပေါ့။  ဟုတ်ပါတယ်။ ဝက်ခြံအမျိုးစားက ဆင်ဝက်ခြံပါ ပြီးတော့ အများကြီးကို ထွက်ခဲ့ဘူးပါတယ်။ ၆နှစ်လောက်ထွက်ခဲ့ဘူးပါတယ်။ ပြီးတော့ နှုတ်ခမ်းမဲတာကိုရော ဘယ်လိုဖျောက်လို့ ရမလဲ ဆရာမ။

ဖြေ - သူက အခုနက ဆေးလိပ်သောက်တယ်လို့ ပြောတဲ့ သူတစ်ယောက် ဖြစ်လိမ့်မယ်။ ဒါကတော့ ဆေးလိပ်သောက်လို့ ရှိရင် သူ့မှာ ပါတဲ့ နီကိုတင်းက နှုတ်ခမ်းကို မည်းစေတယ်ပေါ့။   နှုတ်ခမ်းမည်းဖို့ဆိုရင် အရင်ဆုံး အဲဒါကို စိတ်မဝင်စားခင် ဆေးလိပ်သောက်တာကို လျော့ပေးစေချင်ပါတယ်။ ဒါမှ မဟုတ်ရင် ဖြတ်ပေးပါပေါ့နော်။ မဟုတ်လို့ ရှိရင် ကုပြီးရင်လည်း ပြန်မည်းမှာပဲ ပေါ့။ အဲဒါကြောင့် နှုတ်ခမ်း မမည်းချင်ဘူးဆိုရင် ဆေးလိပ်လေးကို ဖြတ်ပေးပေါ့နော်။ နောက်တစ်ခုက အဲဒါကို ဖြတ်လိုက်ပြီ၊ ထပ်မည်းစရာ အကြောင်း မရှိတော့ဘူးဆိုလို့ ရှိရင် ၊ ဆဲလ်အသေတွေနဲ့ မည်းမည်း အချပ်ကြီး ဖြစ်နေတာကို ဖြေးဖြေးချင်း ကွာသွားအောင် ၊ အရေပြားကြီးကို လက်နဲ့ ဆွဲခွာခိုင်းတာမျိုး မဟုတ်ဘဲနဲ့ ညပိုင်း သကြားလေးနဲ့ နည်းနည်း ပွတ်ပွတ်ပေးတာမျိုး ၊ ဒါမှ မဟုတ်လို့ ရှိရင် သံပုရာရည်လေးနဲ့ ပွတ်ပေးတာမျိုး ဆိုလို့ ရှိရင် ၊ အချိန်ကာလ ကြာလာလို့ ရှိရင် ၊ အနည်းနဲ့ အများ အရောင်ဖျော့သွားတယ်ပေါ့။ ဒါကတော့ သူနောက်ထပ် အသစ် ထပ်မမည်းဘူးဆိုရင်ပေါ့။

နောက်ထပ် မေးလာတဲ့ သူတစ်ယောက်ကတော့ ကိုပိုင်ထက်ကို ပါ။ သူက ဘာမေးလာလဲဆိုတော့ ယားနာတွေ ပေါက်ပြီး ကြာတော့ အမဲကွက်တွေ ဖြစ်လာပါတယ်. အမဲကွက်တွေ ပျောက်အောင် သောက်ဆေးလိမ်းဆေးလေး များ တစ်ခုခု ရနိုင်မလား။

ဖြေ - ယားနာပေါက်တာပဲ ဖြစ်ဖြစ် ဝက်ခြံပေါက်တာပဲ ဖြစ်ဖြစ် များသောအားဖြင့် အမဲစက်လေးတွေ ကျန်ကြ တယ်။ ဘာလို့လဲဆိုတော့ ကျွန်မတို့ လူမျိုးက အသား အရေက ညိုကြတာ များတယ်။ နေရောင်ခြည်တွေ များတဲ့ အခါကျတော့ ဒဏ်ရာလေးတစ်ခုခု ရတာနဲ့ မဲပြီးကျန်မှာ လူတိုင်းပဲ။ ကိုယ်က မျက်နှာကို ဂရုစိုက်တယ်။ ကရင်မ် တွေ ဘာတွေ လိမ်းတယ်ဆိုရင် နှစ်လ သုံးလလောက် နေရင် ပျောက်သွားရော။ ဒါပေမယ့် ခြေထောက်တွေ လက်တွေမှာဆိုရင် သွေးလည်ပတ်မှုကလည်း မကောင်း ။ ဘာမှလည်း မလိမ်းဘူးဆိုတော့ တစ်သက်လုံး မပျောက်တော့ဘူး။ ကျွန်မဆီ လာတဲ့ သူတွေဆိုရင် ဘယ်လို ပြောလဲဆိုတော့ အမဲစက်ရှိလို့ အမာရွက်ပျောက်ဆေးတွေ လိမ်းတယ်။ တကယ်တော့ အဲဒီ အမာရွက်ပျောက်ဆေးတွေဟာ ဂျိုင်းခွဲဖြစ်တာတို့ ဖုနေတဲ့ အမာရွက်တွေကို လိမ်းတာပေါ့။ ဒီ အမဲစက်နဲ့ ဘာမှ မဆိုင်ဘူးပေါ့။ တကယ်လို့ အမဲစက်ဖြစ်တယ် ဆိုရင် အမဲစက်လိမ်းတဲ့ ဆေးလေးတွေက သပ်သပ်ရှိပါတယ်။ အဲဒါက ဘယ်လိုမျိုးတွေလည်း ဆိုတော့ အရေပြား အသစ်မြန်မြန် ပွားစေတဲ့ ဆေးမျိုးတွေပေါ့။ သောက်ဆေးတော့ မဟုတ်ဘူး။ လိမ်းဆေးမျိုးပေါ့။ ဥပမာ ဗီတာမင် A ပါတဲ့ ဆေးပေါ့နော်။ ဒီလို ဆေးလေးတွေကို လိမ်းလို့ ရပါတယ်။ ကိုယ်ခန္ဓာမှာ ဆိုရင်တော့ တော်တော်လေး အန္တရာယ် ကင်းကင်းနဲ့ လိမ်းလို့ ရတယ်။ ဒါပေမယ့် ဖြစ်နိုင်တယ်ဆိုရင် သူက ညဘက်ပိုင်းပဲ လိမ်းရတယ်ပေါ့။ နေ့ဘက်ပိုင်း မလိမ်းရဘူးပေါ့နော်။ လိမ်းတယ်။ နောက်တစ်ခုက ထပ်ပြီးတော့ မမည်းအောင် နေလောင်ကာဆေးလေးနဲ့ တွဲလိမ်းပေးတယ်ဆိုလို့ ရှိရင် သုံးလ ခြောက်လလောက် ကြာလို့ ရှိရင် ပျောက်သွား ပါလိမ့်မယ်။ နောက်ထပ် မြန်မြန်လေး ပျောက်ချင်တယ်ဆိုလို့ ရှိရင် ဗီတာမင် C ပါတဲ့ သောက်ဆေးလေးတွေ တွဲသောက်ပေးလို့ ရှိရင် ဥပမာဆိုရင်တော့ Retin A ပေါ့နော်။

အမျိုးသားတစ်ယောက်ဖြစ်တဲ့ Ben Ja Ming ဆိုတဲ့ တစ်ယောက် မေးလာတာကတော့ ဆရာမ ခင်ဗျာ ဆံပင်ဖြူတာ ဘယ်လို လုပ်ရမလဲ။

ဖြေ - အမှန်တိုင်းပြောရမယ်ဆိုရင် ဆံပင်ဖြူတာတော့ ကုသရမယ့် နည်းတော့ မရှိဘူးပေါ့နော်။ သူက ဂျင်း ကြောင့် ဖြစ်တယ်ပေါ့။ ရောင်ခြည်လေးတွေ ပျက်စီးသွားတယ်ပေါ့။ တစ်ချို့ ပြောကြတာက Health ဖြစ်တဲ့ အစားသောက်တွေ စားမယ်ဆိုရင်တော့ လွယ်လွယ်ကူကူနဲ့ မဖြူနိုင်ဘူးပေါ့။ ဆံပင်ကို ကျန်းမာစေတဲ့ ဆေးမျိုး သောက်တယ်ဆိုရင်တော့ သက်သာစေတယ်ပေါ့။

ကြားဖူးတာက စိတ်ဖိစီးမှု များတာတို့ ၊ အလုပ် အရမ်းလုပ်ရပြီး စဉ်းစားတဲ့သူတွေဟာ ဆံပင်မြန်မြန်ဖြူတယ်လို့ ပြောကြတယ်။ အဲဒါ ဟုတ်လား ၊ ဆိုင်လား ဆရာမ။

ဖြေ - ဒါလည်း နည်းနည်းတော့ ဆိုင်ပါတယ်။

ဆက်စပ်ပြီး ပြောချင်တာက အချို့က ဆံပင်ဖြူတယ်ဆိုတာ အိုမင်းရင့်ရော်ခြင်းရဲ့ လက္ခဏာလားလို့ မေးကြတယ်။ အဲဒါ ဟုတ်လား ဆရာမ။

ဖြေ - အနည်းနဲ့ အများတော့ ဆိုင်တာပေါ့။ ပုံမှန်ဆိုရင်တော့ အသက်ကြီးမှ ဖြူရမယ်ပေါ့။ ဒါပေမယ့် တစ်ချို့ လူတွေက ငယ်ရွယ်ကတည်း က ဖြူတဲ့ သူတွေလည်း ရှိပါတယ်။ ဒါပေမယ့် အဲဒီလို ဖြူနေလို့ ငယ်ကတည်းက အိုနေတယ်ဆိုတဲ့ စကားလုံးတော့ သုံးလို့ မရဘူး။

ကိုဝင်းဆိုတဲ့ အမျိုးသားတစ်ယောက်က ဘာမေးလာလဲဆိုတော့ မင်္ဂလာပါဆရာမ အရမ်းဝပြီး ဗိုက်ကြီးပူ နေပါတယ် ၊ အဲဒါ ဘယ်လိုလုပ်ရမလဲ တစ်ချက်လောက် ရှင်းပြပေးပါနော်။ ကျေးဇူးတင်ပါတယ်။

ဖြေ - ဗိုက်ကြီး ပူနေတာထက်စာရင် ဘယ်လို ပိန်အောင် စားသောက်ရမလဲဆိုတာ ပြောရမယ်ထင်တယ်နော်။ တစ်ချို့ကျတော့ ကျွန်မတို့ဆီလာလို့ ရှိရင် ပိန်ချင်တယ်ပေါ့။ ဘာဆေးသောက်လို့ ရလဲ။ ဘာဆေးထိုးလို့ ရလဲ လို့ မေးကြတယ်။ ဒါပေမယ့် ဆေးထိုးတာတို့ ဆေးသောက်တာတို့ဆိုတာ အကူညီပဲ အများကြီး ဖြစ်တယ်ပေါ့။ ဒါပေမယ့် အဓိက လုပ်ရမှာက သူ့ရဲ့ Life Style  တစ်ခုလုံးကို ပြောင်းရမှာ။ Life Style  ဆိုတဲ့ နေရာမှာလည်း သူရဲ့ အစားသောက်ပေါ့။ အစားစားတဲ့ အချိန်ကလည်း အရေးကြီးတယ်။ ဘာ အစားသောက် တွေ စားလည်း ဆိုတာ အရေးကြီးတယ်။ နောက်တစ်ခုက လေ့ကျင့်ခန်း လုပ်လား မလုပ်သလားဆိုတာလည်း အရေးကြီးတယ်။ အစားသောက်ဆိုတာ ကျွန်မတို့ ခန္ဓာကိုယ်ကို တကယ်ဝစေတာက ကစီဓာတ်ပေါ့။ အဆီတွေက ဝစေတယ်။ အဲကြောင့် တကယ်လို့ ပိန်ချင်တယ်ဆိုရင် ကစီဓာတ်ပါတဲ့ အစားစာတွေကို လျော့စား ရမယ်။ ဥပမာဆိုရင် ဆန်၊ ဂျုံ၊ ပြောင်း၊ အားလူး ပေါ့။ သကြားလည်း ပါတယ်။ ဒါလေးတွေကို လျော့စားရမယ်။ လုံးဝ မလျော့နိုင်ဘူး ဆိုရင်တောင် မနက်စာမှာ နည်းနည်း လျော့စားရမယ်ပေါ့။ နေ့လည်စာမှာဆိုရင် ထပ်လျော့ မယ်။ ဖြစ်နိုင်ရင် မပါအောင် စားတာ ကောင်းတယ်ပေါ့။ ပြီးတဲ့ အခါကျတော့ အစားစားတဲ့ အချိန်ကလည်း အရေးကြီးတယ်။ များသောအားဖြင့် ကိုယ်ခန္ဓာ မဝချင်ဘူးဆိုရင် ၊ ဘယ်ချိန်မှာ မနက်စာ စားမလဲဆိုရင် ၆ နာရီ ၇ နာရီလောက်မှာ မနက်စာ စားမယ်ပေါ့။ နေ့လည်စာဆိုရင် ၁၁ နာရီ ၁၂ နာရီ မကျော်စေနဲ့ပေါ့။ ညစာဆိုရင် လည်း ၅နာရီ ၆ နာရီ မကျော်ဘဲနဲ့ စားတာ ပိုပြီးတော့ ကောင်းတယ်။ ပြီးတဲ့အခါကျတော့ အများကြီး သုံးကြိမ် စားတာထက်၊ စားလို့ ရှိရင် နည်းနည်းလေးခွဲပြီးတော့ လေးငါးကြိမ် စားတာက ကျန်းမာရေးအတွက် ပိုကောင်း တယ်။ တကယ်လို့ အဲဒီလိုသာ စားမယ်ဆိုရင် သူက ကိုယ်အလေးချိန် ဖြေးဖြေးခြင်း ကျဆင်းလာမယ်။ တစ်ချို့ကျတော့လည်း ဆရာမ ထမင်းမစားဘူး။ ကျွန်တော် ခေါက်ဆွဲစားတယ်။ အတူတူပဲ။ မုန့်စားတယ်။ အတူတူပဲ။ အဲဒီအခါကျ တော့ သူ့အတွက် ကိုယ်အလေးချိန်မကျဘူးဆိုတာ မထူးဆန်းဘူးပေါ့နော်။ ပြီးတဲ့အခါကျတော့ အဆီတွေပေါ့။ အသားဆိုရင် ဝက်သားဆိုရင် အဆီပေါ့။ ကြက်သားဆိုရင်လည်း အရေခွံ တွေ ၊ ချိုတဲ့အပိုင်းတွေ အဲဒါတွေက ဝစေတယ်ပေါ့။ အရေခွံက အရမ်းဝတယ်ရှင့်။    ။

ငယ်ရွယ်နုပျိုအောင် ဘယ်လိုနေမလဲ -အပိုင်း(၁)

ငယ်ရွယ်နုပျိုအောင် ဘယ်လိုနေမလဲ -အပိုင်း(၂)