မကြာမီတွင် လက်ထပ်တော့မည့် မင်းသမီးဆိုဖီတာနာနှင့် အဆိုတော်ဂျိုးယိုးနက်စ်

မကြာမီတွင် လက်ထပ်တော့မည့် မင်းသမီးဆိုဖီတာနာနှင့် အဆိုတော်ဂျိုးယိုးနက်စ်

 

ဗြိတိန်မင်းသမီးဆိုဖီတာနာနှင့် အမေရိကန်ဆိုတော် ဂျိုးယိုးနက်စ်တို့သည် မကြာမီတွင် လက်ထပ်ကြတော့ မည်ဖြစ်သည်။

လွန်ခဲ့သော ၂၀၁၆ ခုနှစ်ကတည်းက ချစ်သူများအဖြစ် လက်တွဲခဲ့ကြသည့် သူတို့စုံတွဲသည် အဆိုပါသတင်းကို သူတို့၏အင်စတာဂရမ်၌ စေ့စပ်လက်စွပ်ဝတ်ဆင်ထားသော ဓာတ်ပုံကိုအတူတင်ကာ ပရိသတ်များအား အသိ ပေးခဲ့ခြင်းဖြစ်သည်။

နာမည်ကျော် Game of Thrones ဇာတ်လမ်းတွဲထဲ၌ ဆန်ဆာစတာ့ခ်ဇာတ်ကောင်နေရာမှ ပါဝင်သရုပ်ဆောင် ခဲ့သည့် ဆိုဖီတာနာက လက်စွပ်ဝတ်ဆင်ထားသော ဓာတ်ပုံနှင့်တကွ “ကျမက အင်းလို့ ဖြေခဲ့ပါတယ်” ဟု ရေးသားထားသောစာကိုလည်း သူမ၏အင်စတာဂရမ်၌တင်ခဲ့သည်။

The Jonas Brothers ပေါ့ပ်ဂီတအဖွဲ့မှ ဂျိုးယိုးနက်စ်၏ညီဖြစ်သော အဆိုတော်နစ်ခ်ယိုးနက်စ်ကလည်း  သူ၏ တွစ်တာမှတဆင့် အဆိုပါသတင်းအတွက် ဂုဏ်ယူဝမ်းမြောက်ကြောင်း ပြောကြားခဲ့သည်။

နစ်ခ်က “ဂုဏ်ယူပါတယ်အစ်ကိုရေ..ပြီးတော့စေ့စပ်ပွဲအတွက်ဂုဏ်ယူပါတယ် ယောက်မကြီးရေ။ မင်းတို့ နှစ်ယောက်စလုံးကို ချစ်ပါတယ်” ဟု သူ၏တွစ်တာ၌ ရေးသားခဲ့သည်။

The Jonas Brothers အဖွဲ့ကို လွန်ခဲ့သော ၂၀၀၅ ခုနှစ်ကတည်းက ညီအစ်ကိုသုံးဦးဖြင့် တည်ထောင်ခဲ့ပြီး ၂၀၁၃ ခုနှစ်တွင် အဖွဲ့ကိုဖျက်သိမ်းကာ ဂျိုးယိုးနက်စ်သည် ယခုအခါတွင် အမေရိကန်ရော့ခ်ဂီတအဖွဲ့ DNCE ၌ ဦးဆောင်အဆိုတော်အဖြစ် သီချင်းများသီဆိုလျက်ရှိသည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly