ပျောက်ဆုံး တပ်မတော်ဂျက်လေယာဉ် ပြန်တွေ့သော်လည်း လေယာဉ်မှူးများ ပျောက်ဆုံးနေသေး

ပျောက်ဆုံး တပ်မတော်ဂျက်လေယာဉ် ပြန်တွေ့သော်လည်း လေယာဉ်မှူးများ ပျောက်ဆုံးနေသေး
G-4 လေယာဉ်တစ်စီးအား တွေ့ရစဉ်။ ဓာတ်ပုံ-အင်တာနက်

တစ်လကျော်ကြာ ပျောက်ဆုံးနေသော လေ့ကျင့်ပျံသန်းရေး G-4 ဂျက်လေယာဉ်၏ အစိတ်အပိုင်းများပြန်တွေ့သော်လည်း လေယာဉ်မှူးများ ပျောက်ဆုံးနေသေးကြောင်း ယနေ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးမှ ထုတ်ပြန်သည်။

ယနေ့ အောက်တိုဘာလ ၁၈ ရက်၊ ညနေ ၃ နာရီခန့်တွင် G-4 ဂျက်လေယာဉ်၏ လေယာဉ်ဦးခေါင်းအစိတ်အပိုင်း၊ ဘီး ၁ လုံး၊ တောင်ပံအပိုင်း ၂ ခု၊ ထိုင်ခုံ၊ လေထီး၊ စက်ပစ္စည်းအပိုင်းအစများနှင့် PT2 တံဆိပ်ပါ ဘူး ၁ ဘူးတို့အား ဂွမြို့၏ တောက်ဘက် ၁၂ မိုင်ခန့််အကွာ၊ လေယာဉ်ဆက်သွယ်မှု ပြတ်တောက်ခဲ့သည့် နေရာ၏ မြောက်ဘက် ၅ မိုင်ခန့်အကွာ၌ ပြန်လည်ရှာဖွေတွေ့ရှိခဲ့သည်။

၎င်းဂျက်လေယာဉ်ကိုမောင်းနှင်ခဲ့သည့် လေယာဉ်မှူး ဗိုလ်မှူး ကောင်းထိုက်၊ တွဲဖက် လေယာဉ်မှူး ဗိုလ်ကြီး သော်ဇင်စိုးနှင့် ကျန်ရှိလေယာဉ်အစိတ်အပိုင်းတု့ိအား ဆက်လက် ရှာဖွေလျက်ရှိကြောင်းနှင့် ပျက်ကျသွားသည့် အကြောင်းအရင်းအား ဖော်ထုတ်သိရှိနိုင်ရေးဆောင်ရွက်နေကြောင်း ထုတ်ပြန်သည်။

ဖြစ်စဉ်မှာတပ်မတော်(လေ)မှ လေ့ကျင့်ပျံသန်းရေး G-4 ဂျက်လေယာဉ်တစ်စီးသည် စက်တင်ဘာ ၅ ရက် နံနက်ပိုင်းတွင် ပုသိမ်-ဟင်္သာတ-ဂွ-ပုသိမ်လမ်းကြောင်းအတိုင်း လေ့ကျင့်ပျံသန်းစဉ် နံနက် ၉ နာရီ ၁၈ မိနစ်တွင် ပုသိမ်မြို့၏အနောက်မြောက်ဘက် ၃၅၀ ဒီဂရီ၊ အကွာအဝေးအားဖြင့် ၃၆ မိုင်ခန့်အကွာ၌ ပုသိမ်လေဆိပ်နှင့် နောက်ဆုံး အဆက်အသွယ်ရရှိပြီးနောက်ပိုင်း ပျောက်ဆုံးသွားခဲ့သည်။

အဆိုပါဂျက်လေယာဉ်အား ရှာဖွေတွေ့ရှိစေရေးအတွက် အဆက်အသွယ်ပြတ် တောက်ခဲ့သည့် ယင်းနေ့နံနက်ပိုင်းမှစတင်၍ လေယာဉ်ပျံသန်းရာလမ်းကြောင်းတစ်လျှောက်တွင် မြေပြင်တပ်များနှင့် တပ်မတော်(လေ)မှ လေယာဉ်များ၊ ရဟတ်ယာဉ်များဖြင့် ရှာဖွေရေးလုပ်ငန်းများ ကြိုးပမ်းဆောင်ရွက်ခဲ့ရာ မြေပြင်တပ်များက အတွက် ဆောင်ရွက်လျက်ရှိကြောင်း ထုတ်ပြန်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly