မာလီနိုင်ငံက ရာဇဝတ်မှုဖြစ်စဉ်များအပေါ် နိုင်ငံတကာရာဇဝတ်ခုံရုံး အထူးစုံစမ်းစစ်ဆေးနေ

မာလီနိုင်ငံက ရာဇဝတ်မှုဖြစ်စဉ်များအပေါ် နိုင်ငံတကာရာဇဝတ်ခုံရုံး အထူးစုံစမ်းစစ်ဆေးနေ

 

အောက်တိုဘာ ၁၉ ။           ။ မာလီနိုင်ငံမှာ ဖြစ်ခဲ့ပြီး စစ်ရာဇဝတ်မှုမြောက်နိုင်တဲ့ ဖြစ်စဉ်အများအပြားနဲ့ပတ်သက်လို့ အထူးအလေးထားစုံစမ်းစစ်ဆေးနေလျက်ရှိကြောင်း နိုင်ငံတကာရာဇဝတ်ခုံရုံး (ICC) က အောက်တိုဘာ ၁၈ ရက်က ထုတ်ပြန်ကြေညာလာပါတယ်။

" မာလီ မှာ ဖြစ်ခဲ့တဲ့ ရာဇဝတ်မှု ကိစ္စတွေနဲ့ပတ်သက်လို့ ဆက်လက်စုံစမ်းစစ်ဆေးနေပါတယ်၊ ဒီထဲမှာ စစ်ရာဇဝတ်မှု အကျုံးဝင်နိုင်တဲ့ ဖြစ်စဉ်တွေ၊ ငြိမ်းချမ်းရေးစောင့်ကြည့်သူတွေအပေါ် လိင်ပိုင်းဆိုင်ရာ ကျူးလွန်မှုတွေ၊ သတ်ဖြတ်မှုတွေ နဲ့ပတ်သက်လို့ စုံစမ်းစစ်ဆေးနေပါတယ်" ဆိုပြီး ICC အကြီးအကဲတစ်ဦးဖြစ်တဲ့ ဖက်တိုဘန်ဆောက်ဒါက ပြောပါတယ်။

ယင်းနိုင်ငံမှာ ဂျီဟက်တစ်ဦးဖြစ်တဲ့ အာမက်ဒ် အယ်လ် ဖာကီ အယ်လ်မာဒီ ဆိုသူက နိုင်ငံမြောက်ပိုင်း တင်ဘက်ကူမြို့မှာ သမိုင်းဝင်အမွေအနှစ်ကျောင်းဆောင်တွေကို ဖျက်ဆီးခဲ့ရာမှာတော့ တန်ဖိုး ယူရို ၂ ဒသမ ၇ သန်းအထိ ဆုံးရှုံးခဲ့ရပါတယ်။ ယင်း ကိစ္စနဲ့ပတ်သက်လို့လည်း စစ်ရာဇဝတ်မှုအဖြစ် သတ်မှတ်ပြီး အယ်လ်မာဒီကိုလည်း ICC တရားရုံးက အရေးယူဆောင်ရွက်ခဲ့ပါတယ်။

ယင်း ယူနက်စကို ကမ္ဘာ့အမွေအနှစ်တွေကို ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်ဖျက်ဆီးခဲ့တဲ့ ဖြစ်စဉ်နဲ့ပတ်သက်လို့ အယ်လ်မာဒီကလည်း ထုတ်ဖော်ဝန်ခံခဲ့ရပြီး ၎င်းကို ၂၀၁၆ ခုနှစ်တုန်းက ထောင် ကိုးနှစ် ချမှတ်ခဲ့ပါတယ်။

ယခုအခါမှာတော့ အဆိုပါ တရားရုံးအနေနဲ့ မာလီနိုင်ငံတွင်းက အခြားသော ရာဇဝတ်မှုတွေ၊ အထူးသဖြင့် ကုလငြိမ်းချမ်းရေးစောင့်ကြည့်သူတွေ တိုက်ခိုက်ခံထားရမှုကိစ္စတွေနဲ့ပတ်သက်လို့ ဆက်လက်ဖော်ထုတ်စစ်ဆေးနေလျက်ရှိနေတယ်လို့ သိရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags