ပျက်ကျခဲ့သည့် လေယာဉ်အပျက်အစီး ပါပူအာပြည်နယ် တွင်တွေ့ရှိဟု အင်ဒိုနီးရှား ရဲတပ်ဖွဲ့ပြောကြား

ပျက်ကျခဲ့သည့် လေယာဉ်အပျက်အစီး ပါပူအာပြည်နယ် တွင်တွေ့ရှိဟု အင်ဒိုနီးရှား ရဲတပ်ဖွဲ့ပြောကြား

ဂျာကာတာ၊ သြဂုတ် ၁၇ ။          ။ လေယာဉ်ပေါ်တွင် လူ ၅၄ ဦးလိုက်ပါသွားခဲ့သော ပျက်ကျလေယာဉ် တစ်စင်းမှဟု ယုံကြည်ရသော အပျက်အစီးအပိုင်းအစများကို ပါပူအာပြည်နယ်တွင် အင်ဒိုနီးရှား ရှာဖွေကယ်ဆယ်ရေးအဖွဲ့ တစ်ခုက တွေ့ရှိခဲ့သည်ဟု ဒေသခံရဲတပ်ဖွဲ့အကြီးအကဲက သြဂုတ် ၁၇ တွင် ပြောကြားခဲ့သည်။

Trigana Air Service ၏ လေယာဉ်မှဟု ယူဆရသည့် အပျက်အစီးကို တောထူထပ်သည့် Bintang Mountains ဒေသတွင် တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့အကြီးအကဲ ယူနွတ်ဝါလီက အန်တာရာ

သတင်းဋ္ဌာနသို့ ပြောကြားခဲ့သည်။ Oksop ရေတံခွန်အနီးတွင် အပျက်အစီးကို တွေ့ရခြင်းဖြစ်ပြီး အဆိုပါဒေသတစ်ဝိုက်သို့ ချဉ်းနင်းဝင်ရောက်ရန် ရှာဖွေကယ်ဆယ်ရေးအဖွဲ့ တစ်ခုကပြင်ဆင်မှုများပြု လုပ်နေသည်ဟုလည်း ဝါလီက ပြောကြားခဲ့သည်။

Trigana Air Service ၏ ATR 42-300 လေယာဉ်သည် သြဂုတ် ၁၆ ရက်နေ့က ပျက်ကျခဲ့ခြင်းဖြစ်ပြီး အရှေ့တောင်အာရှ၏ လေကြောင်းကပ်ဘေးများတွင် နောက်ဆုံးဖြစ်စဉ်တစ်ခုဖြစ်သည်။

ရိုက်တာ၏ မေးမြန်းချက်များကို လေကြောင်းလိုင်းအရာရှိများက ချက်ခြင်းမဖြေကြားသေးပေ။ Trigana Air Service လေကြောင်းလိုင်းသည် အန္တရာယ်ကင်းရှင်းရေးနှင့် စည်းကမ်းပိုင်းဆိုင်ရာ စိုးရိမ်မှု များကြောင့် ၂၀၀၇ခုနှစ်ကတည်းက အီးယူက ပိတ်ပင်ထားသည့် လေကြောင်းလိုင်းဖြစ်သည်။

အွန်လိုင်းအချက်အလက်ဘဏ် Aviation Safety Network တွင် ဖော်ပြထားချက်အရ ယင်းလေကြောင်းသည် ၁၉၉၁ခုနှစ် လုပ်ငန်းသတင်ကတည်းက အန္တရာယ်ဖြစ်သည့် အကြိမ် ၁၄ ကြိမ်အထိရှိသည် ဆိုသည်။ နောက်ဆုံးပျက်ကျမှုမပါဘဲ လေယာဉ် ၁၀စင်းအထိ လုံးဝပျက်စီးခဲ့သည်။

ယခုပျက်ကျမှုတွင် လူကြီးခရီးသည် ၄၄ဦး၊ ကလေးနှင့် ကလေးငယ် ငါးဦး၊ လေယာဉ်အမှုထမ်းငါးဦးတို့ ပါဝင်ခဲ့သည်။ လေယာဉ်မှာ ပါပူအာမြို့တော် ဂျာယာပူရာရှိ ဆင်တာနီလေဆိပ်မှ အော့က်ဆီဘီလ်သို့ ပျံသန်းစဉ်ပျက်ကျခဲ့ခြင်းဖြစ်သည်။ လေယာဉ်ပေါ်တွင် ပါသွားသူအားလုံးမှာ အင်ဒိုနီးရှားနိုင်ငံသားများသာ ဖြစ်သည်ဟု အမျိုးသားရှာဖွေကယ်ဆယ်ရေးအေဂျင်စီ အရာရှိတစ်ဦးက ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly