သွေးတိုးရောဂါအကြောင်း မေးခွန်းရှိနေပြီလား (အပိုင်း ၂)

သွေးတိုးရောဂါအကြောင်း မေးခွန်းရှိနေပြီလား (အပိုင်း ၂)

သမားတော်ကြီးဒေါက်တာဦးနေဝင်းက 4R Health Talk အစီအစဉ်ရဲ့ တိုက်ရိုက်ဖြေကြားမှု အပိုင်း( ၂ )

 

မေး။   ။ အဲတော့ ဆရာကြီးခင်ဗျာ။ အခုပြောသွားတာကတော့ ဆိုးကျိုးပေါ့နော်။ သွေးတိုးရောဂါဆိုတော့ ဒါ ဆိုးကျိုးဖြစ်တာပေါ့နော်။ အဲတော့ ကျွန်တော်တို့က Do and Don't  ဘာလုပ်သင့်တယ်ဘာမလုပ်သင့်ဘူးဆိုတာလေးကိုလည်းဆရာကြီးအနေနဲ့ ပြောပြပေးပါဦး။

ဖြေ။   ။ အဲတော့ ဒီမေးခွန်းလေးကတော့ နည်းနည်းရှည်တယ်။ အဲဒါလေးကို ကျွန်တော် နည်းနည်းချုံ့ပြီးတော့ ဖြေပါ့မယ်။ Do and Don't ဆိုတာဘယ်အပေါ်မှာအခြေခံလဲဆိုတော့ သူတို့ ဘာကြောင့် ဖြစ်သလဲဆိုတာအပေါ်မှာအခြေသွားခံတာပေါ့။ လွယ်လွယ်ပြောမယ်ဆိုရင် အုပ်စုနှစ်စုရှိတယ်။ တစ်ခုကတော့ ကိုယ်ထဲမှာအခံရောဂါတစ်ခုရှိလို့   ဖြစ်လာတဲ့ သွေးတိုးလို့   ခေါ်တယ်။ နောက်တစ်ခုကဘာလဲဆိုတော့ သူကစဖြစ်တဲ့ဟာပေါ့။ အဲဒီအထဲမှာသူကဖြစ်တဲ့ဟာက ၉၀ ရာခိုင်နှုန်းရှိတယ်။ လူတစ်ယောက်လာတယ် သွေးတိုးတယ် သိပ်မစဉ်းစားဘူး သူကစတဲ့ဟာကို စဉ်းစားတယ်။ အဲတော့ ဘာလို့စတာလဲဆိုတဲ့ မေးခွန်းပါတော့ တစ်အချက်ကတော့ မျိုးရိုးဗီဇပေါ့။ နောက်တစ်ခုကတော့ လူနေမှုပုံစံပေါ့။ ကျန်းမာသောလူနေမှုပုံစံနဲ့ မနေလို့ ဖြစ်တာပေါ့။ အဲဒီကျန်းမာတဲ့ နေထိုင်မှုပုံစံနဲ့မနေလို့ရှိရင် ဘယ်လိုဖြစ်လဲဆိုတော့ ကူးစက်ခြင်းကြောင့် မဟုတ်သောရောဂါများလို့ ခေါ်တယ်။ အဲဒီအထဲမှာဘာပါလဲဆိုတော့ သွေးတိုးပါတယ်။ ဆီးချိုပါတယ်။ အဆီများတာပါတယ်။ အဝလွန်တာပါတယ်။ အဲတော့ ပြန်ချုံ့ပြီးတော့ ပြောရမယ်ဆိုရင် တစ်ခုကတော့ မျိုးရိုးဗီဇနောက်တစ်ခုကတော့ လူနေမှုပုံစံ၊ ဘယ်လိုဟာမျိုးတွေက Life Style လဲဆိုတော့ အလွယ်ဆုံးမေးခွန်းကတော့ အစားအသောက် ကျန်းမာရေးနဲ့ မညီညွတ်လို့ အနေအထိုင် ကျန်းမာရေးနဲ့ မညီညွတ်လို့၊ စိတ်နေသဘောထားကျန်းမာရေးနဲ့ မညီညွတ်လို့ဆိုပြီးသုံးခုပြန်ထွက်လာတယ်။ အစားအသောက် ကျန်းမာရေးနဲ့ မညီညွတ်ဘူးဆိုတာကတော့ လွယ်လွယ်ပြောကြကြေးဆိုရင် ကျွန်တော်တို့ ဘာပြောရလဲဆိုတော့ တစ်ကတော့ အဆီသိပ်မစားပါနဲ့ဆိုတာပေါ့။ အဆီကတကယ်လိုတယ်လေသိပ်မစားပါနဲ့ပေါ့။ စားရင် ဘာလိုလဲဆိုတော့ ဟင်းသီးဟင်းရွက်ဆီ၊ ပဲဆီ၊ နှမ်းဆီ၊ တိရိစ္ဆာန်ဆီမစာပါနဲ့ ကြက်ဥ၊ ဘဲဥ အနှစ်တွေ စားအုန်းဆီတွေ၊ ဝက်သားတွေ မစားပါနဲ့။ ပြီးရင် ကစီဓာတ် မြန်မာလူမျိုးကထမင်းကြိုက်တယ်။ ထမင်းကိုအဝစားတယ်။ သုံးပုကန်လောက်စားတယ်။ အဲဒါလည်း ကျွန်တော်တို့ မြန်မာနိုင်ငံအတွက် တွက်မယ်ဆိုရင်တော့ ပြင်ရမယ့်အထဲမှာပါတယ်။ Energy လိုတော့ စားမှာပဲစားတော့ ဘာလိုလဲဆိုတော့ အတိုင်းအဆနဲ့လိုတယ်။ စားတော့အများကြီးအလုပ်တော့မလုပ်ဘူးအိပ်နေမယ် ထိုင်နေမယ်ဆိုရင်တော့ မကောင်းဘူးပေါ့။ နောက်တစ်ခုက မြန်မာလူမျိုးမကြိုက်တဲ့ဟာပေါ့။ အဲဒါကဘာလဲဆိုတော့ ဟင်းသီးဟင်းရွက်နဲပသစ်သီးဝလံပေါ့။ အသက်ကြီးလာရင်တော့ကြိုက်တယ်။ ခပ်ငယ်ငယ်ကလေးတွေဆိုရင်တော့ ကျွေးလို့ကိုမရဘူး။ ဒါတွေကမိဘတွေ တာဝန်ရှိတယ်။ နောက်ပီးအစားအသောက်ထဲမှာကျန်သွားတာကအရက်ပေါ့။ အရက်ကတော့ ကျန်းမာရေးကြောင့် သောက်တယ်ဘာတယ်ပြောတယ်။ ကျွန်တော်ကတော့ လုံးဝသဘောမကျဘူး။ ဘာဖြစ်လို့လဲဆိုတော့ သူက Limit လုပ်ဖို့ကခက်တယ်။ နောက်တစ်ခုက ကျွန်တော် နေထိုင်မှုပုံစံလို့ပြောတယ်။ အဲဒါကဘာလဲဆိုတော့ နှစ်မျိုးရှိတယ်။ Exercise ပါတယ်။ အဲဒါကဘာလဲဆိုတော့ နေ့စဉ်ပုံမှန်သတ်မှတ်ပြီးတော့ အချိန်မှန်မှန် အခြေခံကျကျ တစ်ကိုယ်လုံးပါသွားအောင် လှုပ်ရှားမှုလုပ်တာကို Exercise လို့ခေါ်တယ်။ မနက်ကိုထပြီးတော့ လမ်းလျှောက်တယ်။ နာရီဝတ်လျှောက်တယ် ၄၅ မိနစ်လျှောက်တယ်။ နောက်တစ်ခုက Physical Activity ဆိုတာကတချို့ဆိုရင် ရုံးမှာထိုင်ပြီးတော့ တစ်နေကုန် အလုပ်လုပ်တယ်။ အဲလိုအလုပ်မျိုးပေါ့ နောက်ပြီးအိမ်မှာထိုင်ပြီးဘေးမှာစားစရာတွေမှာ ၂၄ နာရီပတ်လုံး ၁၂ နာရီလောက် ထိုင်ကြည့်နေတာမျိုးတွေကို Physical Activity လို့ခေါ်တယ်။ အဲဒါမျိုးတွေကို ပြင်ရမယ်ပေါ့။ အဲဒါတွေကြောင့် ဖြစ်တယ်ပေါ့။

နံပါတ်သုံးကတော့ ဆေးလိပ်ပေါ့။ ဆေးလိပ်ကတော့ ပြောစရာကိုမလိုတာပေါ့နော်။ သွေးတိုးနဲ့လည်းဆိုင်တယ်။ ဆီးချိုနဲ့လည်းဆိုင်တယ်။ နှလုံးသွေးကြောနဲ့လည်းဆိုင်တယ် ဒါကတော့ ဆေးလိပ်ပေါ့။ နောက်တစ်ခုကစိတ်နေသဘောထားပေ့ါ။ ခေတ်ကြီးကတိုးတက်နေတဲ့အတွက် အပြိုင်အဆိုင်ခေတ် ဖြစ်နေတဲ့အခါကျတော့ အဲဒီအပြိုင်အဆိုင်ခေတ်ထဲမှာဘာတွေပါနေကြလဲဆိုတော့ ဒေါသတွေ၊ လောဘတွေ၊ မောဟတွေ ပြိုင်တာတွေ၊ ဆိုင်တာတွေ၊ ဆုံးရံံံHHIiံhှုံးတာတွေ ဒါတွေလည်းပါလာတဲ့အတွက်ကြောင့် ဒါတွေကလည်းထိခိုက်လာနိုင်တယ်။ ဒါတွေကို ပြန်လုပ်မယ်ဆိုရင်တော့ နည်းပါးအောင်လုပ်တဲ့နည်းတွေ ရှိတာပေါ့။ အဲတော့ သွေးတိုးဘာကြောင့် တိုးပါသလဲဆိုတော့ ဒါကြောင့် တိုးပါတယ်။ အဲဒီလိုဆိုရင် ဘာလုပ်မလဲသွေးတိုးမဖြစ်အောင် ဖြစ်ရင် ကာကွယ်အောင် ဖြစ်ရင် ပိုမဆိုးအောင် ဖြစ်ရင် နောက်ဆက်တွဲမဝင်အောင် ဒါတွေပဲ ပြန်ပြင်ရတာပေါ့။ တစ်ခုကမျိုးရိုးဗီဇရှိတယ်။ တစ်ခုကပတ်ဝန်းကျင်။ မိမိလုပ်တာရှိတယ် တခြားသူလုပ်တာရှိတယ် ဘယ်ဟာအရေးကြီးလဲဆိုတာကိုယ်လုပ်တာကကျန်းမာတဲ့ နေထိုင်မှုပုံစံသာမှန်ကန်မယ်ဆိုရင် မျိုးရိုးဗီဇကိုဖယ်ရှားလို့ရတယ်။ ကျွန်တော်တို့ဆီကိုလာရင် ဆီးချိုရှိတယ်၊ အဖေကဆီးချိုရှိတယ် အမှန်ကတော့ သူစားလို့ဖြစ်တာ။ အဖေရှိတာကနည်းနည်း။ သူစားတာက ၁ ပိဿလောက်ရှိတယ်။ အဲတော့ ဒါလေးကိုလည်းသိစေချင်တယ်။ မျိုးရိုးရှိတာနဲ့ပဲလက်လျော့ပြီးတော့ ငါကတော့ ဖြစ်မှာပဲဆိုပြီးတော့ တွက်လို့တော့မရဘူး။ ပိုဂရုစိုက်ရမယ်။ ပိုမဖြစ်အောင် လုပ်ရမယ်။ ဆရာဦးမျိုးသန့် မေးတဲ့မွေးခွန်းမှာသွေးနဲ့ပတ်သက်လို့ ဘာကြောင့်ဖြစ်တယ် ဘယ်လိုမျိုးဆင်ခြင်ရမလဲဆိုတာကိုတော့ တစ်စိတ်တစ်ဒေသဖြေပေးတာပါ။

မေး။   ။ ဟုတ်ကဲ့ပါ။ ကျေးဇူးတင်ပါတယ်။ နောက်တစ်ခုကလေသွေးတိုးတယ် သွေးတိုးတယ်ပြောပြီးတော့ အငံလျော့စားဆိုတာကရောအဲဒီအယူအဆကရောမှန်သလား။

ဖြေ။   ။ ခုနက ကျွန်တော်ပြောတဲ့အထဲမှာပါပါတယ်။ ပါသွားတယ်မဟုတ်ဘူး။ မပါသွားတာ။ အဲဒီအထဲမှာ ကျွန်တော် သုံးပိုင်းပြောတဲ့အထဲမှာတစ်ခုကသွေးတိုးနဲ့ပတ်သက်ပြီးတော့ ပြောမယ်ဆိုရင် အငံပေါ့။ အငံဆိုတာဘာလဲဆိုတော့ ဆေးပညာအရ Sodium Chloride လို့ခေါ်တယ်။ လျှာပေါ်ကိုတင်လိုက်ရင် ငံတယ်ပေါ။ လူတစ်ယောက်ရဲ့ တစ်နေ့တစ်နေ့ကိုဘယ်လောက်လိုသလဲဆိုရင် လက်ဖက်ရည်ဇွန်းတစ်ဇွန်းစာလောက်လိုတယ်။ ဒါက မြင်နိုင်တဲ့ ဆားတွေပေါ့။ ကျွန်တော်တို့ မမြင်နိုင်တဲ့ ဆားတွေလည်းရှိသေးတယ်။ အသားထဲမှာပါတဲ့ဆားရှိတယ်။ ဟင်းသီးဟင်းရွက်ထဲမှာပါတဲ့ ဆားရှိတယ်။ ဒါတွေကိုပါ ထည့်တွက်ရင် ဒီထက်ပိုတယ်။ အဲတော့ WHO က ဘာသတ်မှတ်ထားလဲဆိုရင် လူတစ်ယောက်ရဲ့ အစားသင့်ဆုံးသောအစာကတော့ (ဝ.၅)ပေါ့။ မြန်မာတွေ ဘယ်လောက်စားနေသလဲဆိုရင် ၂၀၀၄ လောက်က ၈.၅ ဂရမ်လို့ပြောတယ်။ အဲတော့ ဘာတွေဖြစ်နေလဲဆိုတော့ ဒါတွေက ကျွန်တော်တို့ကကုရမယ့်အထဲမှာပါနေတယ်ပေါ့နော်။ အဲတော့ အငံဆိုတာကဆားပုလင်းကိုစာပွဲအပေါ်မှာတင်ပြီးတော့ စားတာပဲထင်တယ်။ တကယ်တမ်းကျတော့ အဲဒီမှာစားတာထက် ပိုပါနေတာတွေကဘာတွေလဲဆိုတော့ တစ်ကတော့ ကြာရှည်ခံအောင်လုပ်ထားတဲ့ ဝက်အူချောင်းတို့၊ ဆက်သားခြောက်တို့၊ အဲဒါတွေအကုန်လုံးကခံအောင်လို့ အငံနဲ့လုပ်ထားတာ။ နောက်တစ်ခုက ကျွန်တော်တို့ အချဉ်တွေ ဂတက်ချဉ်တို့၊ ကင်ချီတို့ အဲဒါတွေကလည်းအငံပါနေတယ်။ နောက်ပြီးတော့ ဗူးနဲ့လာတဲ့ဟာတွေ ဆိုလိုတာကတော့ ဆားတော့မထည့်ဘူးဆားလျော့ခက်တယ် ဒီဟာတွေ အများကြီးစားလို့ရှိရင်လည်းပဲသူသည် အငံစားတာအများဆုံးဖြစ်တယ်။

မေး။   ။ အဲတော့ မဇ္ဈိမပရိသတ်တွေ မေးထားတဲ့ မေးခွန်းတွေကိုဖြေကြားပေးဖို့ အလှည့်ကျပါပြီ။ ကျွန်တော်မေးခွန်းတွေ နည်းနည်းများသွားတဲ့အတွက်လည်းတောင်းပန်ပါတယ်။ နောက်ထပ်လည်းမေးခွန်းတွေ မေးမြန်းနိုင်ပါတယ်။ အဲတော့ ကျွန်တော် ပထမဆုံးတစ်ယောက်ကိုမေးပေးပါမယ်။ မေးခွန်းလေးကတော့ တိုပါတယ်။ ကိုသီဟမေးထားတာပါ။ သူမေးထားတာကတော့ သွေးတိုးရောဂါကိုကုသလို့ လုံးဝပျောက်ကင်းနိုင်ပါသလားလို့ မေးထားပါတယ်ခင်ဗျာ။

ဖြေ။   ။ ကျေးဇူးတင်ပါတယ် ဒီမေးခွန်းကိုမေးတာ။ သွေးတိုးရောဂါကလုံးဝပျောက်ကင်းနိုင်သလားလို့ မေးလို့ရှိရင် အကြမ်းမျဉ်းယေဘုယျသဘောပြောမယ်ဆိုရင် လုံးဝမပျောက်ကင်းပါဘူး။ ဒါ ယေဘုယျ အဖြေပဲပေါ့နော်။ အဲတော့ အဲဒီနောက်ဆက်တွဲကိုဘာပြန်ဖြေချင်သလဲဆိုတော့ ဘာလုပ်ရမလဲမပျောက်လို့ရှိရင်တော့ စကားတစ်ခုရှိတယ် အဲဒါ ဘာလဲဆိုတော့ သွေးကျအောင် ထိန်းရပါမယ်။ ဘယ်လောက်ထိထိန်းရမလဲဆိုရင် တစ်သက်လုံးထိန်းရပါမယ်။ ဘယ်လိုထိန်းရမလဲဆိုတော့ ခုနကပြောတဲ့ ကျန်းမာအောင် စားသောက်ရမယ်။ နေထိုင်မယ် ဆေးကိုပုံမှန်သောက်မယ်ဆိုရင်ပေါ့။ ထိန်းတယ်ဆိုတာဘာကိုပြောတာလဲလို့ဆိုရင် သွေးပေါင်ချိန်က ၁၄၀၊ ၉၀ အောက်ရောက်အောင် ထိန်းရမယ်။ ဒါတောင်မှ ကျွန်တော်တို့ ဆေးပညာမှာဘယ်လိုလူမျိုးဘယ်လိုမှဆိုတာရှိပါသေးတယ်။ ဒါပေမယ့် ကျွန်တော် ယေဘုယျလို့ဆိုတော့ ယေဘုမရတာရှိသေးတယ်။ အဲဒါဘာလဲဆိုတော့ ကျွန်တော် ခုနကနိဒါန်းပြောခဲ့တယ် ရာခိုင်နှုန်းနည်းနည်းကကျန်တဲ့ရောဂါကြောင့်ဖြစ်တာ။ ဥပမာတစ်ခုပြောရမယ်ဆိုရင် ကျောက်ကပ်ကိုသွားနေတဲ့ သွေးကြောကကျဉ်းနေလို့ သွေးတိုးတာကိုအဲဒီကျောက်ကပ် သွေးကြောကိုချဲ့လိုက်ရင် သွေးပေါင်ချိန် ကျသွားတယ်။ ပျောက်သွားရော။ တစ်ချို့ကကျတော့ ဟော်မုန်းထွက်တာတွေ များပြီးတော့ သွေးတိုးတာတွေရှိတယ်။ ဥပမာကျောက်ကပ်အပေါ်မှာရှိတဲ့ အကြိတ်ကလေးရှိတယ်။ အဲဒီအထဲကဓာတ်တွေထွက်လို့ရှိရင် သွေးတိုးတယ်။ အဲလိုဆိုရင် ဆရာတို့ကမှန်းလို့ရတယ်။ ဆေးပညာတွေကမှန်းလို့ရတယ်၊ စစ်လို့ရတယ်၊ သက်သေပြလို့ရတယ်။ သက်သေပြဖို့ အဲဒီအလုံးလေးကိုဖယ်လိုက်ရင် ပျောက်သွားတယ်။ ဒါကြောင့်မို့ ခုနက နှစ်ပိုင်းခွဲပြောပါတယ်။ ပျောက်ကင်းနိုင်ပါသလားယေဘုယျ လုံးဝမပျောက်ကင်းနိုင်ပါ။ တစ်သက်လုံးဆေးသောက်ရမယ် အနေအထိုင်ဆင်ခြင်ရမယ်။ ပျောက်ကင်းနိုင်တာရှားရှားပါးပါးရှိပါတယ်။ အဲဒါမျိုးဆိုရင်တော့ ဆရာဝန်ကထင်တာကိုဆက်ပြီးတော့ ရှာပြီးတော့ ပျောက်အောင် ကုပေးပါလိမ့်မယ်။

မေး။   ။ ကျေးဇူးတင်ပါတယ်။ နောက်တစ်ယောက်ကိုအလှည့်ပေးပါမယ်။ ကိုလူသစ် မေးထားတာပါ။ သူကတော့ ဘာမေးထားလဲဆိုတော့ ဆရာကြီးခုနကပြောသွားတဲ့အထဲမှာတစ်စိတ်တစ်ပိုင်းပါပါတယ်။ သွေးတိုးတကိုဘယ်လိုထိန်းမလဲဆိုရင် အနေအထိုင်ရယ် ဆေးကိုပုံမှန်သောက်ရမယ်ပေါ့နော်။ ကိုလူသစ်ကတော့ သွေးပေါင်ကျဆေးသောက်နေရတဲ့ သဘောရှိပါတယ်။ အမြဲသောက်တယ်ဆိုရင်တော့ ဘေးထွက်ဆိုးကျိုးရှိနိုင်သလားလို့ မေးထားတာပါ။

ဖြေ။   ။ အဲတော့ သွေးကျဆေးတွေသည် သွေးပေါင်ချိန် ကျစေတဲ့အတွက်ကြောင့် သွေးတိုးရဲ့ နောက်ဆက်တွဲကိုကာကွယ်တဲ့အတွက်ကြောင့် အဖြေကလုံးဝဘေးထွက်ဆိုးကျိုးမရှိပါဘူး။ အနောက်တိုင်းဆေးပညာတွေမှာဒီဆေးတစ်ခုကိုလူသားတွေ သုံးဖို့ဆိုပြီးတော့ ဆရာတို့ကအဆင့်တွေ သတ်မှတ်ပြီးတော့မှ သုံးတာ ဖြစ်တဲ့အတွက်ကြောင့်မို့ လူပေါင်းသိန်းနဲ့ သန်းနဲ့ချီပြီးတော့မှ ဒီဆေးသည် ရေတိုရေရှည် ပြဿနာတွေ ရှိပြီလားလို့ သုံးသတ်ပြီးမှ ဆေးဖြစ်တဲ့အတွက်ကြောင့် ယုံကြည်စိတ်ချစွာသုံးလို့ရတယ်။ သို့သော် .....သို့သော်ဆိုတာဘာလဲဆိုတော့ ဒီဆေးကိုသောက်လို့ ဘေးထွက်ဆိုးကျိုးကြီး ဖြစ်သွားတာမဟုတ်ပေမယ့်လို့ ဆေးတစ်ခုစီမှာတော့ ဘေးထွက်ဆိုးကျိုးလေးတွေ ရှိနိုင်တယ်။ ရှိနိုင်တယ်လို့ ပြောတယ်ပေါ့ လူတိုင်းတော့ မဟုတ်ဘူးပေါ့။ ပြန်ချုပ်ပြီတော့ ပြောရမယ်ဆိုရင် ဒီမေးခွန်းကမေးသင့်တယ်။ သွေးတိုးကျဆေးသောက်လို့တော့ ဘာမှမဖြစ်ဘူး။ နှစ်ပေါင်းများစွာတစ်သက်လုံးမှန်မှန်သောက်ပါ။ တကယ်လို့ ဘေးထွက်ဆိုးကျိုး ဖြစ်တယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ပါ။ ဆရာဝန်ကဆေးတွေ ပြောင်းသင့်ရင်ပြောင်းမယ်။ လျော့သင့်ရင်လျော့မယ်။ ဆေးကြောင့်လားဆိုတာရှင်းပြပါလိမ့်မယ်။

မေး။   ။ ကျေးဇူးတင်ပါတယ်။ နောက် မေးထားတဲ့မေးခွန်းတွေကတော့ ကျွန်တေ်ာတို့ ခုနကမေးသွားတဲ့ မေးခွန်းတွေပါပဲ။ ကိုလင်းခန့်ကိုရယ် ဦးအောင်ဇော်မြင့်ရယ် ပြီးရင် ဦးမင်းလွင်ဦးတို့ မေးထားတဲ့ မေးခွန်းတွေ ဖြစ်ပါတယ်။ သူတို့မေးထားတာကိုချုံပြီးတော့ ပြောမယ်ဆိုရင် သူတို့ကဘယ်လိုနေထိုင်သင့်သလဲဘယ်လိုအစားအစာတွေ စားသုံးသင့်သလဲဆိုတာကိုမေးထားတာပါ။ ခုနကတော့ဆရာကြီးပြောခဲ့ပြီးပြီ။ ဆရာကြီးအနေနဲ့ ထပ်ပြီးတော့ ဖြည့်ပြောချင်တာများရှိရင် ပြောပေးပါဦးခင်ဗျ။

ဖြေ။   ။ ခုနက ကျွန်တော်ပြောတာကတော့ General ပေါ့နော်။ အဲတော့ ပြန်ပြီးတော့ မှတ်မိသွားအောင်ပဲပြောရမလားနည်းနည်းလေး ကျွန်တော် ချုံ့ပြီးတော့ ပြောလိုက်ပါ့မယ်။ နံပါတ်တစ် ဆေးလိပ်သောက်ရင် ဆေးလိပ်ဖြတ်ပါ။ ဆေးလိပ်ကိုလျော့မသောက်ပါနဲ့။ လျော့မသောက်ပါနဲ့လို့ပြောတာဘာဖြစ်လို့လဲဆိုတော့ လျော့သောက်တဲ့သူကလည်းသူ့ရဲ့ ဘေးထွက်ဆိုးကျိုး ဖြစ်မှာဖြစ်တဲ့အတွက် ဖြစ်မှာပဲ။ နံပါတ်နှစ်ကတော့ လေးကျင့်ခန်းပုံမှန်လုပ်ပါ။ လေးကျင့်ခန်းဆိုတာကGym မှာသွားပြီးတော့ အချိန်တွေပေးပြီးလုပ်စရာတော့မလိုဘူး။ ဆေးပညာအရဆိုရင် ကိုယ့်ကို အန္တရာယ်မရှိတဲ့အရာဥပမာအားဖြင့် တစ်နေရာမှာပေါ့ တစ်နေ့ကိုနာရီဝက်လောက် ၄၅ မိနစ်အထိပေါ့ အမြန်လေးလမ်းလျှောက်ရင်တောင်မှ လုံလောက်တယ်။ တစ်ပတ်လုံးမအားရင်တောင်မှ တစ်ပတ်မှာ ၅ ရက်လောက်ဆိုရင် လုံလောက်တယ်။ နံပါတ်သုံးအစားအသောက် ဆင်ခြင်ပါ။ အဲဒီအစားအသောက် ဆင်ခြင်ပါဆိုတဲ့အထဲမှာခုနကပြောတာပါသွားပြီ။ဘာလဲဆိုတော့ ကျွန်တေ်ာလွယ်လွယ်ပြောပြီးပါပြီ။ အသီးအရွက်ဆီတွေကိုလျော့စားပါ။ ပါရုံလေးပေါ့။ ဆိုကြပါစို့ ဟင်းချက်တယ်ဆိုရင်တောင် ဒီဘက်ကရေလုံပြုတ် ဒီဘက်ကဆီနဲ့ရေနဲ့ ဒီဘက်ကဆီပြန် ဒီဘက်ကအကြော် ဘယ်ဘယ်ကိုဦးတည်မှာလဲဆိုတော့ ကြော်တာကတစ်ခုမှ မကောင်းဘူး။ ဒုတိယကဘာလဲဆိုတော့ ဆီပြန် တစ်ခါတစ်လေပေါ့။ တတိယကဆီနဲ့ရေရေလုံပြုတ်တော့ မစားနဲ့ဦးပေါ့။ ဆီလျော့ပြီးတော့ ဆီနဲ့ရေကိုစားမယ်။ အကြော်တွေ ဘာလို့ မစားခိုင်းလဲဆိုတော့ အကြော်တွေက ကျွန်တော်တို့ စားနေတယ် ဘယ်ယာကျော်၊ စမူဆာကြော် စတဲ့အကြော်တွေက မြန်မာလူမျိုးကအင်မတန် စည်းစနစ်ကျတယ်ပြောမလားမသိဘူး။ ဆီတစ်ခုကိုအကြော်ဆီဆိုရင် သက်သက်လေးဖယ်ထားတယ်။ အင်မတန်မှားတာ။ ဒီအဆီတစ်ခုကအပူးပေးရင် သူ့ရဲ့ပုံစံကပြောင်းသွားတယ်။ ပဲဆီပဲသုံးသုံး၊ နှမ်းဆီပဲသုံးသုံးသူသည် အဆီပြောင်းသွားတယ်။ အဲဒါဆိုကတော့ ပြောင်းလဲဆီလို့ခေါ်တယ် အဲဒါကဘယ်လောက်အန္တရာယ်ရှိလဲဆိုရင် ခုနကပြောတဲ့ ဝက်ဆီထက်တောင် အန္တရာယ်ရှိတယ်။ ဒါကြောင့်မို့ တစ်ခါကြော်ပြီးသိမ်းထားနောက်တစ်ခါကြော်လို့ရှိရင် ဆီပြောင်းလဲမှုတွေကပိုပိုများလာတော့ ဆီကမဲလေလေမဲလေလေ အန္တရာယ်ကြီးလေလေပဲ။ ဒါကြောင့်မို့ ကြော်တာသည် ဆီဆိမ့်ဝင်ပြီးတော့ ဆီများတာကတစ်ပိုင်းနောက်တစ်ဖက်မှာကပြောင်းလဲသွားတာကတစ်ပိုင်းအဲဒီနှစ်ပိုင်းကြားမှာလုံးဝမစားသင့်ဘူး။ ဒါပေမယ့် တစ်ခါတစ်လေ့တော့ စားပါ။ ကျွန်တော်လည်းစားပါတယ်။ နောက်တစ်ခုကတော့ အငံပေါ့။ အငံကတော့ တော်တော်ခက်သားပဲ။ မြန်မာကအငံကြိုက်တယ် ဆားပေါ့ရင်တောင် မစားနိုင်ဘူး။ ကျွန်တေ်ာတို့ အရင်တုန်းကလည်းပဲဦးဖိုးကျားဝတ္ထုထဲမှာပါတယ်။ ရေနွေးပူပူထဲကိုဆားလေးထည့်လိုက်ရင်တောင် ဟင်းချိုလုပ်သောက်လို့ရတယ်။ အဲဒီသဘောရှိတယ်ဆိုတော့လေ။ တကယ်တော့ ကိုယ်ကအငံကိုလျော့တဲ့အကျင့် လုပ်ပြီးအစာပိုလေးများစားတဲ့အကျင် တည်ဆောက်ထားရင် အဲဒါဆိုရင် အငံကိုစားလို့ကိုမရတော့ဘူး။ အဲဒါကိုတော့ ကျင့်ယူရမှာပေါ့။ နောက်တစ်ခုကတော့ ထမင်းပေါ့။ ထမင်းကတော့ကျွန်တော် မပြောလိုပါဘူး။ မြန်မာလူမျိုးတွေကထမင်းကိုအားပြုတဲ့အတွက်ကြောင့်မိုလို့ စားပေါ့။ ဒါပေမယ့် စားသလိုပဲအလုပ်ပါလုပ်ပေါ့။ စားပြီးအိပ်လို့တော့ မရဘူး။ ဒါလေးတော့ ကျွန်တော် ပြောချင်တယ်။ နောက်တစ်ခုကတော့ အပြိုင်အဆိုင်ခေတ်မှာစိတ်ထားတက်ဖို့တော့ လိုပါတယ်။ ဒါလေးကိုထားတက်ရင် ခုနကပြောတဲ့ ကာကွယ်တာ၊ ကုသတာ၊ ထိန်းရမှာပေါ့။

အပိုင်း ( ၁)ကို ကြည့်ရှုရန် - http://www.mizzimaburmese.com/article/33040

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly