Running Man အစီအစဉ်တွင်ပါ၀င်မည်ဟု Wanna One အဖွဲ့မှ ကန်ဒန်နီရယ်လ်အတည်ပြု

Running Man အစီအစဉ်တွင်ပါ၀င်မည်ဟု Wanna One အဖွဲ့မှ ကန်ဒန်နီရယ်လ်အတည်ပြု

 

အောက်တိုဘာလ ၁၆ ရက်နေ့တွင် Wanna One အဖွဲ့၏အေဂျင်စီက အဖွဲ့ဝင်ကန်ဒန်နီရယ်လ်သည် SBS ရုပ်သံလိုင်းမှထုတ်လွှင့်သည့် Running Man အစီအစဉ်၏ အပိုင်းသစ်တွင်ပါဝင်သွားမည်ဖြစ်ကြောင်း အတည်ပြုကြေညာခဲ့သည်။

YMC Entertainment က “ ကန်ဒန်နီရယ်လ်ဟာ လောလောဆယ်မှာ SBS ရဲ့ Running Man ရုပ်သံအစီ အစဉ်တွက် ရိုက်ကူးရေးတွေ ပြုလုပ်နေပါတယ်” ဟု အတည်ပြုပြောဆိုခဲ့သည်။

နာမည်ကျော်အဆိုတော်ကန်ဒန်နီရယ်လ် ပါဝင်မည်ဆိုသည့်အကြောင်းကို Running Man အစီအစဉ်ထဲ၌ အရိပ်အမြွက်ပြောကြားခဲ့ဖူးပြီး ပရိသတ်အများအပြားသည် သူပါဝင်လာမည့်အပိုင်းသစ်ကို ကြည့်ရှုရန် မျှော်လင့် စောင့်ဆိုင်းနေလျက်ရှိသည်။

ကန်ဒန်နီရယ်လ်သည် အခြားနာမည်ကြီးတီဗီအစီအစဉ်များဖြစ်ကြသော MBC မှ ထုတ်လွှင့်သည့် “It’s Dangerous Beyond the Blankets” နှင့် SBS မှ ထုတ်လွှင့်သည့် “The Master Key” တို့၌လည်း ပါဝင်ခဲ့ဖူး သည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly