ရင်သားကင်ဆာ သတိရှိရေးအတွက် ခရိုအေးရှားမှာ ဒေါက်မြင့်ဖိနပ်စီး အပြေးပြိုင်ပွဲ ကျင်းပ

ရင်သားကင်ဆာ သတိရှိရေးအတွက် ခရိုအေးရှားမှာ ဒေါက်မြင့်ဖိနပ်စီး အပြေးပြိုင်ပွဲ ကျင်းပ

 

ဇာဂရက်ဘ်၊ အောက်တိုဘာ ၁၆ ။                           ။ ရင်သားကင်ဆာ သတိရှိရေးအား မြှင့်တင်ရန် ရည်ရွယ်ပြီး ခရိုအေးရှားနိုင်ငံ မြို့တော် ဇာဂရက်ဘ်က လမ်းတွေမှာ အမျိုးသမီး အပြေးသမားတွေက ဒေါက်မြင့်ဖိနပ်စီး အပြေးပြိုင်ပွဲကို ပြုလုပ်ခဲ့ပါတယ်။

ကောင်းကင်ပြာလွင်လွင်အောက်မှာ အသက် ၁၈ နှစ်ကနေ ၄၄ နှစ်ကြား ရှိကြတဲ့ အမျိုးသမိးပေါင်း ၄၀ ဝန်းကျင်က ဒေါက်မြင့်ဖိနပ်စီးအပြေးပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပါတယ်။

မီဘန်ဂျီလာစီရင်ပြင်က မီတာ ၅၀ ပြေးလမ်းကို အပြေးသမား အမျိုးသမီးတွေဟာ သုံးလက်မအောက် မရောက်တဲ့ ဒေါက်မြင့်ဖိနပ်တွေ ကိုယ်စီစီးလို့ ခြေကုန်သုတ်ပြေးကြတာ ဖြစ်ပါတယ်။

ဒီအပြေးပြိုင်ပွဲကို လမ်းသွားလမ်းလာတွေက စိတ်ဝင်စား ကြည့်ရှုကြသလို အနီးနားက အစားအစာပွဲတော်တစ်ရပ်က လူတွေလည်း လာရောက်ကြည့်ခဲ့ကြပါတယ်။

အောက်တိုဘာ ၁၄ ရက်မှာ ပြုလုပ်ခဲ့တဲ့ အဲဒီ ဒေါက်မြင့်ဖိနပ်စီးပြိုင်ပွဲမှာ အနိုင်ရသူ သုံးဦး ရှိခဲ့ပါတယ်။ အပြေးပြိုင်ပွဲမှာ လဲကျသူတစ်ဦး ရှိပေမယ့် ဆိုးဆိုးဝါးဝါး ဒဏ်ရာရတာမျိုး မရှိခဲ့ပါဘူး။

ပန်းဝင်အနိုင်ရသူဟာ ကူနာငွေ တစ်သောင်း(ယူရို ၁၃၀၀) ရရှိတာဖြစ်ပြီး အဲဒီဆုငွေရဲ့ တစ်ဝက်ကို ရင်သားကင်ဆာတိုက်ဖျက်ရေး လုပ်ဆောင်နေတဲ့ အဖွဲ့အစည်းတွေကို ပေးလှုတာ ဖြစ်ပါတယ်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly