မြန်မာနိုင်ငံ ပထမဆုံး အွန်လိုင်းစျေးဝယ်မှု စိတ်ဝင်စားသူများပြား

မြန်မာနိုင်ငံ ပထမဆုံး အွန်လိုင်းစျေးဝယ်မှု စိတ်ဝင်စားသူများပြား

သြဂုတ် ၁၇ ရက် ။          ။ မြန်မာနိုင်ငံတွင် ပထမဆုံးဖြစ်သည့် အွန်လိုင်းပေါ်က လက်ကားရောင်းချခြင်း ဈေးကွက်ဖြစ်သည့် Kaymu ကို အကြိုစမ်းသပ်လုပ်ဆောင်မှု ဆယ်ရက်အတွင်း ဝင်ရောက် ကြည့်ရှုသူပေါင်း ၃၀,၀၀၀ ကျော်ရှိခဲ့ရာ မြန်မာ အီး-ကုန်သွယ်ရေး Myanmar's e-commerce အတွက် အနာဂတ်လမ်းပွင့်ခဲ့သည်။

မြန်မာနိုင်ငံမှ အရောင်းကုန်ပစ္စည်းကတ်တလောက်များကို သြဂုတ် ၁၁ တွင် တရားဝင်ဖော်ပြကာ မြန်မာ့ အွန်လိုင်းလက်ကားဈေးကွက် စတင်ပြီး မြန်မာနိုင်ငံအတွင်းသာမက နိုင်ငံရပ်ခြားရှိ ရောင်းသူ ဝယ်သူများကြားကို ချိတ်ဆက်ပေးသည့် အွန်လိုင်းဈေးအရောင်းအဝယ်ဈေးကွက်ကို စတင်လုပ်ဆောင်လိုက်ခြင်းဖြစ်သည်။

မြန်မာအွန်လိုင်းဈေးကွက်ကို အွန်လိုင်းဈေးကွက်ပလက်ဖောင်းတစ်ခုဖြစ်သည့် www.kaymu.com.mm ၏ အစိတ်အပိုင်းတစ်ခုအဖြစ် ဆောင်ရွက်လာခြင်းဖြစ်သည်။

ယင်းပလက်ဖောင်းသည် လွန်ခဲ့သည့် ၁၈ လကမှ စတင်ခဲ့ခြင်းဖြစ်သော်လည်း ဈေးကွက်တွင်းသို့ လာရောက်ဝင်ကြည့်သူပေါင်းမှာ တစ်လလျှင် ၂၀-၃၀ ရာခိုင်နှုန်း တိုးတက်လျက်ရှိသည်ကို တွေ့ရသည်။

အဆိုပါ အွန်လိုင်းဈေးကွက် Kaymu သည် ထွန်းသစ်စနိုင်ငံများတွင် ထိပ်တန်းစာရင်းဝင် အွန်လိုင်းဈေးဝယ် ဝန်ဆောင်မှုဖြစ်လာသည့် ဂုဏ်တစ်ရပ်ကို ဆောင်ကြဉ်းထားနိုင်သည်ဟုဆိုသည်။ ဌာနေမန်နေဂျာ မတ်လန်ဂါက "ကျွန်တော်တို့ ဝန်ဆောင်မှုဈေးကွက်က ပြီးခဲ့တဲ့ လတွေအတွင်း သိသိသာသာ အလွန်တိုးတက်လာခဲ့တာတွေ့ရတယ်။" ဟု ပြောသည်။

Kaymu အွန်လိုင်းဈေးကွက်ပေါ်တွင် လာရောက်ရောင်းချသူပေါင်း ကမ္ဘာအနှံ့ဆိုလျှင် တစ်သိန်းကျော်ရှိပြီး ယင်းအနက် မြန်မာနိုင်ငံမှ အရောင်းသမားများမှာ ၅,၀၀၀ ခန့်ရှိကြောင်း ခန့်မှန်းရသည်။

"ကျွန်တော်တို့ရဲ့ အွန်လိုင်းဈေးကွက် ပလက်ဖောင်းတစ်ခုလုံးမှာဆိုရင် မြန်မာနိုင်ငံက ဝင်ကြည့်တဲ့သူတွေက ၂၀,၀၀,၀၀ ရှိပြီး အရေအတွက် တော်တော်များများကို ကိုယ်စားပြုပါတယ်။" ဟု ၎င်းကပြော သည်။ လက်ရှိတွင် အွန်လိုင်းလက်ကားဈေးကွက်တွင် ထုတ်ကုန်ပစ္စည်းပေါင်း ၁၀၀၀ ကျော်ထက်မနည်းကို တင်ထားပြီးဖြစ်သည်။

တယ်လီနောနှင့် အော်ရီဒူး ဖုန်းအော်ပရေတာများ ဝင်ရောက်လာခြင်းကြောင့်လည်း မြန်မာ့အွန်လိုင်းဈေးဝယ်မှု ဝန်ဆောင်မှုကို ပိုမိုတိုးတက်စေကြောင်းလည်း လန်ဂါက ပြောသည်။

အွန်လိုင်းကုန်ပစ္စည်းအရောင်းအဝယ်သည် ရောင်းသူနှင့် ဝယ်သူနှစ်ဖက်စလုံးအတွက် အကျိုးရှိစေသည်။ အွန်လိုင်းလက်ကားအရောင်းစာရင်းကတ်တလောက်က ကုန်ထုတ်လုပ်ငန်းရှင် များအတွက် လည်းဖောက်သည်သစ်များ ရှာဖွေရလွယ်စေမည်လည်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags