ထောပတ်သီး (Avocado)

ရေးသားသူ Aye Thi Mon 
ဆေးပညာပိုင်းဆိုင်ရာ တည်းဖြတ်သူ Dr. Kaung Thar. 

ထောပတ်သီးကနေ ရရှိနိုင်မယ့်ကျန်းမာရေးအကျိုးကျေးဇူးတွေက ဘာတွေဖြစ်မလဲ

ထောပတ်သီးမှာ ကာဗိုဟိုက်ဒရိတ်ကြွယ်ဝစွာပါဝင်သလို ကျန်းမာရေးနဲ့ညီညွတ်တဲ့အဆီဓာတ်များစွာပါဝင်ပါတယ်။ လေ့လာမှုတော်တော်များများမှာ ထောပတ်သီးကကျန်းမာရေးအတွက် အထောက်အကူပြုနိုင်တဲ့အသီးတစ်မျိုးဆိုတာကိုတွေ့ရှိခဲ့ပါတယ်။ ထောပတ်သီးမှာ ခန္ဓာကိုယ်အတွက်အကျိုးပြုတဲ့ အဆီတစ်မျိုးဖြစ်တဲ့ omega 3 fatty acid ကြွယ်ဝစွာပါဝင်ပါတယ်။ ထောပတ်သီးမှာပါဝင်တဲ့ မပြည့်ဝဆီက ကိုယ်သွေးတွင်း ကိုလက်စထရောဓာတ်ကို ကျင်းစေပြီး နှလုံးကိုကျန်းမာစေပါတယ်။ ပရိုတင်းဓာတ်ကြွယ်ဝပြီး သကြားဓာတ်ပါဝင်မငတော်တောလေးနည်းပါတယ်။ ထောပတ်သီးရဲ့ ကျန်းမာရေးအကျိုးပြုပုံလေးတွေကို လက်လှမ်းမီသမျှ မျှဝေပေးလိုက်ပါတယ်။

နှလုံး

ထောပတ်သီးမှာ monounsaturated fat တွေနဲ့  polyunsaturated fat တွေကသွေးတွင်းက အကျိုးမပြုတဲ့ကိုလက်စထရောတွေကို ကျဆင်းစေပြီး နှလုံးရောဂါတွေခံစားရနိုင်ခြေကိုလျှော့ချပေးပါတယ်။

အမိုင်နိုအက်ဆစ်တစ်မျိုးဖြစ်တဲ့ homocysteine ပရိုတင်းပမာဏ များလွန်းတာက နှလုံးရောဂါတွေခံစားရနိုင်ခြေကိုတိုးစေနိုင်တယ်ဆိုပေမယ့် ထောပတ်သီးမှာ ဗီတာမင် B6 နဲ့ ဖောလစ်က်ဆစ်ကြွယ်ဝပါဝင်မှုက homocysteine ပရိုတင်းချေဖျက်ရာကနေထွက်လာတဲ့ အမိုင်နိုအက်ဆစ်ကိုထိန်းညှိပေးပါတယ်။

ထောပတ်သီးက လေဖြတ်ခြင်း၊ နှလုံးသွေးကြောဆိုင်ရာရောဂါတွေခံစားရနိုင်ခြေနဲ့ဆီးချိုဖြစ်ပေါ်ခံစားရနိုင်ခြေတွေကိုလည်းလျှော့ချပေးနိုင်ပါတယ်။

ရောင်ရမ်းမှုကို သက်သာစေခြင်း

ထောပတ်သီးမှာ ရောင်ရမ်းမှုကိုသက်သာစေနိုင်တဲ့ အစွမ်းသတ္တိတွေရှိပါတယ်။ ထောပတ်သီးမှာ phytosterols ၊ ကာရိုတီးနွိုက်၊ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ၊omega 3 fatty acids နဲ့ polyhydroxolated fatty alcohol တွေပါဝင်တာကြောင့် အဆစ်အမြသ်ရောင်၇မ်းနာနဲပ လေးဖက်နာဝေဒနာတွေကို သက်သာစေပါတယ်။

သွေးတွင်းကိုလက်စထရောကျဆင်းစေခြင်း

ထောပတ်သီးက သွေးတွင်းကအကျိုးမပြုတဲ့ ကိုလက်စထရောတွေကိုကျဆင်းစေပြီး အကျိုးပြုကိုလက်စထရောကို တိုးစေပါတယ်။ သွေးတွင်းကိုလက်စထေရောမင့်တဲ့သူတွေအနေနဲ့ နေ့စဉ်စားသုံးတဲ့အစားအသောက်တွေထဲမှာ ထောပတ်သီးကိုထည့်သွင်းစားသုံးမယ်ဆိုရင် တစ်ပတ်ကြာတဲ့အခါ ကိုယ်တွင်းက အကျိုးမပြုကိုလက်စထရော ၂၂ ရာခိုင်နှုန်းကျဆင်းပြီး အကျိုးပြုကိုလက်စထရော ၁၁ ရာခိုင်နှုန်းတိုးလာစေပါတယ်၊လို့ ဆေးဘက်ဆိုင်ရာ လေ့လာမှုတစ်ရပ်မှာတွေ့ရှိခဲ့ပါတယ်။ သွေးတွင်းကိုလက်စထရာပမာဏကောင်းမွန်သူတေါမှာလည်း ပိုမိုကောင်းမွန်အောင် ထောပတ်သီးက အထောက်အကူပြုပေးပါတယ်။

သွေးတွင်းသကြားဓာတ်ကိုထိန်းညှိပေးခြင်း

ထောပတ်သီးမှာ  monounsaturated fat ကြွယ်ဝစွာပါဝင်တာကြောင့် အင်ဆူလင်ဓာတ်တုံ့ပြန်နိုင်စွမ်းမရှိခြင်း (insulin resistance) ကိုရပ်တန့်အောင်လည်း အထောက်အကူပြုပါတယ်။ သွေးတွင်းသကြားဓာတ်ထိန်းညှိရာမှာလည်း အထောက်အကူပြုပါတယ်။ ထောပတ်သီးမှာပါတဲ့ ပျော်ဝင်နိုင်တဲ့အမျှင်ဓာတ် ကသွေးတွင်းသကြားဓာတ်ပမာဥကို တည်ငြိမ်အောင်လည်း ထိန်းညှိပေးပါတယ်။ ထောပတ်သီးမှာ ကာဗိုဟိုက်ဒရိတ်ပါဝင်မှုနည်းပြီး အချိုဓာတ်ပါဝင်မှုနည်းတာကလည်း သွေးတွင်းသကြားဓာတ်ထိန်းညှိရာမှာအထောက်အကူပြုပါတယ်။

သွေးပေါင်ချိန်ကို ထိန်းညှိပေးခြင်း

ထောပတ်သီးမှာ ပိုတက်ဆီယမ်ကြွယ်ဝစွာပါဝင်မှု သွေးပေါင်ချိန်ကိုထိန်းညှိရာမှာ အထောက်အကူပြုပါတယ်။ ပိုတက်ဆီယမ်ဓာတ်က ဆားစားသုံးမှုကြောင့် သွေးတိုးတာကို ထိန်းညှိရာမှာအထောက်အကူပြုပါတယ်။

အမြင်အာရုံ

ထောပတ်သီးမှာ မျက်လုံးကြွက်သားတွေ ယိုယွင်းပျက်စီးတာနဲ့ ရေတိမ်ဖြစ်တာတွေကို လျော့ကျစေနိုင်တဲ့ carotenoid lutein ပါဝင်တာကြောင့် အမြင်အာရုံကိုကောင်းမွန်စေပါတယ်။

ကိုယ်ခံအားစနစ်

Glutathione က ကိုယ်ခံအားစနစ်ကိုကောင်းမွန်စေတဲ့ အင်အားပြည့်ဝတဲ့ ဓာတ်တိုးဆန့်ကျ်ပစ္စည်းတွေကြွယ်ဝစွာပါဝင်နေပါတယ်။ ပြန်ရည်ကြောဆဲလ်တွေထဲမှာ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတစ်မျိုးဖြစ်တဲ့  glutathione ပမာဏက သင့်တင့်တဲ့အနေအထားရှိနေမယ်ဆိုရင် ကိုယ်ခ့အားစနစ်က အကောင်းမွန်ဆုံးအနေအထားမှာရှိနေမှာဖြစ်ပါတယ်။ ထောပတ်သီးမှာ glutathione ကြွယ်ဝစွာပါဝင်နေပါတယ်၊ လို့ အမေရိကန်အမျိုးသား တက္ကသိုလ်က ဖော်ပြခဲ့ပါတယ်။

သန္ဓေသားမှာ မွေးရာပါချို့ယွင်းချက်မဖြစ်အောင် ကာကွယ်ပေးနိုင်ခြင်း

ထောပတ်သီးက မိခင်တွေရွေးချယ်စားသုံးသင့်တဲ့ အသီးတစ်မျိုးပါ။ ထောပတ်သီးမှာ ဖောလစ်အက်ဆစ်ကြွယ်ဝစွာပါဝင်နေပါတယ်။ ဖောလစ်အက်ဆစ်က အာရုံကြောပြွန်ချွတ်ယွင်းလိုမျိုး ကလေးငယ်တွေမှာ မွေးရာပါချွတ်ယွင်းချက်မဖြစ်အောင်ကာကွယ်ပေးနိုင်တာေြ့ာင့် ကိုယ်ဝန်ဆောင်မိခင်တွေအနေနဲ့ ထောပတ်သီးကိုစားသုံးသင့်ပါတယ်။

ကင်ဆာ

ထောပတ်သီးက ခံတွင်းကင်ဆာ၊ အရေပြားကင်ဆာနဲ့ဆီးကျိတ်ကင်ဆာတွေအပါအဝင်ကင်ဆာရောဂါတော်တော်များများမဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ ထောပတ်သီးမှာ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေကြွယ်ဝစွာပါဝင်တာနဲ့ ရောင်ရမ်းမှုကိုလျော့ကျစေနိုင်တဲ့ အစါမ်းသတ္တိတွေက ကင်ဆာရောဂါမဖြစ်အောင်ကာကွယ်ပေးနိုင်တာဖြစ်ပါတယ်။ ထောပတ်သီးမှာပါတဲ့  phytochemical ကကင်ဆာဆဲလ်တွေ ပြန့်ပွားမှုမဖြစ်အောင်တားဆီးပေးသလို ကင်ဆာဆဲလ်တွေကိုသေစေနိုင်စွမ်းရှိပါတယ်။

အစာကြေစေခြင်း

ထောပတ်သီးမှာအမျှင်ဓာတ်ကြွယ်ဝစွာပါရှိမှုက အစာချေလမ်းကြောင်းကို ကောင်းမွန်အောင်အထောက်အကူပြုသလို၊ ဝမ်းမှန်စေပြီး အူလမ်းကြောင်းကိုကျန်းမာစေပါတယ်။ ကိုယ်အလေးချိန်ကိုလည်းထိန်းညှိပေးနိုင်ပါသေးတယ်။

အရေပြား

ထောပတ်သီးမှာပါတဲ့ ဗီတာမင် စီ နဲ့ဗီတာမင် အီး (Vitamin E) အရေပြားကိုအာဟာရပြည့်စေပြီး ဝင်းလက်တောက်ပစေပါတယ်။ ထောပတ်သီးကို အရေပြားမှာ အနီအပိန့်တေါထွက်တာကို သက်သာစေဖို့အတွက် အသုံးပြုပေးနိုင်ပါတယ်။

သတိပြုရမယ့်အချက်များ

  • ထောပတ်သီးကို အလွန်အကျွံစားသုံးမယ်ဆိုရင် ကိုယ်အလေးချိန်တက်လာနိုင်ပါတယ်။
  • ထောပတ်သီးက အစာခြေဖျက်ရတာကြာတာကြောင့် တော်တော်ကြာတဲ့အထိ ဗိုက်ဆာတယ်လို့မခံစားရစေတာကြောင့်  ထောပတ်သီးကိုအလွန်အကျွံစားသုံးပါကအာဟာရချို့တဲ့မှုကိုခံစားရနိုင်ပါတယ်။
  • latex allergy ရှိသူတွေအနေနဲ့ထောပတ်သီးကိုစားသုံးမယ်ဆိုရင် ဓာတ်မတည့်တာမျိုးဖြစ်ပေါ်ခံစားရနိုင်ပါတယ်။
  • ကိုယ်ဝန်ဆောင်နဲ့နို့တိုက်မိခင်တွေအနေနဲ့ ထောပတ်သီးကဘေးကင်းရဲ့လားဆိုတာကို သေချာမသိရသေးတာကြောင့် မစားသုံးဘဲနေတာပိုကောင်းပါတယ်။

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly