သဘောင်္ပင် စိုက်ပျိုးရေး အပိုင်း(၁)

14 October 2017
သဘောင်္ပင် စိုက်ပျိုးရေး အပိုင်း(၁)

                    

သဘောၤပင်ရဲ့ မူရင်းနိုင်ငံတွေကတော့ မက္ကစီကိုနဲ့ ပီရူးနိုင်ငံတွေကပဲ ဖြစ်ပါတယ်။ သဘောၤပင်ဟာ ပူအိုက်စွက်စိုတဲ့ ရာသီဥတုကို ကြိုက်နှစ်သက်ပြီးတော့ မိုးအလွန်များခြင်း ရေဝပ်ခြင်းတွေကိုတော့ မနှစ်သက်ပါဘူး။ မြေအမျိုးမျိုးမှာလည်း စိုက်ပျိုးလို့ရနိုင်ပါတယ်။ သဘောၤကို စိုက်ပျိုးတဲ့အခါမှာ အပင်ပုပုနဲ့ အသီးသီးဖို့အတွက်ကတော့ အရေးကြီးတဲ့ အချက်ပဲဖြစ်ပါတယ်။ အပင်ရှည်ရှည်နဲ့ အသီးသီးမယ်ဆိုရင်တော့ သီးနှုန်း နည်းတဲ့အပြင် အသီးတွေကလည်း သေးတက်ပါတယ်။

သဘောၤပင် အပင်ပုရေးအတွက်ကတော့ အပင်စိုက်ပျိုးတဲ့အချိန်က အဓိကကျပါတယ်။ မိုးတွင်းမျာ စိုက်ပျိုးသင့်သလို အလင်းရောင်အား နည်းတဲ့အချိန်မှာတော့ အပင်ရဲ့ အဆစ်ကြားတွေက ရှည်ပြီးတော့ အရပ်ရှည်တက်ကြသလို အလင်းအား ပြင်းတဲ့အချိန်မှာတော့ အဆစ်ကြားတွေ တိုပြီး အပင်ပုတယ်လို့ ဆိုတက်ကြပါတယ်။ သဘောၤပင်ကတော့ ၆ လကနေ ၈ လကြားမှာ ပန်းတွေပွင့်ပြီးတော့ ၂ လအကြာမျာတော့ အသီးတွေက ရင့်မှည့်တက်ပါတယ်။ ဒါကြောင့် မိုးနှောင်းပိုင်းမှာ စိုက်ပျိုးမယ်ဆိုရင်တော့ နွေအလွန်မှာ အပွင့်အသီးတွေ ဖြစ်ပြီးတော့ ဆောင်းအဝင် တန်ဆောင်မုန်းလလောက်မှာ အသီးလှိုင်လှိုင် ဖြစ်မှာ ဖြစ်ပါတယ်။

သဘောၤပင်ကို စိုက်ပျိုးတဲ့အခါမှာတော့ အစေ့ကို တိုက်ရိုက်ချ၍ဖြစ်စေ၊ ပျိုးပင်ပေါက်ကိုဖြစ်စေ၊ စိုက်ပျိုးနိုင်ပါတယ်။

အပင်ငယ်စဉ်မှာတော့ အပင်ကို သေချာစွာ ဂရုစိုက်ပေးဖို့ လိုအပ်ပါတယ်။ အခြောက်လှန်းထားတဲ့ သဘောၤစေ့တွေကို စိုက်ပျိုးမယ်ဆိုရင်တော့ ၃ နာရီ ၄ နာရီခန့် ရေစိမ်ပြီးမှ စိုက်ပျိုးသင့်ပါတယ်။ အစေ့ကနေ အရင်ပေါက်လာတဲ့အပင် သန်စွမ်းတဲ့ အပင်တွေကတော့ အမပင်တွေဖြစ်ပြီးတော့ အမပင်တွေကတော့ အပင်တွေတုပ်ပြီးတော့ တောင့်တင်းသန်မာပါတယ်။ အနည်းငယ် မဖွံ့ဖြိုးမှုနဲတဲ့အပင်တွေကတော့ အဖိုပင်တွေပဲ ဖြစ်ပါတယ်။ စိုက်ခင်းတွေမှာတော့ သဘောၤအမပင် ၃၀ မှာ အဖိုတစ်ပင်ကို ကြားထည့်ပြီး စိုက်ပျိုးရမှာပဲ ဖြစ်ပါတယ်။

ပျိုးပင်တွေကို စိုက်ပျိုးတော့မယ်ဆိုရင်တော့ ပျိုးပင် တစ်လခွဲသား အမြင့် ၆ လက်မ ဒါမှမဟုတ်ရင်တော့ ၅ လက်မ ရှိလာပြီဆိုရင်တော့ စိုက်ခင်းကို ပြောင်းရွှေ့ စိုက်ပျိုးနိုင်ပြီပဲ ဖြစ်ပါတယ်။ စိုက်ကျင်း တစ်ကျင်းနဲ့တစ်ကျင်းကိုတော့ ၇ ပေ ဒါမှမဟုတ်ရင် ၈ ပေအကွာခန့် တြိဂံပုံစံစနစ်နဲ့ စိုက်ပျိုးပေးရမှာလည်း ဖြစ်ပါတယ်။

ဆက်လက်ဖော်ပြပါမည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly