လက်ဖက်ရည်သည် လူကိုစွဲလမ်းစေပါသလား

လက်ဖက်ရည်သည် လူကိုစွဲလမ်းစေပါသလား

ရေးသားသူ Dr. Ye Pyae Hein
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. K Zin Thwe

အမေရိကန်နိုင်ငံလက်ဖက်ရည်သောက်သုံးသူများအသင်း၏အဆိုအရကမ္ဘာပေါ်ရှိလူများသည် လက်ဖက်ရည်ကို အခြားဖျော်ရည်များထက် ပိုမိုသောက်သုံးကြသည်ဟုဆိုပါသည်။ လက်ဖက်ရည် သောက်သုံးခြင်းဖြင့်အကျိုးကျေးဇူးများရရှိနိုင်သော်လည်းလက်ဖက်ရည်တွင်ပါဝင်သောကဖင်း ဓာတ်မှာကျန်းမာရေးအတွက်မကောင်းပါ။ လက်ဖက်ရည်သောက်သုံးသော နည်းလမ်းနှင့်ပမာဏ ပေါ်မူတည်၍ ကဖင်းဓာတ်ကကောင်းကျိုးဆိုးပြစ်များဖြစ်စေပါသည်။သင့်တော်သောပမာဏတွင် လက်ဖက်ရည်သည် လူကိုလန်းဆန်းစေနိုင်ပြီး စွမ်းအင်ရအောင်နှိုးဆွပေးနိုင်သော်လည်း များပြားစွာသောက်သုံးပါက ကဖင်းဓာတ်ကို စွဲလန်းစေပါသည်။

ကဖင်းဓာတ်ကို စွဲလန်းစေခြင်း

ကဖင်းဓာတ်သည်ဗဟိုအာရုံကြောမစနစ်ကိုလှုံဆော်ပေးပြီး ပုံမှန်သုံးစွဲခြင်းဖြင့် စွဲလန်းခြင်းဖြစ်လာနိုင်ပါသည်။ဆေးစွဲခြင်းကဲ့သို့တော့ ကဖင်းဓာတ်သည်ခန္ဓာကိုယ်၏ကျန်းမာရေးကို အန္တရာယ်မပေးပါ။ သို့သော်လည်း ကဖင်းဓာတ်ကို စွဲလန်းပါကစွဲလန်းနေမှန်းသတိပြုမိမည်လည်းမဟုတ်ပါ။ ခန္ဓာကိုယ်လုပ်ငန်းဆောင်တာများပြုလုပ်ရန်ကဖင်းဓာတ်ကို ပုံမှန်သုံးစွဲနေရပြီးဖြစ်သည်။ ထိုအခါလန်းဆန်း၍ စွမ်းအင်ပြည့်ရန်ကဖင်းဓာတ်ကို ပို၍ပို၍လိုအပ်လာသည်။ အိပ်ယာမဝင်ခင် ၆နာရီအတွင်း လက်ဖက်ရည်များများ သောက်တတ်သူများသည် အိပ်မပျော်ခြင်းဝေဒနာကို ခံစားရသည်။ ထို့ပြင် ပိုမိုထိခိုက်လွယ်သူများတွင် အိပ်ပျော်ရန် ခက်ခဲခြင်းနှင့်တကွ ကဖင်းဓာတ်ကြောင့် စိတ်လှုပ်ရှားခြား၊ဂနာမငြိမ် ဖြစ်ခြင်းနှင့်အစာအိမ်ဝေဒနာများကိုလည်း ခံစားရပါသည်။

ကဖင်းဖြတ်ခြင်း

အကယ်၍ ကဖင်းကိုရုတ်တရက်ဖြတ်လိုက်လျှင်ခန္ဓာကိုယ်အတွက်ပုံမှန်ရနေကျကဖင်းဓာတ်မရ တော့သဖြင့် ရောဂါလက္ခဏာများခံစားရသည်။ကဖင်းဖြတ်ခြင်းကြောင့်ဖြစ်ပေါ်လာသော လက္ခဏာများမှာ

  • ခေါင်းကိုက်ခြင်း
  • မောပန်းနှုံးချိခြင်း
  • စိတ်ပူပန်ခြင်း
  • ဂနာမငြိမ်ဖြစ်ခြင်း
  • စိတ်ဓာတ်ကျခြင်း
  • အာရုံစူးစိုက်ရန်ခက်ခဲခြင်း
  • ကြွက်သားများနာကျင်ကိုက်ခဲခြင်းတို့ဖြစ်ပါသည်။

သို့သော်မူးယစ်ဆေးဝါးများနှင့်အရက်စွဲခြင်းတို့ကြောင့်ဖြစ်ပေါ်လာသောလက္ခဏာများလောက် တော့မဆိုးရွားပါ။ယခင်သောက်နေကျလက်ဖက်ရည်(သို့မဟုတ်)သောက်နေကျထက်အနည်းငယ်ပိုမို သောက်သုံးလိုက်ပါကထိုလက္ခဏာများချက်ခြင်းသက်သာသွားမည်။

ကဖင်းစွဲခြင်းကို ကာကွယ်ရန်

ကဖင်းစွဲခြင်းမှကာကွယ်ရန် အောက်ပါအကြံပြုချက်များကို လိုက်နာနိုင်ပါသည်။

သင်သောက်သုံးသော ကဖင်းဓာက်ပမာဏကို လျှော့ချပါ၊ လက်ဖက်ရည်တစ်ခွက်ကို ၃ကြိမ်မှ၄ကြိမ် ခွဲ၍သောက်သုံးခြင်းဖြင့်လည်းကောင်း၊ လက်ဖက်ရည်ကိုခဏတာ နှပ်၍သော်လည်းကောင်း၊ လက်ဖက်ရည်သောက်မည့် ရေနွေး၏အပူချိန်ကို လျှော့၍လည်းကောင်း ကဖင်းဓာတ် ပမာဏ ကို လျှော့ချနိုင်သည်။

လက်ဖက်စိမ်း၊လက်ဖက်ဖြူနှင့်အခြားအရွက်များဖြင့်ပြုလုပ်ထားသောလက်ဖက်ရည်ကိုအစားထိုး
သုံးစွဲပါ။လက်ဖက်ခြောက်အမည်းမှရသောလက်ဖက်ရည်သည်ကဖင်းဓာတ်ပါဝင်မှုအများဆုံးဖြစ်သည်ထို့ကြောင့်အခြားလက်ဖက်စိမ်း၊လက်ဖက်ဖြူနှင့်အခြားအရွက်များကိုပြုလုပ် သောလက်ဖက်ရည်ကိုသုံးဆောင်ပါ။

ကဖင်းဓာတ်ဖယ်ထားသော(သို့)ကဖင်းဓာတ်မပါသော ဖျော်ရည်များကို ပြောင်းလဲသုံးစွဲပါ။
ကဖင်းဓာက်လွန်ကဲစွာပါသော လက်ဖက်ရည်များကို မကြာခဏသောက်သုံးခြင်းမှ ရှောင်ကြဉ်ပါ။ -သင်သောက်သုံးနေသော ကဖင်းဓာတ်ကို ဖြည်းဖြည်းစီ လျှော့ချပါ။

လက်ဖက်ရည်ကို ချက်ချင်းဖြတ်ပါက မလိုလားအပ်သော ရောဂါလက္ခဏာများဖြစ်နိုင်သည့်အတွက် တဖြည်းဖြည်း လျှော့ချခြင်းဖြင့် ထိုလက္ခဏာများကို ကာကွယ်နိုင်ပါသည်။

ကော်ဖီကဲ့သို့ပင် လက်ဖက်ရည်သည်လည်း ဦးနှောက်ကိုလှုံ့ဆော်၍ စွမ်းအင်မြင့်စေပြီး စိတ်အာရုံစူးစိုက်မှုကို ကောင်းမွန်စေသည်။ သို့သော်လည်း သင့်တင့်မျှတသော ပမာဏထက်ပို၍   သောက်သုံးပါကစွဲလန်းခြင်းအပြင် ကဖင်းဓာက်၏ ဘေးထွက်ဆိုးကျိုးများပါ ရနိုင်ကြောင်း သတိချပ်သင့်ပါသည်။

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly