ငယ်ရွယ်နုပျိုအောင် ဘယ်လိုနေမလဲ -အပိုင်း(၁)

ငယ်ရွယ်နုပျိုအောင် ဘယ်လိုနေမလဲ -အပိုင်း(၁)

အလှပရေးရာနဲ့ အရေပြားအထူးကုဆရာဝန် ဒေါက်တာစုဖြိုးအောင်နှင့် တွေ့ဆုံခြင်း အပိုင်း (၁)

မင်္ဂလာပါခင်ဗျာ။ မဇ္ဈိမရဲ့ ကျန်းမာရေးရာအဖြေရှာအစီအစဉ်ကနေ ပြန်လည်ကြိုဆိုပါတယ်။ ကျွန်တော်တို့ရဲ့ ဒီအစဉ်ဟာကျန်းမာရေးနဲ့ဆိုင်ရာဗဟုသုတသိလိုသမျှတွေကိုဖေ့ဘုတ်ကနေတစ်ဆင့် တိုက်ရိုက်ဖြေကြားပေးတဲ့ အစီအစဉ် ဖြစ်ပါတယ်။ ဒီနေ့တော့ ငယ်ရွယ်နုပျိုအောင်ဘယ်လိုနေထိုင်ကြမလဲဆိုတဲ့ မေးခွန်းတွေကိုမေးဖို့အတွက် အလှပရေးရာနဲ့ အရေပြားအထူးကုဆရာဝန် ဒေါက်တာစုဖြိုးအောင်ကို ကျွန်တော်တို့ မဇ္ဈိမစတူဒီယိုထဲကိုဖိတ်ခေါ်ထားပါတယ် ခင်ဗျ။

မေး - ဆရာမကဆိုရင် Clinique de Skin ကိုတည်ထောင်သူပိုင်ရှင်လည်း ဖြစ်ပါတယ်။ ဆရာမကို ကျွန်တော်တို့ ဒီအစီအစဉ်မှာပါဝင်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။

ဆရာမကဆိုရင် အခုလက်ရှိခြေအနေမှာအလှပရေးရာဆေးခန်းဖွင့်လှစ်ထားတာ နှစ်ခုရှိပြီလို့ ပြောပါတယ်ခင်ဗျ။ တစ်ခုကတော့ ၆ မိုင် ကန်လမ်းမှာတစ်ခုဖွင့်လှစ်ထားပြီးနောက်တစ်ခုကတော့ မြို့ထဲမှာဖွင့်လှစ်ထားတယ်ဆိုပြီးတော့ ပြောပါတယ်။ ဆရာမဆီမှာလည်းဒီအလှအပရေးရာနဲ့ ပတ်သက်တဲ့မေးခွန်းတွေ တိုက်ရိုက် အကြံဉာဏ်တောင်းခံလို့ ရပါတယ်။ ဆရာမကအများကြီးအကြံပေးနိုင်ပါတယ်။ ဆရာမကဆိုရင် မြန်မာနိုင်ငံမှာအရေပြားနဲ့ အလှပကိုအထူးကုသပေးတဲ့ ငယ်ရွယ်နုပျိုတဲ့ အမျိုးသမီးဆရာဝန် တစ်ယောက် ဖြစ်တယ်ပေါ့နော်။

ဆရာမခင်ဗျ ၊ ဒီအစီစဉ်မှာ ကျွန်တော့် မေးခွန်းလေးနဲ့ စပါရစေ။ ငယ်ရွယ်နုပျိုအောင် ဘယ်လိုနေမလဲဆိုတဲ့ နေရာမှာအရင်ဆုံးငယ်ရွယ်နုပျိုတာနဲ့ဆန့်ကျင်ဘက်ပေါ့နော် အိုမင်းတာပေါ့နော်။ အဲဒီတော့ အိုမင်းတာဆိုရင်  လူတိုင်းကတော့ ကြောက်ကြမယ်နဲ့ တူတယ်။ အဓိကကတော့ ဒီအနုပညာအသိုင်းဝိုင်းကပေါ့ ။ဒါကတော့ အထူးပြောတာပေ့ါနော်။ အိုမင်းရင့်ရော်တာကတော့ လူတိုင်းကြောက်ကြတာပေါ့။ ကြောက်လို့လဲအခုခေတ်ပေါ် အလှကုန်ပစ္စည်းတွေ ပေါ်ထွက်လာတာပေါ့နော်။ ဆိုတော့ ဒီသမာရိုးကျနည်းတွေကလည်းအိုမင်းရင့်ရော်တာကိုကာကွယ်တဲ့ နည်းတွေ ၊ ယောဂကျင့်တာတို့ နေထိုင်မှုတွေနဲ့ လုပ်လို့ ရသလိုမျိုးအိုမင်းတာကိုကာကွယ်လို့ ရတာပေါ့နော်။ အဲဒီတော့ သိချင်တာကအိုမင်းတာကဘာကြောင့်ဖြစ်တာလဲ။ အသက်ကြီးလို့ အိုမင်းတာကတစ်မျိုးပေါ့နော်။ တစ်ချို့က ငယ်ငယ်ရွယ်ရွယ်နဲ့ အိုစာတာတွေ ရှိတယ်လေ။

ဖြေ -အိုမင်းတာဟာဆိုရင် သူက နှစ်မျိုးရှိတာပေါ့နော်။ ဘယ်လိုမျိုးအိုမင်းတာလဲ။ အတွင်းကနေအိုမင်းတာလား၊အပြင်ကနေအိုမင်းတာလား။ သူကintrinsic agingနဲ့extrinsic agingအတွင်းကနေအိုမင်းတာကသွားပြီးတော့ ပြုပြင်ပြောင်းလဲလို့ မရဘူး။ သူ့ဟာနဲ့သူအသက်အရွယ်ကြီးရင့်လာတာနဲ့ အမျှ ဖြေးဖြေးချင်းအိုမင်းလာမှာပဲ။ အဲဒါတွေကဘာပေါ်မှာမူတည်တာလဲဆိုတော့ အဓိကဂျင်း(gene)ပေါ့နော်။ ဂျင်းကောင်းလို့ နုပျိုတာပေါ့။ အဲဒီဂျင်းမှာဆိုရင်လည်းဘာတွေလဲဆိုတော့ ကိုယ့်မှာရှိတဲ့ Skin Type  ပေါ့။ ကိုယ်ကအသားအရမ်းဖြူတဲ့သူလား၊ အနောက်နိုင်ငံကလူတွေဆိုအသားအရမ်းဖြူတယ်။ ဒါမှမဟုတ်ရင် အာရှ ကအသားနည်းနည်းဝါတာမျိုးလားပေါ့။ အသားဖြူတဲ့သူတွေကပိုပြီးတော့ အိုမင်းရင့်ရော်လွယ်တယ်။ အသားညိုလေနေရောင်ခြည်ကိုကာကွယ်ထားပြီး ဖြစ်တာပေါ့။ သူတို့တွေကျတော့ အိုမင်းရင့်ရော်မှု နည်းတယ်ပေါ့ ၊ သူများထက်စာလို့ ရှိရင် နောက်တစ်ခုကဘာလဲဆိုတော့ သူရဲ့ အသားအရည် ပုံစံပေါ်မှာလည်းမူတည်တယ်။ အဆီပြန်တဲ့ မျက်နှာလား။ ဒါမှမဟုတ်ရင် ခြောက်သွေ့ပြီးတော့ sensitive အသားအရည် ပိုင်ရှင်လားပေါ့။ ဒါတွေ အကုန်လုံးကလည်းဂျင်းနဲ့ ဆိုင်တာပေါ့နော်။ တကယ်လို့ သူကအဆီပြန်တဲ့ သူဆိုလို့ ရှိရင် အိုမင်းရင့်ရော်တာ၊အသားအရည်ခြောက်တဲ့သူsensitive ဖြစ်တဲ့သူနဲ့စာလို့ ရှိရင် သူကပိုပြီးတော့ နှေးတယ်ပေါ့။ ဒါကတော့ သွားပြီးတော့ ပြုပြင်ပြောင်းလဲဖို့ ခဲယဉ်းတဲ့ intrinsic aging တွေပေါ့နော်။ ဒါဟာဆိုရင် ကိုယ်ကသိပ်ပြီးတော့ တားဆီးလို့ မရဘူး။ နောက်တစ်ခုကအပြင်ကနေ ဖြစ်တဲ့ ဟာတွေ extrinsic agingလို့ ခေါ်တယ်။ သူကပတ်ဝန်းကျင်နဲ့ကိုယ့်ရဲ့ life Style ပေါ်မှာမူတည်ပြီးတော့ ငယ်ငယ်ရွယ်ရွယ်နဲ့ အချိန်မတိုင်ခင် အိုမင်းရင့်ရော်မှုကို ဖြစ်ပေါ်စေတဲ့ အရာမျိုးတွေပေါ့။ ဒါတွေကဘာကြောင့် ဖြစ်နိုင်လဲဆိုတော့ နေရောင်ခြည်ကြောင့်ရှင့်။ နေထိပါများရင် အရေပြားထဲမှာရှိတဲ့ နုပျိုမှု အားပေးတဲ့ ပစ္စည်းတွေကိုပျက်စီးတာများတယ်။ လွယ်လွယ်ကူကူပျက်စီးစေတတ်တဲ့ အခါကျတော့ မြန်မြန်အိုတယ်ပေါ့။ နောက်တစ်ခုကအခုခေတ်ဆိုရင် မြို့ပေါ်မှာနေတဲ့ သူနဲ့ တောမှာနေတဲ့ သူပေါ့နော်။ သဘာဝပတ်ဝန်းကျင် လေတွေ ရှုရှိုက်ရတဲ့ သူနဲ့ဆို သူကမတူဘူး။ လေထုညစ်ညမ်းမှု ပိုများတဲ့ နေရာမှာနေရတဲ့ သူဆိုရင်လည်း အိုမင်းရင့်ရော်နိုင်တယ်ပေါ့။ နောက်တစ်ခုကဘာလဲဆိုတော့ ဆေးလိပ်သောက်တာ၊ ဆေးလိပ်သောက်တာလဲ အချိန်မတိုင်ခင် အိုမင်းရင့်ရော်မှုကို ဖြစ်စေတဲ့ အချက်တွေထဲကတစ်ချက်ပေါ့။ နောက်တစ်ခုက ကိုယ်စားသောက်တဲ့ အစားသောက်တွေနဲ့လည်းအများကြီးဆိုင်တယ်.။ ကိုယ်စားသောက်တဲ့ အစားသောက် ဆိုတာက တကယ်ကိုယ့်ကိုအိုမင်းရင့်ရော်စေတာreceptive Stress ဖြစ်တယ်လို့ ခေါ်တယ်။ အဲဒါတွေဆိုရင် သူကဘာတွေက ဖြစ်စေသလဲဆိုတော့ ဖြစ်စေတာကိုအစားအသောက်နဲ့ တားလို့ ရတယ်။ ဥပမာဆိုရင် antioxidantsပေါ့။ ကြားဖူးကြပါတယ်။ သူကဗီတာမင် အေတို့ ၊ဗီတာမင်စီတို့၊အဲဒီလိုပါတဲ့ အစားသောက်တွေ စားမယ်ဆိုရင် ၊ သူကကိုယ့်ကိုယ် လာပြီးတော့ အရေပြားပျက်စီးစေတဲ့ ဟာတွေကိုတားပေးတဲ့ အခါကျတော့ ဒါဟာအချိန်မတိုင်ခင် အိုမင်းရင့်ရော်မှုကိုကာကွယ်ပေးတယ်။ ပြီးတဲ့ အခါကျတော့ သကြားကိုလည်းလျော့စား သင့်တယ်။ သကြား ပြီးတဲ့အခါကျတော့ ကစီဓာတ်၊ ဆန်၊ ဂျုံ၊ ပြောင်း၊ အာလူးပေါ့နော်။ ဒီဟာတွေ လျော့စား သင့်တယ်။ တကယ်လို့ ဒီဟာတွေ စားပါများရင် အရေပြားမှ မဟုတ်ဘူးကိုယ်ခန္ဓာ တစ်ခုလုံးက မြန်မြန်အိုစေ တယ်ပေါ့။ အစားအသောက်ပေါ်မှာလည်းမူတည်တယ်။ ပြီးတော့ Life Style ပေါ်မှာလည်းအများကြီးမူတည် တယ်။  ကိုယ့်ရဲ့ Life Style က အရမ်းကိုstress smooth ဖြစ်နေတယ်ဆိုရင်လည်းဒါက မြန်မြန် အိုလွယ်မယ် ပေါ့နော်။ နောက်ဆုံးတစ်ခုကကိုယ့်ရဲ့ အရေပြားကိုဘယ်လိုထိန်းသိမ်းလဲပေါ့။ ကောင်းကောင်းမထိန်းသိမ်း နိုင်ဘူးဆိုရင်လည်း ဒါကအချိန်မတိုင်ခင် အိုမင်းရင့်ရော်မှုကို ဖြစ်စေတာပေါ့။

မေး - ဆရာမအရှေ့မှာပြောသွားတယ်။ အသားဖြူတဲ့သူကညိုတဲ့သူထက် အိုမင်းရင့်ရော်လွယ်တယ်လို့ အရှေ့မှာပြောသွားတယ်။  ညိုတဲ့သူက  နေရောင်ခြည်ဒဏ်ကိုပိုပြီးကာကွယ်ပေးနိုင်တယ်လို့ ဆိုလိုတာပေါ့။ ဒါဆိုရင် ကန်တော့ပါရဲ့ အသားအရေခွဲခြားတာတော့ မဟုတ်ဘူးပေါ့။ အသားမဲတဲ့ သူဆိုတာ လည်းရှိတယ်လေ။ သူတို့ကျတော့ရောဘယ်လိုအမျိုးစားထဲမှာပါလဲ။

ဖြေ -သူတို့ကပြောရမယ်ဆိုရင် အကောင်းဆုံးထဲမှာပါတာပေါ့နော်။ ဘာလို့လဲဆိုတော့ ဒီအသားအရေကို ပျက်စီးစေတာနေရောင်ခြည်ကြောင့် ၊ အရမ်းဖြူတဲ့ အနောက်နိုင်ငံသားတွေကျတော့ ဒီနေရောင်ခြည်ကို ကာကွယ်ပေးမယ့် ရောင်ခြည်ကသူတို့မှာမရှိဘူး။ မရှိတဲ့ အခါကျတော့ နည်းနည်းလေးထိတာနဲ့ သူတို့အသား အရေကပျက်စီးတယ်။ အသားမဲတာမျိုးဘာမျိုးပြောတာမဟုတ်ဘူး။ သူတို့အသားကတော်ရုံတန်ရုံမမဲဘူး။ နေထိလို့ ရှိရင်လည်းနီသွားတာပဲရှိတယ်။ ဒါပေမယ့် သူတို့မှာကအရေပြားအတွက် အရေးကြီးတဲ့ ပစ္စည်းတွေ ပျက်စီးသွားတယ်ပေါ့။ အသားညိုတယ်ဆိုတာနေထိလို့ ညိုတာထက်စာရင် နဂိုကတည်းကညိုတဲ့ ဟာမျိုး တွေကprotection ကောင်းတယ်ပေါ့နော်။ သူကတော်ရုံနဲ့ မပျက်စီးဘူးပေါ့။

အလှပရေးရာနဲ့ ပတ်သက်ပြီးတော့ တစ်ချို့ အလှကုန်ပစ္စည်းတွေမှာလည်းတွေ့ဖူးတယ်ပေါ့နော်။ အရေးပြားထိန်းသိမ်းမှုနဲ့ ပတ်သက်ပြီးတော့ ဆရာမပြောသွားတဲ့ အထဲမှာလည်းပါတယ် Collagen ဆိုတာဘာလဲဆရာမ ၊အဲဒါလေးရှင်းပြပေးပါအုံး။

ဖြေ -Collagenဆိုတာပရိုးတိန်းတစ်မျိုးပေါ့နော်။ ဒီပရိုတိန်းက ကျွန်မတို့ အရေပြားမှာဆိုလို့ရှိရင် (၇၅ ) ရာခိုင်နှုန်းက ဒီ Collagen တွေနဲ့ ဖွဲ့စည်းထားတာ။ ဒ ီCollagen က အဓိကဘာလုပ်ပေးလဲဆိုလို့ရှိရင် အိမ်တွေ ဘာတွေ ဆောက်တယ်ဆိုရင် ၊ တိုင်တွေ ထောက်ကြရတယ်။ အဲဒီလိုပဲအရေပြားတင်းတင်းလေး ဖြစ်နေစေ ချင်တယ်ဆိုရင် အောက်ကနေထောက်ပေးတဲ့ ပစ္စည်းလေးတစ်ခုလိုတယ်။ အဲဒီဟာလေးက Collagen က လုပ်ပေးတာပေါ့။ အသက်အရွယ် ၂၅ ကျော်လာပြီဆိုရင် ကျွန်မအခုနကပြောသလို ၇၅ ရာခိုင်နှုန်း ရှိရာကနေ တစ်နှစ်တိုင်းတစ်နှစ်တိုင်းမှာ ၁ ရာခိုင်နှုန်းလျော့တာ။ ကြာတော့ ကောင်းကောင်းမထောက်ထားနိုင်တော့ဘူး ပေါ့။ ကောင်းကောင်းမထောက်နိုင်တော့ အသက်ကြီးလာတော့ အရေပြားကတွဲကျလာတယ်။ အရေးကြောင်း တွေ ပေါ်လာတယ်။

မေး - Collagen ဆုံးရှုံးမှုတော့ ရှိတာပေါ့ ဒါပေမယ့် အားကောင်းအောင်လို့ ဘယ်လိုအစားသောက်တွေ စားသင့်လဲဆရာမ။ သူရဲ့ နေ့စဉ် စားသောက်မှုမှာလေ။ Collagenတွေ ပိုပြီးတော့ အားကောင်းအောင်။

ဖြေ -သူကCollagen များလာတာဆိုရင် သူကကော်လင်ဂျင်ပါတဲ့ ပစ္စည်းမျိုးကိုစားလို့လဲရတယ်။ နောက်တစ်ခုကCollagenပျက်စီးတာကိုလျော့နည်းအောင် တားလို့ရတဲ့ အစားစာလည်းစားလို့ ရတယ်။ နောက်တစ်ခုကCollagenထွက်ကောင်းအောင် အားပေးတဲ့ အစားစာလည်းစားလို့ ရတယ်။ သုံးမျိုးပေါ့နော်။ Collagen ထွက်တာကိုအားပေးတဲ့ အစားစာတွေကဘယ်လိုဟာမျိုးလည်းဆိုတော့ ဗိုက်တာမင်စီပါတဲ့ အစားသောက်မျိုးပေါ့။ ဗိုက်တာမင်စီပါတဲ့ အစားသောက်ကဘယ်လိုအစားသောက်မျိုးလည်းဆိုတော့ အဆီရွမ်းတဲ့ဟာတွေ ၊ အရည်ရွမ်းတဲ့ အသီးတွေအပြင် ငရုပ်ပွသီးတွေလိုမျိုး၊ ပြီးတဲ့အခါကျတော့ မာလကာသီး လိုမျိုး၊ ဒါတွေဆိုလို့ ရှိရင်လည်း သူကဗိုက်တာမင်စီ များတယ်ပေါ့။ အဲဒါတွေကCollagen ထွက်တာကိုအားပေး တယ်။ နောက်တစ်ခုကCollagen ပျက်စီးတာကိုနည်းစေတဲ့ အစားသောက်တွေလည်းရှိတယ်။  antioxidants ပါတဲ့ အစားသောက်တွေ စားလို့ ရတယ်။ ဗီတာမင် A,B,C ပါတဲ့ အစားသောက်တွေကိုစားပေးမယ်ဆိုရင် သူက ကာကွယ်ပေးတယ်ပေါ့။ ၁ ရာခိုင်နှုန်းမလျော့ဘူးပေါ့။ နည်းနည်းလေးသက်သာမယ်ပေါ့။ Collagen ကိုဘယ်က ရမလဲ။ သူကတော့ အသားတွေကနေရမယ်။ အသားမှာမှ သုံးမျိုးကနေရမယ်။ အမဲသား၊ ကြက်သား၊ ငါးတွေက ရတယ်။ အဲဒီသုံးမျိုးမှာမှ ငါးကရတဲ့ marine က အကောင်းဆုံးပါပဲ။   ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly