သွေးတိုးရောဂါ အကြောင်း မေးခွန်းရှိနေပြီလား- အပိုင်း(၃)

သွေးတိုးရောဂါ အကြောင်း မေးခွန်းရှိနေပြီလား- အပိုင်း(၃)

သမားတော်ကြီးဒေါက်တာဦးနေဝင်းက 4R Health Talk အစီအစဉ်ရဲ့ တိုက်ရိုက်ဖြေကြားမှု အပိုင်း( ၂ )

မေး - ကျွန်တော်တို့ အိမ်မှာ ကြော်တာလှော်တာ၊ ကျန်းမာရေး ဗဟုသုတ ရှိတဲ့ သူတွေက ပြန်မသုံးဘူးပေါ့နော်။ တစ်ချို့တွေကတော့ ပြန်သုံးတယ်။ ဒါပေမယ့် အိမ်မှာတော့ သိပ်ပြဿနာ မရှိဘူးလို့ ပြောလို့ ရတယ်။ ဘာဖြစ်လို့လဲဆိုတော့ အခုဆိုရင် ကျွန်တော်တို့ သိကြတဲ့ အတိုင်းပဲ အကြော်ဆိုင်တွေမှာ ဆီအများကြီး ထည့်ပြီးတော့မှ အဲဒီဆီကို ထပ်ခါ ထပ်ခါ ပြန်သုံးနေတာ အဲဒီဆီကတော့ တော်တော်ပြဿနာ ရှိမယ့် သဘောရှိတယ်နော် ဆရာ။

ကျွန်တော် အကြံပြုချင်တာ ကြော်တာလည်း စားပေါ့။ စားတဲ့ အခါကျတော့ အကြော်ကြော်ပြီးရင် ဆီကို စစ်ပေါ့။ အဲဒီကြော်ဆီကို တစ်ခါ ကြော်ပြီးရင် ချက်ဆီထဲမှာ ထည့်သုံးလိုက်ပေါ့။ တကယ်လို့ အင်တာနေရှင်နယ် Respond တွေကတော့ သူတို့တွေမှာ ဂိုက်လိုင်းတွေ ရှိတယ်။ ဆီကို ပြန်ပြီး မကြော်ရဘူးဆိုတဲ့ ဟာတွေ ရှိတယ်ပေါ့နော်။ အဲဒီဂိုက်လိုင်းကို ဘယ်လောက် လိုက်နာတယ် မလိုက်နာဘူးလို့ မတွေးဘူး ။နောင်တစ်ချိန်ကျရင်တော့ အစားအသောက် အဖွဲ့စည်းတွေကလည်း ဒါလေးတွေကို ထည့်သွင်း စဉ်းစားမယ်လို့ ယုံကြည်ရပါတယ်။

မေး - Cho Lan  ဆိုတဲ့ တစ်ယောက်က ဘာမေးလာလဲဆိုတော့ လေ့ကျင့်ခန်း ပုံမှန်လုပ်လို့ သွေးပေါင်ချိန်ကျသွားရင် ပုံမှန်သောက်တဲ့ ဆေးတွေ လုံးဝဖြတ်လို့ ရလား။

ဖြေ - လေ့ကျင့်ခန်းလုပ်ရင် သွေးပေါင်ချိန်ကျလားဆိုတော့ အဖြေက ကျတယ်ပေါ့။ ဘယ်လောက်ကျလဲဆိုတာတော့ ကိုယ်လုပ်တဲ့ လေ့ကျင့်ခန်းပုံစံပေါ့ ၊ ဘယ်လောက်ထိ ပြင်းထန်အောင် လုပ်လဲ။ ဒီအပေါ်မှာ မူတည်တာပေါ့။ ရည်ရွယ်ချက်က သွေးပေါင်ချိန်သည် Target ကို ရောက်ရမယ်။ Target ဆိုတာ ဘာလဲဆိုတော့ မှန်းထားတဲ့ အရာပေါ့။ အခုနကပဲ ပြောပြီးပါပြီ။ ၁၄၀-၉၀ အောက်ပေါ့။ ဒီမှာ တစ်ဆက်တည်း ပြောလိုက်အုံးမယ်။ ဘယ်လောက်ထိအောင် ကျသွားရင်ရော အန္တရာယ် ရှိလဲဆိုတာလည်း ရှိသေးတယ်ပေါ့နော်။ ဒါက ဆေးပညာမှာ အငြင်းပွားဆဲ ရှိတယ်။ ဘယ်လို အငြင်းပွားလည်း ဆိုတော့ ကျလေ ကောင်းလေဆိုတာ ရှိတယ် ဒါလေး ကျွန်တော် ဒီကနေ ဖြေပါ့မယ်။  ကျလေ ကောင်းလေလား ဒါမှမဟုတ်ရင် တော်ရုံကျလေ ကောင်လေးလားဆိုတဲ့ မေးခွန်းရှိတယ်။ ဒါပေမယ့် အခုလက်ရှိ လက်ခံထားတာက ဘာလဲဆိုတော့ အလွန်အကျွံ မကျတဲ့ ထိအောင်တော့ ကျလေ ကောင်းလေ။ အလွန်အကျွံဆိုတာ ၉၀ ထိတို့ ဘာတို့ပေါ့နော်။ ရောဂါ အခံရှိတဲ့သူတွေ   နှလုံးသွေးကြောကျဉ်းတဲ့ သူတွေ ၊လေဖြတ်ဖူးတဲ့ သူတွေ၊ အသက်အရွယ်ကြီးတဲ့သူတွေ သူတို့ကျတဲ့ အခါကျတော့ ၊သိပ်မချဘဲ တော်ရုံတန်ရုံလောက်ပဲ ကောင်းတယ်။ အဲဒီ နှစ်ချက် ရှိတယ်။ အချုပ်ပြောရမယ်ဆိုရင်တော့ လိုချင်တဲ့ ပမာဏ ဖြစ်တယ်။ ၁၄၀-၉၀ အောက် ရောက်ပြီ၊ ၁၂၀-၈၀ အောက် ရောက်ပြီ ဆိုရင် ဆေးကို ဖြတ်လို့တော့ မပြောချင်ဘူးပေါ့။ ဆေးကို ပြန်ညှိလို့ ရတယ်။ ၂ မျိုး သောက်နေရာကနေ တစ်မျိုးဖြစ်သွားနိုင်တယ်။ တစ်မျိုးရဲ့ ပမာဏ ရော့သွားနိုင်တယ်။ ကိုယ်ကသာ တကယ်လို့ လေ့ကျင်ခန်းတင် မဟုတ်ဘူး ၊ ပေါင်းပြီးတော့ လုပ်လို့ ပစ်လည်း မထားဘူး ပြန်လည်း ချိန်နေလို့ သွေးပေါင်ချိန်က ပုံမှန်ရတယ်ဆိုရင် ဖြတ်ကြည့်လို့ ရတယ်။ ဖြတ်လိုက်လို့ ပြောတာ မဟုတ်ဘူး။ ဖြတ်ကြည့်လို့ ရတယ်။ ပြီးတော့ ပြန်ချိန်ကြည့်ပါ။ တက်ရင် ပြန်သောက်ပါ။

မေး - ပိုင်ပိုင်ထွေး ဆိုတဲ့ တစ်ယောက်က မေးလာတာကတော့ သမီးရဲ့ သားက ၁၆ နှစ်ပါ။ သွေးထိန်းဆေးသောက်နေရပါတယ်။ သွေးထိန်းဆေး နေတိုင်းသောက်နေရင်းနဲ့ အစားလေးနည်းနည်း မှားတာနဲ့ သွေးတိုးတာပဲ ဆရာ ၊ အဲဒါ ဆရာကြီး အကြံပေးပါအုံး။

ဖြေ - အဲဒီမှာ စကားလုံး နှစ်လုံး ပါတယ်ပေ့ါနော်။ တစ်ခုက သွေးထိန်းဆေးဆိုတဲ့ စကားပေါ့နော် ဆရာတို့ဆီလည်း ပြောတယ်။ သွေးတိုးရှိတယ် ဆရာ၊ ကျွန်မ သွေးထိန်းဆေးလေး သောက်နေတယ်ဆိုတော့ သွေးထိန်းဆေးဆိုတဲ့ သဘောက လိုချင်တဲ့ ရည်ရွယ်ချက် နည်းနည်း ပျောက်နေသလိုပဲ။ သွေးတိုးရှိတယ် ဘာဆေးသောက်လည်း သွေးကျဆေး သောက်တယ်လို့ပြောမှာပေါ့။ ဒါပေမယ့် သွေးထိန်းဆေးဆိုတော့လည်း မှန်သလိုလိုပဲ၊ ဆရာတို့ သုံးတဲ့ အသုံးနှုန်းကတော့ သွေးကျဆေးလို့ပဲ သုံးတယ်ပေါ့။ သွေးထိန်းဆေးဆိုတဲ့ သဘောက နည်းနည်း ပေါ့နေသယောင် ရှိတယ်ပေါ့နော်။ ဒါတော့ မျိုးစုံအောင် သုံးကြပါတယ်။ ဆရာ အဲဒါကို အပြစ်ပြောတာ မဟုတ်ပါဘူး။ ၁၆ နှစ်နဲ့ သွေးကျဆေး သောက်တယ်ဆိုတော့ ဆေးပညာမှာ စဉ်းစားစရာ ရှိတယ်ပေါ့နော်။ အစာလေး နည်းနည်းမှားသွားနဲ့ သွေးတိုးတယ်ဆိုတဲ့ စကားလေး ပါလာတဲ့ အခါကျတော့ အစာလေးနည်းနည်းမှားသွားတာကို လက်ခံတယ်။ သွေးတိုး ဆိုတာ ဘယ်လိုလဲပေါ့။ သွေးတိုးတာ တကယ်ချိန်ကြည့်တာလား၊ တကယ်တက်နေတာလား ၊ဂဏန်းဘယ်လောက်ရှိလဲ။ ဇက်ကြောထိုးတာကို ပြောတာလား။ ခေါင်းလေးအုံတာကို ပြောတာလား။ တကယ်ချိန်လိုက်လို့ ဆရာအခုနက ပြောသလို သွေးပေါင်ချိန်တက်တယ်ဆိုရင် သွေးတိုးတယ်။ ဆရာလည်း လက်ခံတယ်။ ဇက်ကြောတက်လို့ဆိုရင်တော့ မှားနေပါသည်။ မဖြစ်ပါဘူး။ မကြောက်ပါနဲ့။ တကယ်ချိန်ကြည့်ပါ။ တက်နေတယ်ဆိုရင်တော့ ဆေးသောက်ရမှာပေါ့။ သွေးထိန်းဆေး သောက်နေပါတယ်လို့ သူက ပြောတာ ၊အဲဒီတော့ ပုံမှန်သောက်နေတဲ့ သဘောရှိတာပေါ့နော်။ နောက်မှ သူက သောက်နေရင်းနဲ့ ဆိုတော့ အဓိပ္ပာယ်က ဘာလဲဆိုတော့ ပြန်ချုပ်ပြောမယ်ဆိုရင် သွေးတိုးရောဂါတစ်ခုကို ကုတိုင်းကုတိုင်း ဆရာဝန်က ဘာပြောလဲဆိုတော့ သွေးတိုးသလားဆိုတာ ချိန်မယ်။ လိုရင် ထပ်ချိန်မယ်။ ပြီးရင် သွေးတိုးတယ်လို့ ပြောရင် အကြံဉာဏ်ပေးတယ်။ ဘယ်လို နေပါ ထိုင်ပါ ဒီဆေးသောက်ပါလို့ ပြောတယ်။ အိမ်မှာရယ် ဆေးခန်းမှာရယ် သွေးချိန်ပါ။ အဲဒီတော့ စသောက်ကတည်းက မေးစရာ မေးခွန်းလေးက၊ ဆရာပြောတဲ့ သွေးတိုးလု့ိ သတ်မှတ်ထားတဲ့ စံချိန်နဲ့ စပြီး သောက်တာလား။ ဒါမှမဟုတ် ခေါင်းလေးအုံလို့ ဇက်လေးထိုးလို့နဲ့ သောက်တာလားလို့ ပါနေတော့ ဆရာတော့ မသိဘူး၊ သမီးကို ပြန်မေးချင်တာက တကယ်သွေးတိုးသလား သမီးချိန်ထားသလားပေါ့။ နောက်တစ်ခု စိတ်ဝင်စားတာ တစ်ခုပါတယ်။ ၁၆ နှစ်သမီးဆိုတော့ တော်တော်အံသြသွားတယ်။ ၁၆ နှစ် သမီးတွေက သွေးတိုးတယ်ဆိုတာ ဆရာတို့ ဆေးပညာမှာ အထူးအဆန်း ဖြစ်သွားပြီ။ အဲဒီတော့ သွေးတိုးဟာ ဘယ်သူတွေ ဖြစ်သလဲဆိုတာနဲ့ ဆက်စပ်ပြီး ပြောမယ်ဆိုရင်၊ သွေးတိုးက အခုနက အချက်တွေဆိုရင် ဖြစ်တယ်။ အရေးအကြီးဆုံး အချက်တစ်ခုက အသက်နဲ့ ဆိုင်တယ်။ အသက်ကြီးလေ ဖြစ်လေ။ အသက် ၅၀ ကျော်ရင် ဆရာတို့ စပြီး သတိထားရမယ်။ ၄၀ ဆိုရင် ရပါပြီ၊ ၅၀ ဆိုရင် တိုးလာပြီ။ ဆေးပညာက ဘာပြောလဲဆိုရင် အသက် ၆၀ ကျော် လူ ၁၀၀ မှာ ၅၀ က သွေးတိုးရှိတယ်။ အသက် ၇၀ ကျော်မှာ ၇၀ လောက် သွေးတိုးဖြစ်နေပြီ။ အဓိပ္ပာယ်က အသက်ကြီးလေလေ သွေးတိုးလေလေပဲ။

မေး ။       ။ သူက ပြန်ပြောထားတယ်ဆရာ ဘာပြောလဲဆိုတော့ သွေးကျဆေး သောက်တာပါ။ သွေးပေါင်က ၁၈၀-၁၂၀ ပါတဲ့။ အဲလို ပြန်ပြောပါတယ် ခင်ဗျ။

ဖြေ - ဆရာအခုနက ပြောသလိုပဲ သွေးတိုး နှစ်မျိုး ရှိတယ်။ တစ်ခုက ၉၀ ရာခိုင်နှုန်း၊ တစ်ခုက ၁၀ ရာခိုင်နှုန်း၊ ၉၀ ရာခိုင်နှုန်းက အကြောင်းမသိသော သွေးတိုး၊ မျိုးရိုးဗီဇ အစားအသောက်နဲ့ ဆိုင်သော သွေးတိုး၊ နောက်တစ်ခုက ကိုယ်တွင်းရောဂါ၊ အဲဒီ ကိုယ်တွင်းရောဂါက ရောဂါ သိပ်မများဘူး။ တစ်ခုက ဘာလဲဆိုတော့ ကိုယ်ဝန်ဆောင်တွေမှာ တက်တာ ကိုယ်တွင်းရောဂါက ဗိုက်ကြီးတာပေါ့ ၊ ဗိုက်လည်း မကြီးရော ပြန်ကျသွားရောလေ။ နောက်တစ်ခုကတော့ ကျောက်ကပ်ရောဂါကြောင့် ဖြစ်တယ်။ နောက်တစ်ခုကတော့ သွေးကြောတွေ ကျဉ်းနေလို့ ဖြစ်တဲ့ ရောဂါ၊   နောက်တစ်ခုက   ဟော်မုန်းဓာတ်တွေ ထွက်တဲ့ ရောဂါ၊ ၁၆ နှစ် သမီးဆိုရင် အခုနက ပြောတဲ့ ပင်မ ဖြစ်တဲ့ ရောဂါ မစဉ်းစားတော့ဘူး။ အခံရောဂါကို သွားစဉ်းစားရတယ်။ အခံရောဂါ သွေးတိုးက ဘယ်လို လူတွေမှာ ဖြစ်လဲဆိုရင် ၊အငယ် သမီးလေးတွေမှာ ဖြစ်တယ်။ အသက် ၁၆၊ ၁၈၊ ၂၀ မှာ ဖြစ်တယ်။ သူတို့သည် သိပ်ကို ဆိုးတာ ထိန်းလို့ကို မရဘူး။ ဒါကြောင့်မို့လို သမီးလေးကို မှာချင်တာတော့ သမီးဟာ သာမန်လူတိုင်းဖြစ်တဲ့ သွေးတိုး မဟုတ်လောက်ဘူး။ အခံရောဂါတစ်ခု ရှိနေလောက်တယ်။ ကျောက်ကပ်သို့မဟုတ် ဟော်မုန်းနဲ့ ဆိုင်တဲ့ဟာ ဖြစ်နေနိုင်တယ်။ သမီးဟာ ကံကောင်းတယ်ဆိုရင်   သွေးတိုးဖြစ်စေတဲ့ ရောဂါကို ကုလိုက်ရင် ပြန်ကောင်းသွားစေနိုင်တယ်။ သမီးကို ဆရာ အကြံပေးလိုတာကတော့ ၁၆ နှစ်သမီးလေး ၁၈၀ -၁၂၀ ဆိုတာကတော့ ဆရာ အခုနက ပြောတဲ့ ၁၀ ရာခိုင်နှုန်း အုပ်စုထဲမှာ ပါပါတယ်။ အဲဒါကြောင့်မို့လို လိုအပ်တဲ့ ဆေးရုံပြပြီးတော့ ၊အခု ရန်ကုန်ဆေးရုံကြီးဆိုတာကလည်း ဆရာ ကြေငြာပေးပါတယ်။ လူတွေ အရမ်းများတယ်။ သို့သော် သူတို့နိုင်သလောက် ကြိုးစားနေတယ်။ ဒါမျိုးတွေဆိုရင် ရန်ကုန်ဆေးရုံကြီးတွေမှာ ပစ္စည်းကရိယာတွေလည်း တော်တော်စုံပါတယ်။ ဟော်မုန်းတွေ ဘာတွေလည်း အင်မတန် စမ်းသပ်နိုင်သွားပြီ။ ဒါကြောင့်မို့ သိပ်လည်း စရိတ်မများဘူး။ အပြင်မှာဆိုရင်တော့ တော်တော်လေး စရိတ်များမယ်။ အဲဒီမှာ သွားပြီး ပြပြီးတော့ အကြံဉာဏ်ယူသင့်တယ်လို့ ဆရာ ပြောချင်ပါတယ်။

မေး - မမိုးဆိုတဲ့ တစ်ယောက်က ဘာမေးလာလဲဆိုတော့ သွေးတက်ရင် ၂၀၀-၁၁၀ အထိ တက်နေပေမယ့် ပုံမှန်သွားလာနေလို့ ရပါတယ်။ သူများတွေ သွေးနည်းနည်းတက်တာနဲ့ မူးတာတို့ ဘာတို့ ဖြစ်တတ်လို့ပါ။ ဆရာကြီး သူကျတော့ အန္တရာယ် ရှိနိုင်လား ခင်ဗျ။

ဖြေ - သွေးတိုးလူနာ တစ်ယောက်လာရင် ဆရာတို့က ဒီလူနာဟာ ဆိုးသလား သာမန်လားဆိုတာ ဆရာ ဘာနဲ့ သတ်မှတ်လည်း ဆိုတော့ အချက် သုံးချက်ပေါ် အခြေခံ သတ်မှတ်တာ။ တစ် က ဘာလဲဆိုတော့ သွေးဘယ်လောက် တက်သလဲပေါ့။ ၁၄၀-၉၀ ကနေ ၁၆၀- ၁၀၀ လောက်ဆိုရင် သာမန်လို့ သတ်မှတ်တယ်။ ၁၈၀ အထက်ဆိုရင် ဆိုးတယ်ပေါ့နော်။ ဒါက ဆိုးတယ်ပေါ့နော်။ နောက် ဘာကို ကြည့်လဲဆိုတော့ အဲဒီသွေးတိုးနဲ့ ဘာတွေ တွဲနေလဲဆိုတာကို ကြည့်တာ ဝသလား၊ ဆေးလိပ်သောက်သလား ၊အဆီစားသလား နောက်ကျန်းမာရေးနဲ့ မညီညွတ်ဘူးလား။ ဆီးချို ရှိသလား ဒါတွေကြည့်တယ်။ နှစ်အချက် ပေါ့။ နံပါတ် သုံးအချက်က အဲဒီသွေးတိုးက ခန္ဓာကိုယ်ကို ဘယ်လောက် ဖျက်ဆီးထားပြီးပြီလဲ ကြည့်တယ်။ နှလုံးသွေးကြော ပိတ်ဘူးလား။   လေငန်းဖြတ်ဖူးလား၊   ကျောက်ကပ်ထိနေပြီလား ဒါတွေ ကြည့်တယ်။ အဲဒီ သုံးချက်။ ဒီ ဂဏန်းလေးတစ်ခုကို ကြည့်တာနဲ့ ဒါဟာ ဘယ်လောက်ဆိုးနေပြီလဲလို့ သတ်မှတ်လို့ မရပေမယ်လို့ ဒီလောက်တက်ရင်တော့ ဆိုးတဲ့အထဲ ထည့်ဖို့ သေချာသွားပြီ။ အဲဒီနေရာမှာ နည်းနည်းလေး မှားသွားတာ တစ်ခုက ဘာရှိလဲဆိုတော့ ၂၀၀- ၁၁၀ နဲ့ ပုံမှန်သွားလာနေတယ်ဆိုတာ မှားတယ်။ ဆရာတို့က သွေးပေါင်ချိန်ကို မရရအောင် ချရမှာ ဖြစ်ပါတယ်။ အဲဒါ ဘာလဲဆိုရင်တော့ ၁၄၀-၉၀ အောက် ရောက်အောင်ပေါ့။ အဲ ထိအောင် ချရမှာ ဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ဒီနေရာမှာ ဘာလိုနေသလဲလို့ ဆရာထင်တာကတော့လေ ၊ အခုနက ဆရာပြောတဲ့ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ နေထိုင်စားသောက်မှုများ လိုနေမလားပေါ့။ အငန်တွေပဲ စားနေမလားပေါ့။ လေ့ကျင့်ခန်း မလုပ်ဘူးလား။ ဆေးသောက်တာများ မမှန်ဘူးလား။ သောက်နေတဲ့ ဆေးက ကိုယ်နဲ့ သင့်တော်တဲ့ ဆေး ဟုတ်ပါ့မလား။ ဆေးတစ်မျိုး နှစ်မျိုးနဲ့ မရလို့ သုံးလေးမျိုုး သောက်နေရလား။ နောက် အခံရောဂါလေးများ ရှိနေပြီလား။ ဒါတွေ စစ်ဖို့ ကောင်းတယ်။ ဒါက တစ်ပိုင်း ၊ နောက်တစ်ပိုင်း ဒီဘက်က ပုံမှန်သွားလာနေလို့ ရတယ်လို့ ပြောတယ်။ ဆရာ နဂိုကတည်းက ပြောပြီးသားပဲ။ သွေးတိုးဆိုတာ ရောဂါ လက္ခဏာ မပြတာ။ တစ်ချို့က ထိပ်ထိ တက်ပြီးမှ ဘာမှ မဖြစ်ဘူး။ နှလုံးသွေးကြာက ဘုံးကနဲ့ဆိုမှ သိတယ်။ ကိုယ်က ဘာလုပ်နေရမလဲဆိုတော့ အဲဒီ အတက်မခံရအောင် ပုံမှန် သွေးပေါင်လေးကို ချိန်ပေးရမယ်။ သူများနဲ့ သွားယှဉ်လို့ မရဘူး။ လူပေါ်မူတည်တယ်။ တစ်ချို့က နည်းနည်းတက်တာနဲ့ ခံစား၊ တစ်ချို့က ထိပ်ထိ တက်နေတယ်။ ဒီ ထိပ်ထိ တက်ပြီး ဘာမှ မဖြစ်တဲ့သူက ပိုဆိုးတယ်။ သူက မသိဘူးလေ။ မသိတော့ အနေထိုင် မဆင်ခြင်ဘူးလေ။ မြန်မာ စကားပုံလိုပေါ့။  သတိမမူ ဂူမမြင်ပေါ့။ သတိလည်း မူလိုက်ရော ဂူကြီး လင်းသွားလိမ့်မယ်။ ဆရာ အကြံပေးပါတယ်။ တစ်ခုက နည်းနည်းလေး ပိုပြီး ချလိုက်ပါ။ အကြောင်းလေးရှာပါ။ ဆရာဝန်နဲ့ တိုင်ပင်ပါ။ နည်းနည်းတက်တာတွေနဲ့ မူးတာတွေတော့ အရေးမကြီးဘူး။ ဒါသည် စဉ်းစားတဲ့ အထဲမှာ ပါလို့ မရဘူး။ သွေးပေါင်ချိန် ၂၀၀-၁၁၀ အောက်ကို ချပါ။   ။

အပိုင်း ( ၁)ကို ကြည့်ရှုရန် - http://www.mizzimaburmese.com/article/33040

အပိုင်း ( ၂)ကို ကြည့်ရှုရန် - http://mizzimaburmese.com/article/33105

Mizzima Weekly