၁၉ ကြိမ်မြောက် ကွန်မြူနစ်ပါတီ အမျိုးသားညီလာခံ၌ သမ္မတရှီကျင်းပင် အဖွင့်အမှာစကားပြောကြား

၁၉ ကြိမ်မြောက် ကွန်မြူနစ်ပါတီ အမျိုးသားညီလာခံ၌ သမ္မတရှီကျင်းပင် အဖွင့်အမှာစကားပြောကြား

ဘေဂျင်း၊ တရုတ်၊ အောက်တိုဘာ ၁၈ ။           ။ ကွန်မြူနစ်ပါတီ၏ အတွင်းရေးမှူးချုပ်ဖြစ်သူ သမ္မတရှီကျင်းပင်သည် ဗုဒ္ဓဟူးနေ့တွင် တရုတ်ကွန်မြူနစ်ပါတီ၏ ၁၉ကြိမ်မြောက် အမျိုးသားညီလာခံ၌ အဖွင့်အမှာစကားပြောကြားခဲ့ပြီး လွန်ခဲ့သောငါးနှစ်အတွင်း ဆိုရှယ်လစ် ဝါဒ တိုးတက်လာမှုနှင့် ပတ်သက်၍ အလေးပေးပြောဆိုခဲ့သည်။

ရှီကျင်းပင်သည် သူ၏ မိန့်ခွန်းထဲ၌ လွန်ခဲ့သော ၂၀၁၂ ခုနှစ်တွင် ကျင်းပခဲ့သည့် ပါတီညီလာခံ၏ နောက်ပိုင်းနှစ် များအတွင်း လုပ်ဆောင်ခဲ့သည် ပါတီခေါင်းဆောင်ပိုင်းလုပ်ငန်းများကို အစီရင်ခံခဲ့သလို ထိုကာလအတွင်း တရုတ်နိုင်ငံသည် သမိုင်းဝင်ပြောင်းလဲမှုများကို ကြုံတွေ့ခဲ့ရပြီး ထိုပြောင်းလဲမှုများထဲမှ ထင်ရှားသောတစ်ခုမှာ လူပေါင်းသန်း ၆၀ခန့်ကို ငါးနှစ်အတွင်း ဆင်းရဲတွင်းမှလွတ်မြောက်အောင် စွမ်းဆောင်ပေးနိုင်ခဲ့ခြင်းဖြစ်ကြောင်း မီးမောင်းထိုးပြခဲ့သည်။

ဆက်လက်ပြီး သမ္မတရှီကျင်းပင်က တရုတ်ကွန်မြူနစ်ပါတီ၏ ခေါင်းဆောင်မှုပိုင်းကို အောက်ခြေကလှိုက်စား သွားစေမည့် မည်သည့်လုပ်ရပ်ကိုမဆို ဆန့်ကျင်သွားမည်ဖြစ်ကြောင်း ငါးနှစ်တစ်ကြိမ်ကျင်းပသည့် ပါတီညီလာ ခံ၌ ပြောကြားခဲ့သည်။

ပါတီညီလာခံသို့ တက်ရောက်လာသည့် ကိုယ်စားလှယ် ၂၃၀၀ ခန့်အား ရှီက တရုတ်နိုင်ငံသည် ခေတ်သစ် တစ်ခုဆီသို့ ဝင်ရောက်နေပြီဖြစ်ကြောင်း ပြောဆိုခဲ့သည်။ “တရုတ်နိုင်ငံရဲ့ ရှေ့ရေးဟာ အလားအလာကောင်း တွေနဲ့အတူ တောက်ပလို့နေပါတယ်။ ဒါပေမယ့်လည်း စိန်ခေါ်တွေဟာလည်း ပြင်းထန်လှပါတယ်” ဟု အတွင်းရေးမှူးချုပ်အဖြစ် နောက်ထပ်ငါးနှစ်ခန့် ထပ်မံ တာဝန်ထမ်းဆောင်မည်ဟု မျှော်မှန်းထားသည့် ရှီက ပြောခဲ့သည်။

ဒါ့အပြင် “ ပါတီအတွင်းမှာရှိတဲ့ ကျနော်တို့အားလုံးဟာ ပါတီခေါင်းဆောင်မှုပိုင်းနဲ့ တရုတ်ဆိုရှယ်လစ်စနစ်ကို ထိန်းသိမ်းပေးဖို့ ပိုမိုကြိုးစားရမှာဖြစ်ပြီး အောက်ခြေက လှိုက်စားသွားစေမယ့် မည်သည့် လုပ်ရပ်ကိုမဆို ဆန့်ကျင် သွားရပါမယ်” ဟု ရှီက ပြောခဲ့သည်။

မျိုးဆက်တစ်ခုအတွင်း သြဇာအာဏာအကြီးမားဆုံး တရုတ်ခေါင်းဆောင်တစ်ဦးအဖြစ် သတ်မှတ်ထားခြင်းခံရ သော ရှီသည် သူတာဝန်ထမ်းဆောင်ခဲ့သည့် ငါးနှစ်တာကာလအတွင်း အကျင့်ပျက်ခြစားမှုများကို တိုက်ဖျက်ခဲ့ ပြီး အရာရှိပေါင်း ၁.၃သန်းခန့်ကို ရာထူးဖြုတ်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags