ဆံပင်အရောင်ချွတ်ပြီးတဲ့အခါမှာ ဘာတွေသိဖို့ လိုအပ်သလဲ။

ဆံပင်အရောင်ချွတ်ပြီးတဲ့အခါမှာ ဘာတွေသိဖို့ လိုအပ်သလဲ။

 ရေးသားသူ Wathun Myat Chal
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. K Zin Thwe

ကျွန်တော်တို့ထဲမှာ အနက်ရောင်မဟုတ်ဘဲ အရောင်ပါတဲ့ဆံပင်တွေနဲ့ သဘာဝအတိုင်းမွေးဖွားလာတဲ့သူဟာ လူနည်းစုပဲရှိတာပါ။ အခြားသူတွေကတော့ ဒီလိုပြည့်စုံတဲ့ဆံပင်မျိုးကိုလိုချင်ရင် ဆံပင်အရောင်ချွတ်ပြီးဆိုးကြရပါတယ်။ မကောင်းတာကတော့ ဒီလိုဆေးဆိုးပြီးချွတ်တာဟာ ဆံပင်ရဲ့ သန်စွမ်းမှုကို ထိခိုက်ပျက်စီးစေပါတယ်။ ဒါကြောင့် ဆံပင်အရောင်ချွတ်ပြီးရင် ဘယ်လိုဂရုစိုက်ရမလဲဆိုတာက မဖြစ်မနေသိထားဖို့လိုပါတယ်။ အထူးသဖြင့် အမျိုးသမီးတွေအတွက်ပေါ့။

ခေါင်းကို အကန့်အသတ်နဲ့ပဲလျှော်ပါ။

ပုံမှန်ခေါင်းလျှော်နေကျအတိုင်းမလျှော်ပါနဲ့။ ပထမဆုံးတော့ ဆံပင်အရောင်ချွတ်ပြီး ၃ရက်လောက်မှာ ခေါင်းလုံးဝမလျှော်ပါနဲ့။ တကယ်လို့ဆံပင်က အဆီတွေပြန်ပြီး စေးကပ်နေမယ်ဆိုရင် dry shampoo က ကူညီနိုင်ပါလိမ့်မယ်။
ဆံပင်ကို အစိုဓာတ်ပိုဖြည့်ပေးပါ။
ဆံပင်အရောင်ချွတ်ပြီးရင် ဆံပင်ကသူ့ရဲ့ သဘာဝအကာအကွယ်တွေကိုဆုံးရှုံးသွးတာကြောင့် အလွန်အကျွံခြောက်သွေ့တာမျိုးဖြစ်နိုင်ပါတယ်။ ဒါကြောင့် အစိုဓာတ်ပိုပြီးဖြည့်ပေးဖို့လိုတာပါ။ တစ်ပတ်တစ်ခါ ကိုယ့်ဆံပင်နဲ့အဆင်ပြေမယ့် ပေါင်းဆေး(deep conditioner) သုံးပေးပါ။ ဒါ့အပြင် deep conditioner ကို သင်သုံးနေကျ ပျော့ဆေးနဲ့ ပေါင်းစပ်ပြီးသုံးပေးတာက အကောင်းဆုံးရလဒ်ကိုရစေနိုင်ပါတယ်။

ဆံပင်အပူပေးတာလျှော့ပါ။

ဆံပင်ခြောက်စက် (hair dryer) တွေ၊ အပူချောင်းတွေနဲ့ဖြောင့်စက်တွေမှာ ပါတဲ့ အပူတွေကိုဆိုလိုတာပါ။ ဒီအရာတွေကိုသုံးတာက ဆံပင်ကိုပိုပြီး ပျက်စီးစေပါတယ်။
ဒါကြောင့်အပူကာပေးနိုင်တဲ့ ဖြန်းဆေးကိုသုံးပေးပါ။

အဖျား၂ခွ ဖြစ်တာတွေအတွက် ပိုပြီးဂရုစိုက်ပါ။

အရောင်ချွတ်ထားတဲ့ဆံပင်တွေဟာ ၂ခွဖြစ်လွယ်လွန်းပါတယ်။ ဒီလိုမဖြစ်အောင်ကာကွယ်ဖို့ အတွက်သင့်လျော်တဲ့ hair product ကိုရှာပါ။ တကယ်လို့ဆံပင်တွေက အဖျားတွေကွဲနေပြီးသားဆိုရင် ညှပ်လိုက်ပါ။ ပြီးရင်တော့ အခြားသောProduct တွေကို ထပ်ဆောင်းအသုံးပြုပြီးထိန်းချုပ်ပါ။
ရေချိုးပြီးတဲ့အချိန်မှာ leave-in conditioner (လိမ်းပြီးပြန်ဆေးချစရာမလိုသော ပျော့ဆေး) ကိုသုံးပါ။
ဆံပင်ဟာ စိုနေတဲ့အချိန်မှာ ပျက်စီးလွယ်ပါတယ်။ ချွတ်ထားတဲ့ဆံပင်ဆိုရင်တော့ ပြောနေစရာကိုမလိုဘူးပေါ့။ ရေချိုးပြီး ခေါင်းမဖြီးရသေးတဲ့အချိန်မှာ leave-in conditioner ကိုသုံးပေးပါ။ ဒါက ဆံပင်ရှုပ်ခြင်းတွေ၊ငြိခြင်းတွေကိုလျှော့ချပေးနိုင်ပြီး ဆံပင်ကိုချောမွတ်စေကာ အစိုဓာတ်ဖြည့်ပေးနိုင်ပါတယ်။

ဆံပင်ကိုနေရောင်ခြည်ဒဏ်မှ ကာကွယ်ပါ။

ခြောက်သွေ့ပြီးအရောင်ချွတ်ထားတဲ့ဆံပင်တွေဟာ နေရောင်ခြည်နဲ့တိုက်ရိုက်မထိတွေ့သင့်ပါဘူး။ UVဒဏ်ကိုကာကွယ်နိုင်တဲ့ပစ္စည်းတွေကို သုံးစွဲပါ။ ဦးထုပ် သို့မဟုတ် ပုဝါတွေကို အသုံးပြုပါ။
Overnight mask (တစ်ညလုံးထားရမယ့်ပေါင်းဆေး)တွေကို ၂ပတ်တစ်ခါအသုံးပြုပါ။
တစ်ပတ်တစ်ခါ Deep conditioner သုံးတာဟာ ခြောက်သွေ့ပြီးအရောင်ချွတ်ထားတဲ့ဆံပင်တွေအတွက် လုံလောက်တဲ့အစိုဓာတ်မပေးစွမ်းနိုင်ပါဘူး။

ဆံပင်ကို အစိုဓာတ်ပိုဖြည့်ပေးပါ။

ဆံပင်အရောင်ချွတ်ပြီးရင် ဆံပင်ကသူ့ရဲ့ သဘာဝအကာအကွယ်တွေကိုဆုံးရှုံးသွးတာကြောင့် အလွန်အကျွံခြောက်သွေ့တာမျိုးဖြစ်နိုင်ပါတယ်။ ဒါကြောင့် အစိုဓာတ်ပိုပြီးဖြည့်ပေးဖို့လိုတာပါ။ တစ်ပတ်တစ်ခါ ကိုယ့်ဆံပင်နဲ့အဆင်ပြေမယ့် ပေါင်းဆေး(deep conditioner) သုံးပေးပါ။ ဒါ့အပြင် deep conditioner ကို သင်သုံးနေကျ ပျော့ဆေးနဲ့ ပေါင်းစပ်ပြီးသုံးပေးတာက အကောင်းဆုံးရလဒ်ကိုရစေနိုင်ပါတယ်။

Essential oil တွေကို လေ့လာပါ။

ခေါင်းလိမ်းဆီ (Hair oil)ဟာ လှပခြင်းရဲ့လျှို့ဝှက်ချက်တစ်ခုပါပဲ။ ဒါဟာဆံပင်ကို တောက်ပပျော့ပျောင်းစေပြီး ပိုပြီးလည်းကျန်းမာသန်စွမ်းစေပါတယ်။ နေ့စဉ်အသုံးပြုပြီး အပြောင်းအလဲကြီးပြောင်းလဲသွားတာကို စောင့်ကြည့်ပါ။ ဒီအဆီဟာ အသားအရည်ထိန်းသိမ်းတဲ့ပစ္စည်းအနေနဲ့လည်း အရည်ပြားပေါ်မှာသုံးစွဲလို့ရပါသေးတယ။်

ပုံမှန်ဆံပင်ညှပ်ပေးပါ။

ဆံပင်ကိုပုံမှန်တိပေးတာဟာ အဖျား၂ခွဖြစ်တာတွေကို ပျောက်ကွယ်စေနိုင်ပြီး ဆံပင်အရှည်မြန်ဖို့အားပေးတာကြောင့် ဆံပင်တွေအသစ်တွေသန်စွမ်းလာမယ့်အရေးအတွက်လည်း ပြင်ဆင်ထားပါဦး။
ကျန်းမာသန်စွမ်းပြီး ပိုးသားလိုနူးညံ့တောက်ပတဲ့ဆံပင်ဟာ မိန်းကလေးတစ်ယောက်ရဲ့ လက်နက်တစ်ခုပါပဲ။ ဒီလိုဆံပင်မျိုးကို ရရှိပိုင်ဆိုင်နိုင်ဖို့ ဓာတုပစ္စည်းတွေကို လျှော့သုံးပြီး ဆံပင်အားဖြည့်ဖို့ပိုပြီးအာရုံစိုက်ပါ။ သေသေချာချာဂရုစိုက်ပေးမယ်ဆိုရင် သင့်ရဲ့ဆံပင်ဟာသေချာပေါက်ကို တောက်ပလာမှာဖြစ်ပြီး သင့်ကို မင်းသမီးလေးတစ်ပါးအသွင်ပြောင်းလဲပေးသွားပါလိမ့်မယ်။

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly