ကမ္ဘာ့အကောင်းဆုံး ရွှေဘောလုံးဆုကို ဆွတ်ခူးရရှိရန် စဉ်းစားထားခြင်း မရှိကြောင်း အစ္စကို ပြော

ကမ္ဘာ့အကောင်းဆုံး ရွှေဘောလုံးဆုကို ဆွတ်ခူးရရှိရန် စဉ်းစားထားခြင်း မရှိကြောင်း အစ္စကို ပြော
(ဓာတ်ပုံ - အီးပီအေ)

ရီးယဲလ်မက်ဒရစ် ကွင်းလယ်ကစားသမား အစ္စကိုက သူဟာ ကမ္ဘာ့အကောင်းဆုံး ရွှေဘောလုံးဆု Ballon d'Or ဆွတ်ခူးနိုင်မယ့်အရေးကို စဉ်းစားထားခဲ့ခြင်း မရှိကြောင်း တနင်္လာနေ့က ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

အဆိုပါစပိန်ကွင်းလယ်လူက ပေါ်တူဂီတိုက်စစ်မှူး စီရော်နယ်လ်ဒိုအနေနဲ့ ဘလွန်းဒီအောဆုကို ဆွတ်ခူးဖို့ရှိနေတာမို့ ဒါကို အငြင်းပွားစရာ မရှိဘူးလို့ ပြောပါတယ်။

“ကျနော် ဒီအကြောင်းကို မစဉ်းစားပါဘူး။ ဘလွန်းဒီအောဆုကို ရရှိဖို့ အလွန်ခက်ခဲပါတယ်။”လို့ အစ္စကို က ပြောပါတယ်။

အသက် ၂၅ နှစ်အရွယ်ရှိ ကွင်းလယ်ကစားသမားက သူဟာ လက်ရှိအခြေအနေမှာ ပျော်ရွှင်မိပြီး အခုလို ဆက်လက်ရှိနေဖို့လည်း မျှော်လင့်နေလို့ ဆိုပါတယ်။

ဘလွန်းဒီအောဆုအတွက် ဆန်ခါတင်စာရင်းထဲ ဝင်ရောက်ဖို့ဆိုတာ အလွန်ခက်ခဲပါလိမ့်မယ်လို့ သူက ဝန်ခံထားပါတယ်။

“ဒီနေရာကနေ နောက်တစ်ဆင့်တက်ဖို့က အလွန်ခက်ခဲပါတယ်။ ဒါဟာ အိမ်မက်တစ်ခုဖြစ်ပါလိမ့်မယ်။ ဆန်ခါတင် ၃၀ ဦး ရှိပြီး ဒီစာရင်းထဲမှာ ရီးယဲလ်အသင်းကနေ အများအပြားပါရှိပါတယ်။”လို့ အစ္စကိုက ပြောပါတယ်။

ရီးယဲလ်အသင်း ကွင်းလယ်လူက သူ့အသင်းဟာ အောင်မြင်မှုတွေ ရခဲ့မယ်ဆိုရင် အဲဒီမှာ တစ်ဦးချင်း ဆုတံဆိပ်တွေ ဆွတ်ခူးဖို့အတွက် ပိုပြီး အခွင့်အလမ်းရှိတယ်လို့ ပြောဆိုခဲ့ပါတယ်။

Ref; EFE-EPA

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags