အနောက်ဘက်ကမ်း၌ ဒေါ်လာ ၁၀သန်းတန် ရေရရှိရေးစီမံကိန်း အမေရိကန်ဦးစီးဆောင်ရွက်

အနောက်ဘက်ကမ်း၌ ဒေါ်လာ ၁၀သန်းတန် ရေရရှိရေးစီမံကိန်း အမေရိကန်ဦးစီးဆောင်ရွက်

 

ဂျာရစ်ချို၊ အောက်တိုဘာ ၁၆ ။                   ။ အနောက်ဘက်ကမ်းမှ ဂျာရစ်ချိုဒေသရှိ ပါလက်စတိုင်းလယ်သမားများ ရေရရှိရေးအတွက်နှင့် အသုံးပြုပြီးသား ရေဆိုးရေညစ်များကို   ပြန်လည်အသုံးပြုနိုင်အောင် ဖန်တီးပေးနိုင်မည့် အမေရိကန်ဒေါ်လာ ၁၀ သန်းတန် ရေရှိရေးစီမံကိန်းတစ်ခုကို အမေရိကန်အစိုးရက တနင်္ဂနွေနေ့၌ ဦးစီးဆောင်ရွက်ခဲ့သည်။

အမေရိကန်သမ္မဒေါ်နယ်ထရမ့်၏ ထိပ်တန်းလက်ထောက်တစ်ဦးဖြစ်သော ဂျေဆန်ဂရင်းဘလက်သည် ပင်လယ်သေဒေသအနီး၌ ဖော်ဆောင်သွားမည့် ရေရရှိရေးစီမံကိန်း၏ တာဝန်ရှိသူများထဲမှ တစ်ဦးဖြစ်သည်။

ဒါ့အပြင်ဂရင်းဘလက်သည် အစ္စရေးနှင့် ပါလက်စတိုင်းလူမျိုးများ ပြန်လည်စေ့စပ်ညှိုနှိုင်းမှုများ ပြုလုပ်နိုင်ရန် ကြိုးပမ်းနေသည့် ထရမ့်၏လက်ထောက်များထဲမှ တစ်ဦးဖြစ်သည်။ အမေရိကန်အာဏာပိုင်များက ၎င်းတို့သည် ပါလက်စတိုင်းတို့၏ စီးပွားရေးနှင့်အခြေခံအဆောက်အဦးများ ဖွံ့ဖြိုးတိုးတက်လာအောင် ဖော်ဆောင်ပေးမည် ဟု ထုတ်ဖော်ပြောဆိုခဲ့ဖူးသည်။

တနင်္ဂနွေနေ့ကပြုလုပ်ခဲ့သည့် ရေရရှိရေးစီမံကိန်းအစီအစဉ်၌ ဂရင်းဘလက်သည် အိမ်ဖြူတော်မှလုပ်ဆောင် နေသည့် ငြိမ်းချမ်းရေးကြိုးပမ်းမှုနှင့်ပက်သက်၍ မည်သည့်မှတ်ချက်မှ ပြောဆိုခဲ့ခြင်းမရှိသလို အမေရိကန်တို့၏ ယခုအစီအစဉ်ကိုလည်း လေ့လာသူများက သံသယဖြစ်လျက်ရှိသည်။

ဒါ့အပြင်ပြီးခဲ့သောအပတ်က ပါလက်စတိုင်းပြိုင်ဘက်အဖွဲ့နှစ်ခုဖြစ်သော ဖာတာနှင့် ဟားမက်စ်တို့ ညီညွတ်ရေး သဘောတူညီချက်၌ လက်မှတ်ရေးထိုးခဲ့သည့်ကိစ္စနှင့်ပက်သက်၍လည်း သူက မှတ်ချက်ပေးခဲ့ခြင်းမရှိပေ။

ပါလက်စတိုင်းသမ္မတ မာမွတ်အာဘက်၏ ဖာတာအဖွဲ့သည် အနောက်ဘက်ကမ်းဒေသ၌ သြဇာအာဏာသက် ရောက်ပြီး အစ္စလာမ်မစ်လှုပ်ရှားမှုအဖွဲ့ ဟားမက်စ်က ဂါဇာကမ်းမြှောင်ဒေသ၌ သြဇာရှိသည်။

“အမေရိကန်အစိုးရအဖွဲ့နဲ့ သမ္မတကြီးထရမ့်တို့ဟာ ပါလက်စတိုင်းနှင့် အစ္စရေးလူမျိုးများကြားမှာ ရေရှည်တည် တံ့မယ့်ငြိမ်းချမ်းရေးကို ဖြစ်ပေါ်လာစေချင်ကြပါတယ်။ ငြိမ်းချမ်းရေးဖြစ်ပေါ်လာရင် စီးပွားရေးလည်းဖွံ့ဖြိုးလာပြီး အနောက်ဘက်ကမ်းနဲ့ ဂါဇာဒေသက ပါလက်စတိုင်းပြည်သူတွေအတွက် အခွင့်အရေးကောင်းတွေ ပေါ်ပေါက် လာမှာဖြစ်ပါတယ်” ဟု အမေရိကန်ကောင်စစ်ဝန် ဗိုလ်ချုပ်ကြီးဒေါ်နယ်ဘလုန်းမ်က ပြောခဲ့သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly