ကမ္ဘာ့အဆင့်သတ်မှတ်ချက်အသစ်အရ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဦးစားပေးအဆင့်ထဲပါ၀င်သွားရတဲ့ ပြင်သစ်

ကမ္ဘာ့အဆင့်သတ်မှတ်ချက်အသစ်အရ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဦးစားပေးအဆင့်ထဲပါ၀င်သွားရတဲ့ ပြင်သစ်

အောက်တိုဘာ ၁၇ ။          ။ ဖီဖာက အသစ်ထုတ်ပြန်လိုက်တဲ့ ကမ္ဘာ့အဆင့်သတ်မှတ်ချက်အရ ပြင်သစ်တို့ဟာ ၂၀၁၈ ကမ္ဘာ့ဖလားမှာ ဦးစားပေးအဆင့်ထဲပါဝင်သွားရပါတယ်။ ပြင်သစ်တို့ဟာ ကမ္ဘာ့အဆင့်(၈)ကနေ (၇)ကို မြင့်တက်လာလို့ အခုလို ဦးစားပေးအဆင့်ထဲရောက်ရှိသွားရတာဖြစ်ပါတယ်။

ကမ္ဘာ့ဖလားပြိုင်ပွဲ မဲခွဲမှုကို လာမယ့် ဒီဇင်ဘာလမှာ ပြုလုပ်မှာ ဖြစ်ပြီး ကမ္ဘာ့အဆင့်သတ်မှတ်ချက်အပေါ် မူတည်လို့ ဦးစားပေးအဆင့်သတ်မှတ်တာ ဖြစ်ပါတယ်။

အိမ်ရှင် ရုရှားနဲ့ ကမ္ဘာ့အဆင့် ၁ ကနေ ၇ အတွင်းရပ်တည်နေတဲ့ ဂျာမနီ၊ ဘရာဇီး၊ ပေါ်တူဂီ၊ အာဂျင်တီးနား၊ ဘယ်လ်ဂျီယံ၊ ပိုလန်နဲ့ ပြင်သစ်တို့ဟာ မဲအိုး(၁)မှာ ပါဝင်မှာ ဖြစ်ပါတယ်။

မဲအိုး(၂)မှာတော့ စပိန်၊ အင်္ဂလန်၊ ကိုလံဘီယာ၊ မက္ကဆီကိုနဲ့ဥရုဂွေးတို့ ပါဝင်နေပါတယ်။ ပီရူး၊ ဆွစ်ဇာလန်နဲ့ အီတလီတို့ ခြေစစ်ပွဲအောင်ခဲ့ရင် မဲအိုး(၂)မှာ ကျရောက်မှာဖြစ်ပြီး အဲ့ဒီအသင်းတွခြေစစ်ပွဲမအောင်ခဲ့ရင်တော့  ကမ္ဘာ့အဆင့်အလိုက် သူတို့နောက်မှာ ရပ်တည်နေတဲ့အသင်းတွေက မဲအိုး(၂)ထဲကျရောက်မှာ ဖြစ်ပါတယ်။

လက်ရှိအခြေအနေအရ မဲအိုး(၃)မှာ ကျရောက်ဖို့သေချာနေတဲ့အသင်းတွေက အီရန်နဲ့အီဂျစ်တို့ဖြစ်ပြီး မဲအိုး(၄)မှာ ကျရောက်ဖို့သေချာနေတဲ့အသင်းတွကတော့ တောင်ကိုရီးယား၊ ဆော်ဒီအာရေဗျနဲ့ ပနားမားအသင်းတို့ ဖြစ်ပါတယ်။

ခြေစစ်ပွဲအောင်မြင်ထားတဲ့အခြားအသင်းတွေကတော့ ဦးစားပေးအဆင့်တည်ငြိမ်မှုမရှိသေးပဲ ခြေစစ်ပွဲထပ်မံအောင်မြင်လာမယ့် အသင်းတွေအပေါ်မူတည်လို့ ဦးစားပေးအဆင့်  သတ်မှတ်သွားမှာ ဖြစ်ပါတယ်။

ရည်ညွှန်း ဒေးလီးမေးလ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags