အစီရင်ခံစာဖော်ပြချက်များအတိုင်း မြန်မာအစိုးရမှ ပူးပေါင်းလုပ်ဆောင်နေဟု ဒေါက်တာကိုဖီအာနန် ပြော

အစီရင်ခံစာဖော်ပြချက်များအတိုင်း မြန်မာအစိုးရမှ ပူးပေါင်းလုပ်ဆောင်နေဟု ဒေါက်တာကိုဖီအာနန် ပြော

အောက်တိုဘာ၊ ၁၅ ။           ။ ရခိုင်ပြည်နယ်အရေးကိစ္စနှင့်ပတ်သက်ပြီး ကုလသမဂ္ဂလုံခြုံရေးကောင်စီက Arria-Formula အစည်းအဝေးကို  အောက်တိုဘာလ ၁၃ ရက်က UN တွင် ပြုလုပ်ခဲ့ပြီး  ကိုဖီအာနန်က သတင်းစာရှင်းလင်းပွဲတစ်ရပ်ပြုလုပ်ခဲ့ရာ မေးခွန်းတစ်ချို့ကို ကောက်နုတ်ဖော်ပြခြင်း ဖြစ်သည်။

ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင် ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့သည့် ယခင် ကုလသမဂ္ဂအတွင်းရေးမှူး ချုပ် ဒေါက်တာကိုဖီအာနန် တက်ရောက်၍ ရခိုင်ပြည်နယ် အခြေအနေများနှင့်ပတ်သက်ပြီး ရှင်းလင်းပြောကြား ခဲ့ခြင်း ဖြစ်ပြီး ကိုဖီအာနန်ဦးဆောင်သော ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်မှ ရခိုင်ပြည်နယ်အရေး Report တစ်ခုအား မြန်မာအစိုးရသို့ တင်သွင်းထားပြီး ဖြစ်သည်။

မေး။ ။ လုံခြုံရေးကောင်စီရဲ့ ဖြေရှင်းချက်မူကြမ်းမှာဘာတွေတွေ့နိုင်မလဲ။ ဘယ်လိုဆောင်ရွက်မှုတွေ ဘယ်လို လုပ်ထုံးလုပ်နည်းတွေကြောင့် မြန်မာပြည်က စစ်အုပ်ချုပ်သူတွေ ပူးပေါင်းဆောင်ရွက်အောင် ဆွဲဆောင်နိုင်မယ် လို့ထင်တာလဲ။ ဒီဆွေးနွေးမှုမှာ မြန်မာပြည်ကကိုယ်စားလှယ်တွေကော ဘာတွေပြောခဲ့သေးလဲ။ ကျွန်တော်တို့ သိချင်လောက်တဲ့ မှတ်ချက်လေး တစ်ခုခုကိုများ ပြောပြပေးနိုင်မလား။

ဖြေ။ ။ သူတို့ကခင်ဗျားကို ဝင်ရောက်ခွင့်မပေးတာကြောင့် ကျွန်တော် ်အဲ့ဒီမှာပြောခဲ့တဲ့ အကြောင်းအရာတွေကို အခု ခင်ဗျားတို့က ကျွန်တော့ကိုပြောပြခိုင်းစေချင်တာလား။ ဒါဆိုပြောပြပါရစေ။ ထွက်ရှိလာတဲ့ဖြေရှင်းချက်အရ ဒုက္ခသည်တွေ ဂုဏ်သိက္ခာရှိစွာ ပြန်လာနိုင်ဖို့အတွက် မြန်မာအစိုးရက အခြေအနေတွေ ဖန်တီးပေးနေပါတယ်။ လုံခြုံရေးအရ သူတို့ဟာဒုက္ခသည်စခန်းတွေကို ပြန်မလာသင့်ပါဘူး။ သူတို့ရဲ့အိမ်တွေပြန်လည် တည်ဆောက် ရာမှာ အကူအညီရသင့်ပါတယ်။ သူတို့ပညာသင်ကြားခွင့်လိုအပ်ပါတယ်။ ပြောရမယ်ဆိုရင် မြန်မာအစိုးရ၊ ရခိုင်ပြည်နယ်အစိုးရနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းတို့ အတူတကွပူးပေါင်းလုပ်ဆောင်နေတယ်လို့ ကျွန်တော်တို့ ပြောနိုင်ပါတယ်။ ကျွန်တော်တို့ ဒီနေ့ နေ့လည်ခင်းမှာလုပ်ခဲ့တဲ့   ဆွေးနွေးမှုအကြောင်း ပြန်ပြောရမယ်ဆိုရင် နိုင်ငံတကာအသိုင်းအဝိုင်းဟာ မြန်မာအစိုးရနဲ့ စေ့စပ်ညှိုနှိုင်းဖို့လုပ်နေပြီး ရခိုင်ပြည်နယ်ကော်မရှင်မှ တင်ပြခဲ့တဲ့ အစီရင်ခံစာကို အခြေခံပြီးတော့ ကျွန်တော်တို့ရဲ့အကြံပြုချက်အတိုင်း ဘုံလမ်းပြမြေပုံတစ်ခုတည်းနဲ့ ပူးပေါင်းလုပ်ဆောင်ဖို့ ကြိုးစားနေပါတယ်။ အခြေအနေတွေကိုလည်း တည်ငြိမ်အောင်ကြိုးပမ်းနေပါတယ်။ တကယ်လို့အဲ့လိုမလုပ်ဘူးဆိုရင် ကျွန်တော်တို့ဟာ ပိုမိုဆိုးရွားလာတဲ့ ပြသနာအခြေအနေကို အဲ့ဒီဒေသတစ်ခု တည်းတင်မဟုတ်ပါဘူး။နေရာတိုင်းမှာ စိုးရိမ်ရတဲ့အခြေအနေကို ကျွန်တော်တို့ကြုံတွေ့ရနိုင်ပါတယ်။

မေး။ ။ သိရသလောက် မြန်မာဘက်ကလုပ်နေတာတွေကို မရပ်တန့်သေးပါဘူး။ ခင်ဗျားမှာ အခြား ရွေးချယ်စရာနည်းလမ်း Plan B ဖြစ်ဖြစ်ရှိသေးလား။ အများသဘောဆန္ဒအကြောင်းကို ခင်ဗျားပြောခဲ့တဲ့ အချိန်မှာ တရုတ်ပြည်ရဲ့ ရပ်တည်မှုအခြေအနေအရရော ဘာတွေများ မျှော်မှန်းနိုင်လဲဗျ

ဖြေ။ ။ ရခိုင်ကော်မရှင်အစီရင်ခံစာကို ပြင်ဆင်နေတုန်းမှာပဲ အများသဘောဆန္ဒအကြောင်းကို ကျွန်တော်ပြောခဲ့ ဖူးပါတယ်။ ကျွန်တော်ရဲ့အစီရင်ခံစာကို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ သမ္မတကြီးကို ပေးခဲ့တဲ့အချိန်မှာ ဖူးပါတယ်။ ကျွန်တော်တို့ ဒီအလုပ်ကိုလုပ်ဖို့ တစ်နှစ်အချိန်အတိုင်းအတာရရှိခဲ့ပါတယ်လို့ ပြောခဲ့ပါတယ်။ ဒီအစီရင်ခံစာကို ဖူးပါတယ်။ ကျွန်တော်တို့တင်ပြလိုက်တဲ့အချိန်မှာပဲ ဖူးပါတယ်။ ကျွန်တော်တို့ရဲ့ကဏ္ဍ ပြီးသွားပြီလို့ ပြောခဲ့ပါတယ်။ ဒါကြောင့် ဖူးပါတယ်။ ကျွန်တော့်ဆီမှာ Plan B မရှိပါဘူး။ သူတို့အကြံဉာဏ် လိုအပ်ရင် ဖူးပါတယ်။ ကျွန်တော်ပေးနိုင်တယ်လို့ ပြောခဲ့ပါတယ်။ သူတို့ အနေနဲ့ အကြံဉာဏ်လိုအပ်တဲ့အချိန် ကျရင် အခါအားလျော်စွာ အဆက်အသွယ်လုပ်မယ်လို့ ဒေါ်အောင်ဆန်းစုကြည်ကလည်း ပြောခဲ့ပါတယ်။ အရေးအကြီးဆုံးအချက်က Plan B အကြောင်းကိုပြောတဲ့အခါမှာ အခြေခံကျတဲ့အကြောင်းရင်း ကို ကိုင်တွယ်ဖြေရှင်းနိုင်မယ့် အခြား Plan B ရှိတယ်လို့ ဖူးပါတယ်။ ကျွန်တော် မယူဆပါဘူး။ ဖူးပါတယ်။ ကျွန်တော်တို့ရှေ့ဆက်သွားပြီးတော့ အစီရင်ခံစာအတိုင်း သေချာအကောင်အထည်ဖော်နိုင်မယ်ဆိုရင် ပြသနာရဲ့အခြေခံကျတဲ့ အကြောင်းရင်းကို ကိုင်တွယ်ဖြေရှင်းနိုင်မှာပါ။ ပြီးတော့ အခါအားလျော်စွာ ပေါ်ပေါက်လာတဲ့ ဒီလိုမျိုးအကြမ်းဖက်ကိစ္စတွေ ထပ်မဖြစ်နိုင်တော့အောင် လုပ်ဆောင်လို့ရပါတယ်။

မေး။ ။ စစ်သွေးကြွအကြမ်းဖက်အဖွဲ့အင်အား ကြီးမားလာတာနဲ့ပတ်သက်လို့ ပြောပြပေးနိုင်မလား။ သူတိုရဲ့ လုပ်ရပ်တွေကြောင့် အခုလိုအခြေအနေတွေ ဖြစ်ပေါ်လာတယ်လို့ ကျွန်မတို့သိထားပါတယ်။ ညီမျှမှုမရှိတဲ့ တုံ့ပြန်မှုတွေနဲ့ ပြန်လည်တုံ့ပြန်တာကိုလည်း သိထားပါတယ်။ ဒီအကြမ်းဖက်သမားတွေဟာ မြန်မာအစိုးရ အတွက် ဘယ်လိုခြိမ်းခြောက်မှုတွေ ပေးနိုင်တယ်လို့ ရှင်ထင်မြင်ပါသလဲ။ ဒီအခြေအနေမှာ မြန်မာအစိုးရနဲ့ အကြမ်းဖက်သမားတွေကြားမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေနဲ့ပက်သက်လို့ ပြောပြပေးနိုင်မလား။

ဖြေ။ ။ ကျွန်တော် သိထားသလောက်ကို ပြောရရင်တော့ အကြမ်းဖက်မှုကိစ္စတွေ အားလုံးနီးပါးရပ်တန့်သွားပြီး တော့ အခြေအနေငြိမ်သက်လာပါပြီ။ ဒါပေမယ့် ဒါဟာ မြန်မာအစိုးရဘက်က စစ်ဆင်ရေးတွေရပ်တန့်လိုက်တဲ့ အချိန်မှာ တစ်ဦးချင်းအနေနဲ့၊ ဒါမှမဟုတ် အခြားအဖွဲ့တစ်ခုခုဟာ လက်ဦးမှုရယူခြင်းမရှိတော့ဘူးလို့ ဆိုလိုတာ မဟုတ်ပါဘူး။ ဒါပေမယ့် ကျွန်တော်တို့ကိုပြောပြထားတဲ့ အချက်အလက်တွေအရဆိုရင် တပ်က လုပ်ဆောင်နေ တဲ့ တိုက်ခိုက်မှုတွေအားလုံးကို ရပ်တန့်လိုက်ပါပြီ။ သို့သော်လည်း ယင်းဒေသမှ အစုလိုက်အပြုံလိုက်ထွက်ခွာမှု တွေကတော့ ဆက်လက်ဖြစ်ပွားနေဆဲပါပဲ။ ခင်ဗျားမေးတဲ့မေးခွန်းက ဆက်စပ်မှုရှိပါတယ်။ တပ်က တိုက်ခိုက်မှုတွေ ရပ်တန့်လိုက်တယ်ဆိုရင် သူတို့ဘာလို့ထွက်ပြေးနေသေးလဲ။ ဘယ်အရာတွေက သူတို့ထွက်ပြေးအောင် လုပ်ဆောင်နေလဲ။ အစာရေစာငတ်မွတ်မှုကြောင့်လား၊ အခြားအကြမ်းဖက်အဖွဲ့တွေရဲ့ လုပ်ရပ်တွေကြောင့်လား၊ နောက်ထပ်ခံရမယ့်သူက သူတို့ဖြစ်မယ်ထင်လို့   ကြောက်ပြီးထွက်ပြေးတာလား၊ ဒါမှမဟုတ် လူအားလုံးထွက်ခွာ သွားတဲ့ အရပ်ဒေသမှာ တစ်ကိုယ်တည်းသီးခြားမနေချင်တာကြောင့်လား၊ ကုန်သွယ်မှု၊စီးပွားရေးကိစ္စတွေ မလုပ်နိုင်တော့တာကြောင့်လား။ ဖြစ်နိုင်တာတွေကတော့ အများကြီးပါပဲ။ ဒါပေမယ့် ကျွန်တော် တကယ့်ကို သေချာ မသိပါဘူး။ သို့သော်လည်း တပ်ရဲ့တိုက်ခိုက်မှုတွေ ရပ်တန့်သွားပါပြီ လို့ မြန်မာပြည်က ဝန်ကြီးက ထပ်ခါတလဲလဲ ပြောကြားခဲ့ပါတယ်။ ဒါကြောင့် တိုက်ခိုက်မှုတွေ ရပ်တန့်သွားပါပြီ လို့ ပြောလို့ရပါတယ်။

ဒေါက်တာ ကိုဖီအာနန်အပြင် ပြည်ထောင်စုအစိုးရအဖွဲ့၏ အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ် ဦးသောင်းထွန်းက ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၏ Arria Formula အစည်းအဝေးတွင် မြန်မာနိုင်ငံအခြေအနေနှင့် ပတ်သက်၍ ရှင်းလင်း ပြောကြားခဲ့သေးသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly