အမေရိကန်ပြည်နယ်နှစ်ခုမှာ လူသုံးဦးသေဆုံးစေခဲ့တဲ့ သေနတ်ပစ်ခတ်မှု သံသယတရားခံကို ရဲတပ်ဖွဲ့ဖမ်းဆီး

အမေရိကန်ပြည်နယ်နှစ်ခုမှာ လူသုံးဦးသေဆုံးစေခဲ့တဲ့ သေနတ်ပစ်ခတ်မှု သံသယတရားခံကို ရဲတပ်ဖွဲ့ဖမ်းဆီး

 

 

အောက်တိုဘာ ၁၉ ။                        ။ အမေရိကန်နိုင်ငံ မေရီလန်းနဲ့ ဒဲလ်ဝဲရား ပြည်နယ်တို့မှာ လူသုံးဦး သေဆုံးပြီး နှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့ သေနတ်ပစ်ခတ်မှုဖြစ်စဉ်တွေ ဖြစ်ပွားခဲ့ရာ ယခုအခါယင်းဖြစ်စဉ်တွေနဲ့ပတ်သက်လို့ သံသယတရားခံအမျိုးသားတစ်ဦးကို ဖမ်းဆီးရမိထားကြောင်း ရဲတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။

သေနတ်ပစ်ခတ်မှုဖြစ်ပြီး လိုက်လံရှာဖွေပြီးနောက် ရက်ဒီး လက်ဘီး ပရင့်စ် ဆိုသူ သံသယတရားခံအမျိုးသားကို ဒဲလ်ဝဲရားပြည်နယ်မှာ ဖမ်းဆီးမိခဲ့တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၁၈ ရက် မနက်ပိုင်းက ဘယ်လ်တီမိုးမြို့မှာ အဆိုပါ ပစ်ခတ်မှု စဖြစ်ခဲ့တာဖြစ်တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

ယခု ပစ်ခတ်မှုမှာတော့ အဆိုပါ မေရီလန်းပြည်နယ် ဘယ်လ်တီမိုးမြို့က Advanced Granite Solutions ဆိုတဲ့ ကုမ္ပဏီတစ်ခုမှာ ပစ်ခတ်မှုဖြစ်ပွားခဲ့တာဖြစ်ပြီး ယင်းဖြစ်စဉ်မှာ သုံးဦး သေဆုံးပြီး အခြားနှစ်ဦး ထိခိုက်ဒဏ်ရာရရှိသွားခဲ့ပါတယ်။ယင်းနောက် အသက် ၃၇ နှစ်ရှိ သံသယတရားခံ ပရင့်စ်ကို ရဲတပ်ဖွဲ့က ဖမ်းဆီးထားခဲ့တာဖြစ်ပါတယ်။

ယင်းဖြစ်စဉ်ကိုတော့ လုပ်ငန်းခွင်အတွင်း ပစ်ခတ်မှုအဖြစ် စုံစမ်းစစ်ဆေးသူတွေက သတ်မှတ်ထားပါတယ်။

စုံစမ်းစစ်ဆေးမှုတွေအရ ပရင့်စ်ဟာ အဆိုပါ မေရီလန်း ပြည်နယ် ပစ်ခတ်မှုဖြစ်အပြီး ကားနဲ့ ဆက်လက်ထွက်ခွာလာက ဒဲလ်ဝဲရားပြည်နယ်သို့ အရောက် နောက်ထပ် အမျိုးသားတစ်ဦးကိုပါ ထပ်မံပစ်ခတ်ခဲ့သေးတယ်လို့ သိရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly