ချယ်လ်ဆီးအသင်း ကံကောင်းရွေ့သာ သုံးဂိုးဖြင့်ရှုံးခြင်းဟု ပယ်လီဂရီနီပြော

ချယ်လ်ဆီးအသင်း ကံကောင်းရွေ့သာ သုံးဂိုးဖြင့်ရှုံးခြင်းဟု ပယ်လီဂရီနီပြော

သြဂုတ် ၁၇၊ မန်ချက်စတာ ။           ။ ချယ်လ်ဆီးအသင်းအနေဖြင့် ကံကောင်းရွေ့သာ သုံးဂိုးဖြင့်ရှုံးနိမ့် ခဲ့ခြင်းဖြစ်သည်ဟု မန်စီးတီးနည်းပြ ပယ်လီဂရီနီက ချယ်လ်ဆီးနည်းပြမော်ရင်ဟို ကိုပြောဆိုခဲ့သည်။

"ကျွန်တော်တို့အသင်းကစားပုံပိုကောင်းခဲ့ပြီး ၃-၀ ဂိုးဆိုတာ အနည်းဆုံးထိုက်တန်မှုဖြစ်ခဲ့ပါတယ်။ ပထမပိုင်းမှာတင် ကျွန်တော်တို့ သုံး၊ လေး ဂိုးလောက်ရခဲ့သင့်တယ်။ ဒုတိယပိုင်းမှာလည်း ဂိုးပိုရခဲ့သင့် တယ်။ ချယ်လ်ဆီးကစားပုံကောင်းခဲ့ပါတယ်။ ဒါပေမဲ့ ကျွန်တော်မှတ်မိတာက ဂျိုး ဟတ်ကာကွယ်ခဲ့ရတဲ့ တစ်ကြိမ်ပါပဲ။ ဒုတိယပိုင်းမှာ အဝါကတ်ပြစ်ဒဏ်တွေကြောင့် ကစားရတာထိန်းချုပ် ခံရသလိုဖြစ်ခဲ့ရ တယ်။ ဒါပေမဲ့ အဆိုး ဆုံးကတော့ ချယ်လ်ဆီးအသင်းအခွင့်အရေးတွေမရချိန်မှာ ကျွန်တော်တို့ နှစ်ဂိုးသာထပ်သွင်းနိုင်တာပဲ"ဟု ပယ်လီဂရီနီက ပြောသည်။

ဂိုးကန်ခွင့်လေးကြိမ်လောက်ကို ချယ်လ်ဆီးဂိုးသမား ဘီဂိုဗစ်၏ကာကွယ်ခြင်းခံခဲ့ရပြီး တစ်ဂိုးသာသွင်းနိုင်ခဲ့သည့် အဂူရိုမှာလည်း ရရှိသည့် အခွင့်အရေး၏တစ်ဝက်လောက်ကို ဂိုးရခဲ့သင့်သည်ဟု ပယ်လီဂ ရီနီက ဆိုခဲ့သည်။

ရာသီကြိုပွဲစဉ်များတွင်ပါဝင်နိုင်ခြင်းမရှိခဲ့သော အာဂျင်တီးနားလက်ရွေးစင်တိုက်စစ်မှူး အဂူရိုသည် ရာသီအဖွင့် ဝက်စ်ဘရွန်းနှင့်ပွဲတွင် လူစား ဝင်ပါဝင်ခဲ့ပြီးနောက် ချယ်လ်ဆီးနှင့်ပွဲတွက်မူ ပွဲအစကတည်းက ပါဝင်လာခဲ့သည်။

"သူရာနှုန်းပြည့်ကြံ့ခိုင်နေပြီဖြစ်လို့ ပွဲချိန်ပထမပိုင်းစွမ်းဆောင်ရည် သိပ်ကောင်းခဲ့တယ်လို့ထင်ပါတယ်။ အဂူရို သုံး၊ လေးဂိုးမရအောင် ဘီဂိုဗစ် ကသာ စွမ်းဆောင်သွားနိုင်ခဲ့တာပါ။ အဂူရိုအနေနဲ့ ကစားသမားဘဝအကောင်းဆုံးအချိန်ရောက်နေပြီလို့ ထင်ပါတယ်။ သူက ကျွန်တော်တို့ အတွက် သိပ်အရေးကြီးတဲ့ကစားသမားဆိုတာ ပြီးခဲ့တဲ့နှစ်ကလည်း ပြသခဲ့ပြီးပါပြီ။ ဂိုးသွင်းဘုရင်ဖြစ်ခဲ့တယ်။ ဒီရာသီမှာ ပိုကောင်းလာမယ်လို့ ယုံကြည်ပါတယ်"ဟု ပယ်လီဂရီနီက ပြောသည်။

Ref; Daily Mail

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly