ဒီဘရိုင်းမှာ နေမာ၏ လစာငွေလောက် ရရှိသင့်သည်ဟု အေးဂျင့်ဖြစ်သူပြော

ဒီဘရိုင်းမှာ နေမာ၏ လစာငွေလောက် ရရှိသင့်သည်ဟု အေးဂျင့်ဖြစ်သူပြော

အောက်တိုဘာ ၁၈၊ အင်္ဂလန် ။          ။ ကီဗင်ဒီဘရိုင်း၏ အေးဂျင့်ဖြစ်သူက သူ၏ကစားသမားမှာ နေမာ၏ လစာငွေပမာဏလောက် ရရှိသင့်သည်ဟု ပြောဆိုလိုက်သည်။

ဒီဘရိုင်းသည် ယခုနှစ်ရာသီတွင် မန်စီးတီးအသင်းအတွက် ခြေစွမ်းပြကစားလျက်ရှိပြီး နာပိုလီနှင့်ပွဲတွင်လည်း ဂျီးဆပ်၏ သွင်းဂိုးကို ဖန်တီးပေးခဲ့သည်။

ဒီဘရိုင်းမှာ လက်ရှိတွင် တစ်ပတ်လစာငွေပေါင် ၁၁၅,၀၀၀ ရရှိနေပြီး စာချုပ်သက်တမ်းမှာ ၂၀၂၁ ခုနှစ်အထိ ကျန်ရှိနေသေးသည်။ သို့သော် လက်ရှိတွင် ဒီဘရိုင်းမှာ ခြေစွမ်းပြသနေသည့်အတွက် လာမည့်လအတွင်း မန်စီးတီးနှင့် စာချုပ်သစ်ကိစ္စအတွက် ဆွေးနွေးမည် ဖြစ်သည်။

 “ဒီဘရိုင်းရဲ့စာချုပ်သက်တမ်းတိုးဖို့ လာမယ့်လမှာ မန်စီးတီးအသင်းနဲ့တွေ့ဆုံဆွေးနွေးသွားမှာပါ။ သူ့ရဲ့လစာငွေဘယ်လောက်ဆိုတာကတော့ ကျွန်တော်မပြောနိုင်ပါဘူး။ ဒါပေမဲ့ နေမာနဲ့အမ်ဘတ်ပီတို့ကို ပီအက်စ်ဂျီက ဘယ်လောက်ပေးထားတယ်ဆိုတာ အားလုံးသိပြီးသားပါ။ ခင်ဗျားတို့ ပုံဖော်ကြည့်လို့ရပါတယ်” ဟု ဒီဘရိုင်း၏အေးဂျင့် ကော်စတာက ဆိုသည်။

လက်ရှိတွင် နေမာသည် တစ်ပတ်လုပ်ခလစာငွေ ပေါင်ငါးသိန်းရရှိနေပြီး အမ်ဘတ်ပီမှာ ပေါင်သုံးသိန်းရရှိနေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly