နိုင်ငံရေးလောကရှိ အမျိုးသမီးများအကြောင်း ဆွေးနွေးမည်

နိုင်ငံရေးလောကရှိ အမျိုးသမီးများအကြောင်း ဆွေးနွေးမည်

သြဂုတ် ၁၇ ။        ။ "နိုင်ငံရေးလောကရှိ အမျိုးသမီးများ" ခေါင်းစဉ်ဖြင့် ဆွေးနွေးပွဲကို သြဂုတ်လ ၂ဝ နှင့် ၂၁ ရက်နေ့တွင် ရန်ကုန်မြို့ Park Royal Hotel ၌ ကျင်းပမည်ဖြစ်သည်။

ဆွေးနွေးပွဲကို နိုင်ငံရေးပါတီများနှင့် ဒီမိုကရေစီဆိုင်ရာ ဒိန်းမတ် အင်စတီကျူ (Danish Institute for Parties and Democracy-DIPD) ၏ မြန်မာပါတီစုံဒီမိုကရေစီအစီအစဉ်မှ စီစဉ်ကျင်းပခြင်းဖြစ်သည်။

၂ဝ၁၅ ရွေးကောက်ပွဲကာလသည် ကျား-မ တန်းတူ ညီမျှမှု မြှင့်တင်နိုင်မည့် မူဝါဒများ၊ နိုင်ငံရေးတွင် အမျိုးသမီးကိုယ်စားပြုမှု မြှင့်တင်ရေး နည်းဗျူဟာများကို နိုင်ငံရေးပါတီများမှ ခေါင်းဆောင်များ၊ အမျိုးသမီး လွှတ်တော်ကိုယ်စားလှယ်များ၊ အမျိုးသမီးကိုယ်စားလှယ်လောင်းများနှင့် အရပ်ဖက် အဖွဲ့အစည်းများမှ အမျိုးသမီးခေါင်းဆောင်များအကြား ဆွေးနွေးအဖြေရှာရမည့် အကောင်းဆုံးအချိန် ဖြစ်သည်ဟု DIPD က ဆိုသည်။

"နိုင်ငံရေးလောကရှိ အမျိုးသမီးများ" ခေါင်းစဉ် ဆွေးနွေးပွဲ ဒုတိယနေ့အပြီး သြဂုတ်လ ၂၁ ရက်နေ့ ညနေ ၄နာရီခွဲတွင် Park Royal Hotel ၌ သတင်းစာရှင်းလင်းမည်ဟုလည်း ဖိတ်ကြားထားသည်။

DIPD သည် မြန်မာနိုင်ငံ၌ ၂၀၁၂ ခု ဇန်နာဝါရီမှစ၍ နိုင်ငံရေးပါတီများ၊ တသီးပုဂ္ဂလများ၊ အခြားအစုအဖွဲ့များအကြား ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးနှင့် ပါတီစုံဒီမိုကရေစီရေးရာများနှင့် ပတ်သက်ပြီး အကြံ ဉာဏ်ပေးခြင်းနှင့် အစည်းအဝေးများစီစဉ်ကျင်းပပေးခြင်းတို့ဆောင်ရွက်နေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly