ပတ္တမြားမြေပေါ် ဖင်ခုထိုင်နေတဲ့ ကက်ရှ်မီးယား ပြည်သူများ

ပတ္တမြားမြေပေါ် ဖင်ခုထိုင်နေတဲ့ ကက်ရှ်မီးယား ပြည်သူများ

ကက်ရှ်မီးယား၊ အောက်တိုဘာ ၁၆ ။         ။ ပါကစ္စတန်ပိုင် ကက်ရှ်မီးယားဒေသက ပြည်သူတွေဟာ ရတနာသိုက်ပေါ်မှာ နေထိုင်နေတာပဲဖြစ်ပါတယ်။ အမေရိကန်ဒေါ်လာ ဘီလီယံဝက် တန်ဖိုးရှိတဲ့ ပတ္တမြားတွေဟာ သူတို့ရဲ့ အောက်မှာ ရှိနေတာပါ။

ဒါပေမယ့် တူးဖော်ရေးပိုင်းမှာတော့ ခေတ်ဟောင်းကိရိယာတွေနဲ့ ရင်းနှီးမြုပ်နှံမှု ချည့်နဲ့တာ၊ နည်းပညာအားနည်းတာတွေကြောင့် ဒေသကို ကျောက်မျက်ရတနာလုပ်ငန်းမှာ အဓိကအရပ်ဒေသအဖြစ် ကူးပြောင်းနိုင်စွမ်းမှာ မစွမ်းသာပဲ ဖြစ်နေပါတယ်။

“မြန်မာ့ ပတ္တမြားတွေလိုပဲ အရည်အသွေးကောင်းတဲ့ ပတ္တမြားတွေ ကျွန်တော်တို့ဆီမှာ ရှိနေတာပါ။ ဒါပေမယ့် တူးဖော်ရေးနည်းပညာက ခေတ်မမီဘဲ ဖြစ်နေတယ်။”ဟု ကျောက်မျက်ကုန်သည်တစ်ဦးဖြစ်တဲ့ ဟူမာရီဇာဝီက ပြောပါတယ်။

ပါကစ္စတန်ပိုင် ကက်ရှ်မီးယားမှာ မိုင်းတွင်းတစ်တွင်းနဲ့ တူးဖော်ရေးလုပ်ကွက်တစ်ကွက် ရှိပါတယ်။ ဒါပေမယ့် ဒီဒေသဟာ ပတ္တမြား သန်း ၄၀ ကျော်ထက်မနည်းရှိနေရာ ရတနာသိုက်ဖြစ်နိုင်ပါတယ်။   ကျောက်မျက်ပေါင်း သန်း ၅၀ နီးပါး ရှိနေနိုင်ကြောင်း ဘူမိတိုင်းတာရေးအဖွဲ့က ပြောပါတယ်။

ချီတာကာသာမိုင်းတွင်းမှာ လေးနှစ်ကြာ ပင်ပင်ပန်းပန်း လုပ်ကိုင်ခဲ့တဲ့ မူဟာမတ်အဇမ်းက “ခေတ်မမီတဲ့ ကိရိယာတွေနဲ့ တူးဖော်ရေးကို လုပ်ကိုင်နေရတာက ခက်ခဲပင်ပန်းပါတယ်။”ဟု အေအက်ဖ်ပီသတင်းကို ပြောပါတယ်။

ပါကစ္စတန်စီးပွားရေးကို ပိုပြီးအားဖြည့်ပေးနေတဲ့ ပတ္တမြားနဲ့ အခြား ခဲ၊ရွှေနဲ့ ငွေစတဲ့ တွင်းထွက်တွေ တူးဖော်ရေးမှာ ပြည်တွင်းရင်းနှီးမြုပ်နှံမှုတွေနဲ့ တရားရေးမူဘောင် ဖွံ့ဖြိုးရေးတို့ လိုအပ်နေပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags